ကမ္ဘာ့ပညာရှင်များ၏ ဗုဒ္ဓဘာသာအပေါ် အမြင်(တတိယပိုင်း)
ဆန့် ကျင်ဘက်အားဖြင့် ဗုဒ္ဓဘာသာတရားတော်သည် တွေးခေါ်ပုံနည်းစနစ်တစ်ခု၊ ဘာသာတစ်ရပ်၊ နာမ်ပိုင်းသိပ္ပံပညာတစ်ရပ်ဖြစ်သည့်အပြင်
ဘ၀တစ်သတ်စာနေနည်း ထိုင်နည်းနိဿရည်း တစ်ခုဖြစ်၏။ ယင်းသည် ယုတ္တိတန်၏ လက်တွေ့ ကျ၏။ အားလုံးခြုံငုံမိ၏။
နှစ်ပေါင်း(၂၅၀၀)ကျော်ကြာ လူသားမျိုးနွယ် သုံးပုံနီးပါမျှတို့ ၏ စိတ်ပိုင်းလိုအပ်ချက်ကို ကျေနပ်ရောင့်ရဲစေခဲ့ပါပြီ။
အနောက်တိုင်းကို အကြိုက်တွေ့ စေ၏။ မိမိကိုယ်ကို မိမိ အားကိုးဖို့ ထပ်တလဲလဲ သတိပေး၏။ သူတပါး၏ ရှုံ့ချ (အရှုအမြင်) ကိုသည်းခံမှုဖြင့်ထပ်ဆင့်ထား၏။
သိပ္ပံပညာ၊ ဘာသာရေး၊ ဒဿနိကဗေဒ၊ စိတ္တဗေဒ၊ စာရိတ္တပညာနှင့် အနုပညာတို့ ကိုပါ လွှမ်းခြုံထား၏။ လူတစ်ဦးတည်းကိုသာ လက်ရှိ သူ့ ဘ၀၏
ဖန်ဆင်းရှင်အဖြစ် နှင့် တစ်ဦးတည်းသော ကောင်းကျိုးဆိုးပြစ် ဖန်တီးသူအဖြစ် ဗုဒ္ဓဘာသာကညွှန်ပြထား၏။ (ခရစ္စမာ့ ဟန်ဖရေး)
=======================================================================================================
ကမ္ဘာစိတ်ပိုင်းယဉ်ကျေးမှုနဲ့ စစ်မှန်သော ရုပ်ပိုင်းယဉ်ကျေးမှုတို့ တိုးတက်ထွန်းကာလာရေးအတွက် သြဇာအာဏာထက် ဗုဒ္ဓဘာသာတရားတော်ကပို၍လုပ်ဆောင်ထားပါပြီ။ (အိပ်ခ်ျဂျီဝဲလ်)
========================================================================================================
ခေတ်သစ်သိပ္ပံပညာရှင်၏ လိုအပ်ချက်များနှင့် ရင်ဆိုင်ယှဉ်ပြိုင်မည့် ဘာသာတစ်ခုရှိသည်ဆိုလျှင် ယင်းသည် ဗုဒ္ဓဘာသာပင်လျှင်ဖြစ်ရမည်။(အယ်လ်ဘတ်အိန်းစတိန်း)
========================================================================================================
လူသားစစ်စစ်ဆိုတာ
မနုဿတ္တဘာဝေါဒုလ္လဘောဆိုတဲ့ တရားတော်မှာ မနုဿ လို့ ဟောတော်မူခဲ့၏။ မြန်မာလိုအဆို လူ ဖြစ်တယ်လို့ ဆို၏။ လူသားပေါ့။
မြတ်စွာဘုရားက ဘာကြောင့် လူ လို့ ခေါ်သလဲ။ မနုဿမှာ ပါဠိစကားနှစ်ခု ဆက်ထားသော မာနရယ်၊ ဥဿရယ်၊ မန နဲ့ ဥဿတွဲတော့
မနုဿ ဖြစ်သွား၏။ မနဆိုတာ စိတ်၊ ဥဿဆိုတာ မြင့်မြတ်တာ၊ စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ် ဟူ၍ဆို၏။
