Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လောကနီတိ(ကျွန်တော်သိသလောက်ပါ)

$
0
0

လောကနိတိ(၃)

ပျင်းသောသူသည် အတက်ပညာမရနိုင်၊အတက်ပညာမရှိသူသည် ဥစ္စာမရနိုင်၊ဥစ္စာမရှိသူသည် မိတ်ဆွေမရနိုင်၊မိတ်ဆွေမရှိသူသည်ချမ်းသာသုခမရနိုင်...

လောကနိတိ(၄)

အတက်ပညာ နှင့်တူသော ဥစ္စာမရှိနိုင်၊အတက်ပညာကို ခိုးသူတို့ မခိုးမယူနိုင်

လောကနိတိ(၆)

သေးသိမ်နည်းပါးသော အသိပညာ၊အတက်ပညာဟူရ်ျ မရှိ။ ကျွမ်းကျင်အောင်တက်မြှောက်ပါက အသက်မွေးဝမ်းကြောင်းမူဖြစ်နိုင်၏။

လောကနိတိ(၇)

တောင်တိုင်း တွင် ပတ္တမြားမရှိ ၊ ဆင်တိုင်း တွင် အမြုတေမရှိ၊ တောတိုင်း တွင် စန္ဒကူးမရှိ ၊ နေရာတိုင်း တွင် ပညာမရှိ။

လောကနိတိ(၈)

အကြားမြင်လိုလားရှာ မှီသူသည် အကြားမြင်ပြည့်စုံသော ပညာရှိရာအရပ်ကို ကြိုးစားသွားရောက်သင့်သည်..။

လောကနိတိ(၁၂)

ပညာရှိသည် မမေးသော် စည်းကြီးသဖွယ်စိတ်ငြိမ်၏ ၊မေးသော် မိုးကြီးသဖွယ် ခြိမ့်ခြိမ့် သည်းသည်းဖြေဆို၏ ။လူမိုက်သည်မေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ အခါခပ်သိမ်းများစွာဖြေဆိုတက်၏။

လောကနိတိ(၁၄)

ရေ၏ အနက် ကို ကြာရိုးကြာဆွယ် ကိုကြည့်ရ်ျ ၊ အမျိုးမြတ် မမြတ်ကို ကိုယ်-နူတ်အမူရာကိုကြည့်ကာ၊ ပညာရှိမရှိ ကို ဆိုသောစကားနဲ့မြင်ကာ၊ မြေကောင်း မကောင်းကို မြတ်ညှိး ၊မညှိုး ကြည့်ကာ သိနိုင်၏။

လောကနိတိ(၁၅)

အကြားမြင်နည်းသူ သည် နည်းနည်းသိ သမျှ ကိုပင် အများဟုထင်ကာပြောတက်သည်..။

သမုဒ္ဒရာ ကိုမမြင်ဖူသော ဖားငယ် သည် တွင်း ၌ရှိသောရေကို များလှသည်ဟုထင်မှတ်သည်..။

လောကနိတိ(၁၆)

ပထမအရွယ် အတက်ပညာ၊ဒုတိယ အရွယ်တွင် ပစ္စည်ဥစ္စာ ၊ တတိယအရွယ်တွင် ကုသိုလ်မရခဲ့ရင် စုတ္ထအရွယ်တိုင်မှ အဘယ်ကို ပြုသင့်သနည်း။

လောကနိတိ(၁၇)

အသိပညာ၊ အတက်ပညာ တို့ကို သင်ကြားကြလော့။ အဘယ်ကြောင့် ပျင်းရိနေကြသနည်း။

 အသိပညာ အတက်ပညာမရှိက သူများ နောက်လိုက် ၀န်ထမ်းဖြစ်တက်၏။နေတိုင်း သင်ယူလော့

လောကနိတိ(၁၈)

ငယ်စဉ် အတက်ပညာ မိဘသည် သားသမီးတို့ ၏ ရန်သူမည်၏။

လောကနိတိ(၁၉)

တောတောင်မှ ဆူးသည် မည်သူသည်ချွန် ကာထက်သနည်း...

သမင်း မျက်စိသည် မည်သူက မျက်စင်း ခတ်ကာ ကြည်လင်သနည်း..

ညွန်၌ ပေါက်သော ကြာသည် မည်သူထည့်ကာ ရနံမွှေးသနည်း...

အမျိုးသား ကောင်းတို့၏ သဘောကို မည်သူပြုပြင်သနည်း...။

အရာ အားလုံးသည် အလိုလျောက်သာ ဖြစ်ကုန်၏။

လောကနိတိ(၂၀)

ထုံမပါသော ကွမ်း၊ ဆားမပါသော ဟင်း၊ ဥစ္စမရှိသူ ၏ အဆင်အယဉ်၊ပညာမရှိသူ ဖွဲ့ ဆိုသော အလင်္ကာတို့သည် အရသာမရှိနိုင်..။

လောကနိတိ (၂၁)

နားကြား မှတ်သားခြင်းကြောင့် သုတနှင့် ပြည့်ဆုံ၏။ သုတ ကြောင့်ပညာတိုးပွား ၏ ။ ပညာဖြင့် အနက်အဓိပယ်ကိုသိ၏။

သိလာသော အနက်အဓိပယ်ကြောင့် ချမ်းသာကို ရ၏။

လောကနိတိ(၂၂)

အစားစားခြင်း၊ မေထုန်မှီဝဲ ခြင်း ၊ အိပ်ခြင်းတို့သည်....နွား နှင့် လူတွင် အတူတူသာဖြစ်၏။

 အတက်ပညာသာ လူ၏တူလေးတည်း ။ အတက်ပညာ ချို့ တဲ့ပါက လူနှင့် နွား ထပ်တူပင်ဖြစ်သည်..။

လောကနိတိ(၂၃)

လောက၌ အတက်ပညာ နှင့်တူသော မိတ်ဆွေမရှိ။ အနာ ရောဂါ နှင့် တူသော ရန်သူမရှိ ၊ မိမိကိုယ် နှင့် ထပ်တူ ဖြစ်သောချစ်သူဟူ ရ်ျမရှိ၊ လုပ်အားနှင့်တူသောစွမ်းအားဟူရ်ျမရှိ..။

လောကနိတိ(၂၄)

ကျီးတို့အလယ် ၌ ဟင်္သာသည်မတင့်တယ်...။နွားတို့ အလယ်၌ ခြင်္သေ့ သည် မတင့်တယ်..။ မြည်းတို့ အလယ် ၌ မြင်းသည် မတင့်တယ်..။

လူမိုက်တို့ အလယ်၌ ပညာရှိ သည်မတင့်တယ်....။ ကျန်ရှိနေသော လောကနီတိ ဆက်လေ့လာ ကြိုးစားတင်စက်ပါဦမည်...

 ထိုစာကို ဖတ်ြပီး  အကျိုးရှိလို့ ကျေဇူးတင်ချင်ရင်တော့ေ၇ှးပညာရှိအမတ်ကြီးတွေကို ကျေဇူးတင်ပါတော့နော်........။ ရဲရင့်ခေါင်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>