ကျွန်တော် ကိုယ်တိုင်လည်း အကြိမ်ကြိမ် မေးမြန်းဖူးတယ် ။ အကြိမ်ကြိမ် ဖြေကြည့်ဖူးတယ် ။ အခုလည်း အများ ကို (သယ်ရင်းများ ၊အကိုများ ၊အမများ ၊ ညီမများ ၊ညီများ ) မေးမြန်းကြည့်ချင်ပါသေးတယ် ခင်ဗျ ။ မေးခွန်းကတော့ မေးရတာ လွယ်တယ်ခင်ဗျ ။အဖြေကတော့ တော်တော် ကို ခက်ခဲမယ်ထင်တယ် ။ဘာလို့ လဲဆိုတော့ ပြီးပြည့်စုံတဲ့ အဖြေ မဖြစ်မှာ စိုးလို့ ပါ ။ မေးခွန်းကတော့ မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကို သင် ဘာကြောင့် ကြည်ညိုလေးစား တန်ဖိုးထားပြီး ချစ်မြတ်နိုးရပါသလဲ ဆိုတဲ့ မေးခွန်းလေးပါ ။ကျွန်တော် ကိုယ်ပိုင် အမြင်နဲ့ အဖြေကတော့ - ကျွန်တော်တို့  ခေါင်းဆောင်က ကိုယ်ကျိုးစွန့် အနစ်နာခံတတ်တဲ့ အကျင့်လည်းရှိတယ် .။ ရဲရင့်တယ် ပြတ်သားတယ် သတ္တိရှိတယ် ကိုယ်ကျိုးကို ဘယ်တုန်းကမှ မကြည့်ခဲ့ဘူး တိုင်းပြည်နဲ့လူမျိုး အကျိုးကို ပဲ ကြည့်ခဲ့တယ် ။စွန့်လွတ်စွံ့ စားခဲ့တယ် ။ လူပီသတဲ့ စိတ်ဓာတ်လည်းရှိတယ် ။လူလို ကျင့်တယ် ။ စာနာတတ်သော နှလုံးသား လည်း ပိုင်ဆိုင်တယ် ။ စသဖြင့် အချက်ပေါင်း များစွာ ကြောင့် ကျွန်တော် ဗိုလ်ချုပ်ကို လေးစားတန်ဖိုးထားရပါတယ် ။ထို အတိုင်း ပါပဲ ... ဗိုလ်ချုပ် သမီး အမေစုကို လည်း ချစ်တယ် လေးစားတယ် တန်ဖိုးထားတယ် ။ ကိုယ်ကျိုး မရှာ ပြည်သူ့ အကျိုးကို သာ ရှာ ၊ နိုင်ငံနှင့် လူမျိုး အတွက် အသက်ကို ပေးဆပ်ထားတဲ့ ဗိုလ်ချုပ်တို့  သား အဖ ကို ချစ်ခင်မိရပါတယ် ။ ညီအကို မောင်နှမ အားလုံးတို့  လည်း ဘာကြောင့်လေးစား တန်ဖိုးထား ချစ်ခင်ရပါသလဲ ဆိုတာကို ပြောပြ ပေးကြပါလို့  တောင်းပန်ချင်ပါတယ် ။ကျွန်တော်တို့  လူတစ်ဦးချင်း ရဲ့ အမြင် များ အားလုံးနဲ့ ဗိုလ်ချုပ်တို့  သားအဖ ရဲ့ ဂုဏ် သတင်း အပြည့် အစုံ အား ဖော်ပြပေးချင်ပါတယ်။
↧