Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မျှော်လင့်ချက် ဆိုတာဟာ...။

$
0
0

 မျှော်လင့်ချက်ကို အဓိပယ်အမျိုးမျိုးနှင့် ဖွင့်ဆိုကြ၏။

(ကြေကွဲ ၀မ်းနည်းမူရဲ့ ဇိဝကဟာ မျှော်လင့်ချက်)

(မျှော်လင့်ချက် ဟာ အိပ်မက် များကို အသက်သွင်းနိုင်သူဖြစ်တယ်..)

(ခံစားချက် များကို မျှော်လင့်ချက်က ဆေးကြောပစ်နိုင်တယ်..)

ကွဲအက်နေတဲ့ နှလုံးသားကို ဆက်စပ်ပေးနိုင်သူဟာ မျှော်လင့်ချက်

 ဗွက်ထဲကို ကျနေတဲ့ စိတ်ဓါတ်ကို ပလ္လင်ပေါ်တင်ပေးနိုင်တာ မျှော်လင့်ချက်

 မျှော်လင့်ချက်ဟာ အထွေထွေ အရပ်ရပ် ရောဂါ များကို ကုစားပေးနိုင်တဲ့ ပထမဆရာကြီးဖြစ်တယ်...

 

   ထိုကြောင့် ဘယ်နေရာကိုပဲေ၇ာက်ရောက် မျှော်လင့်ချက် ကို မပစ်ချလိုက်ပါနဲ့ ။ မျှော်လင့်ချက်ကို အမြဲစွဲကိုင်ထားလျှင် သင့်အား ထိပ်တန်း တွင်တွေ့မြင်ရမည်ဖြစ်၏။

    တစ်ခါက ပုရွတ်ဆိတ်နှစ်ကောင်ဟာ နို့ခွက်တစ်ခုကို တွေ့တာနဲ့ အငမ်းမရ သောက်ကြရာက နှစ်ကောင်စလုံး နို့ ခွက်ထဲ လိမ့်ကျသွားတယ်.....။ ထိုအခါ ပု၇ွက်ဆိတ် နှစ်ကောင် သည် နို့ခွက်ထဲ တွင် ကူးခတ်နေရတယ်..။ခွက် အနားသို့ရောက်သော်လည်း မိမိတို့ကိုယ်ကလည်း နို့များစိုရွှဲနေ ၊ခွက်ကလည်းမက်စောက်နေရ်ျ တွယ်တက်ရန် မစွမ်းနိုင်ဘဲ ရှိနေ၏။ အတန်းကြာ ကူးခပ်ရသောအခါ  နှစ်ကောင် လုံလက်ပန်ကျလာသည်..။ထိုကြောင့်တစ်ကောင်က မိမိတို့တွင်မျှော်လင့်ချက်မရှိတော့သဖြင့် လက်လျှော့ချင်လာ၏။ တစ်ကောင်ကတော့မျှော်လင့်ချက်ကို ထားရှိပြီး

ဆက်ကူးရန်ဖျောင်းဖျသည်။ ထိုကြောင့်ဆက်ကူးပြန်ရာ အတော်လေးကြတော့ တစ်ကောင်င မိမိဆက်မကူးနိုင်တော့ ကြောင်း၊

ဘာမျှော်လင့်ချက်မှလည်းမရှိတော့ကြောင်း ပြောကာ လက်လျှော့လိုက်၏။ လက်လျှော့ ပြီးခဏအတွင်းမှာပင် ထိုပုရွက်ဆိတ်သေလေ၏။

    ကျန်တစ်ကောင်ကမူ ဆက်ကာကူး၏။ မိမိ ရှိသမျှ အင်းအားကို ထုတ်ကာဆက်ကူးသည်။ သူလည်းလက်ပန်းကျလာသည်။သို့သော် စိတ်ဓါတ်ကာမကျ ဆက်ကူးနေသည်..။ဆက်ကာကူးနေရင်း နို့ရည်များအချဉ်ပေါက်လာသည်။ ထိုကိုသတိထားမိကာ ဆက်ကူးနေသည်..။ နောက်ဆုံးခဲလာသောနို့ခဲပေါ်ကိုတက်ကာ အသက်ချမ်းသာရာ ရခဲ့သည်...။မျှော်လင့်ချက်ကို မလျှော့ပါနှင့်။ ပြေလည်မူသည် တစ်နေရာရာက ပေါ်ပေါက်လာတက်ပါသည်..။

   ဂျူးတွေရဲ့ေ၇ှးပုံပြင်သည် လဲမှတ်သားဖွယ်ရာတစ်ခုပင်ဖြစ်နေသည်....။

တစ်ခါက ဘုရင်တစ်ဦး ကို ပုဂ္ဂိုလ်တစ်ဦးက စိတ်ဆိုးအောင်လုပ်သဖြင့် သေဒဏ်ချမှတ်ခံရသည်..။ ထိုအခါ ထိုပုဂ္ဂိုလ်က

အရှင်မင်းကြီးကျွန်တော် အား တစ်နှစ်ချမ်းသာခွင့်ပေးပါ..။ ထိုသို့ပေးပါက အရှင်ဘုရား၏ အုံခွံရောင်မြင်းကြီးကို မိုးပေါ်ပျံတက်နိုင် အောင် ကျွန်တော် မျိုးလုပ်ပေးပါ့မယ် လို့ လျောက်တယ်...။ အေး ဒီလိုဆို သင်ပေး။ တစ်နှစ်ပြည့်လို့ မှ ငါ့မြင်းကြီး မီုးပေါ်ပျံမတက်နိုင် ရင်မင်း အသေပဲလို့ မိန့်ဆိုခဲ့တယ်...။

   ဒီတော့ သူနဲ့အကျဉ်းကျတဲ့အဖော်တွေက( ဘာလဲ မင်းသေရမှာကြောကိလို့ရူးသွားတာလာ..၊ဘယ်လိုလုပ် မင်းက မြင်းကိုပျံအောင်လုပ်နိုင်မှာလဲ ပြောကြတယ်...)

   ထိုအခါ ပုဂ္ဂိုလ်က...

တစ်နှစ်ဆိုတဲ့ အချိန်မှာ င့ါအတွက်မျှော်လင့်ချက်တွေရှိနိုင်တယ်ကွ။ တစ်နှစ်အတွင်းမှာ ဘုရင်ကြီးလည်း နတ်ရွာစံ နီုင်တယ်..။ဒါမှမဟုတ်သူ့ အုံခွံ ရောင်မြင်းကြီးလည်းသေ သွားနိုင်တယ်။တစ်နှစ် အတွင်း ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမပြောနိုင် ဘူး..။

   ဂျူးလူမျိုး ပုံပြင်ထဲက ပုဂ္ဂိုလ်ဟာ တစ်နှစ်အတွင်း အုံခွံရောင်မြင်းကြီး မိုးပေါ်မပျံနိုင် ဘူးဆိုတာဘယ်သူပြောမလဲဆိုတဲ့ မျှော်လင့်ချက် က အလွန်စွမ်းအားကောင်း သည့် မျှော်လင့်ချက်ဖြစ်၏။

    ထိုကြောင့် ပန်းတိုင် သို့သွားရာတွင် မျှော်လင့်ချက် ကိုဘယ်တော့မှ လက်မလျှော့ပါနှင့် ။ စိတ်ဓါတ်ကြံ့ခိုင်မူသည် အလွန်မှအရေးကြီးသည်..။သတ္တိရှိရမည်..။မျှော်လင့်ချက်ကို သတ္တိနှင့် တွဲကာ မွေးမြူရမည်ဖြစ်သည်..သူငယ်ချင်း အားလုံး  မျှော်လင့်ချက်ကို မြဲမြဲ...ကိုင်ဆောင်ထားကြပါလို့  

                                                                                                ။ ရဲရင့်ခေါင် ။

                                                                                      ချစ်သူမြို့တော် မန်ဘာအပေါင်း ပျော်ရွင်ပါစေ ခင်ဗျာ....။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>