သာရတ္ထဋ္ဋီကာ ကျမ်းမှာ မနုဿရဿန္နတာယမနုဿ - စိတ်ထားမြင့်မြတ်သောကြောင့် မနုဿ ဟုခေါ်ဆိုထား၏။ စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်မှာ
အရည်အချင်း(၃)မျိုးရှိ၏။(၁) သူရော - ရဲစွမ်းသတ္တိရှိခြင်း၊ (၂) သတိမန္တော - သတိတရားနဲ့ ပြည့်စုံခြင်း၊ (၃) ဗြဟ္မစရိယ၀ါသော - မြတ်သောအကျင့်ကို
ကျင့်ကြံနိုင်ခြင်း ဟူ၍ ဖြစ်သည်။ မနုဿ-လူသားမှန်လျှင် ရဲစွမ်းသတ္တိ ရှိရမည်။
သတ်ဖြတ် တိုက်ခိုက်၊ ခိုးဆိုး၊ဆဲဆိုရဲသော အရာကိုပြောသည်မဟုတ်။ ဒါနပြုတဲ့နေရာ၊ သီလဆောက်တည်တဲ့နေရာ၊ ဘာဝနာတရားအားထုတ်တဲ့နေရာ
တွေမှာ နောက်မတွန့် ပဲ ရဲစွမ်းသတ္တိရှိခြင်းမျိုးကို ဆို၏။ မနုဿလူသား မှန်လျှင် သတိတရားရှိရ၏။ ကိုယ့်စိတ်ကို သတိထားကြည့်ရ၏။ ကိုယ်တိုင် ဘာကြံ
တွေးတောနေသည်ကို သတိထားရင် သိတက်၏။ စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သမ္မဇဉ်ဥာဏ် နဲ့  အမြဲသတိထားပြီတော့ မကောင်းတာ မကြံစည်ဘဲ ကောင်းတဲ့အရာကိုသာကြံစည်ပြီး ကောင်းတဲ့တရားကိုသာ ကျင့်ဆောင်၏။
မနုဿလူသားမှန်လျှင် မြတ်သောအကျင့်ကိုသာ ကျင့်သုံးရ၏။ နိဗ္ဗာန်ရောက်ကြောင်းတရား၊ သတိပဋ္ဌာန်တရား၊ မဂ္ဂင်ရှစ်ပါး စတဲ့ ဗောဓိပက္ခိယတရား
(၃၇)ပါးကို ကျင့်သုံးရ၏။ ကမ္ဘာ့လူဦးရေ ဘယ်လောက်တိုးတိုး ဒီအရည်အချင်းမျိုးရှိမှ မနုဿ စာရင်းဝင်၏။ လူဖြစ်ဖို့ လွယ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ
ဒါနဲ့  မှတ်ကျောက်တင်ကြည့်ပါ။ မနုဿလို့ ခေါ်တဲ့ လူနည်းနည်းပဲရှိပါတယ်။ မနုဿ မဟုတ်တဲ့ သူတွေဟာ အမနုဿ တွေပါ။ လူနဲ့ ပုံသဏ္ဍာန်တူပေမယ့်
မနုဿလူစစ်မဟုတ်ကြပါ။ အမနုဿလူတွေပါ။
(စစ်ကိုင်းတိုင်း ၀ါးချက်ဆေးရုံနှင့် မြောက်ဒဂုံကမ္မဋ္ဌာန်းရိပ်သာတို့ တည်ထောင်သော ကျစွာဆရာတော် “ မနုဿလူသား” စာအုပ်...မှ)
=========================================================================================================================================
မြတ်ဗုဒ္ဓသည် ထာဝရ တည်ရှိသော သစ္စာတရားတို့ ၏ တန်ဖိုးကို တိတိလင်းလင်း ရှင်းပြတော်မူသည့်အပြင် ၊ အန္ဒိယ တစ်နိုင်ငံတည်း၏ ကိုယ်ကျင့်တရားကိုသာမဟုတ် လူသားတစ်ရပ်လုံး၏ ကိုယ်ကျင့်တရားကိုပါ တိုးတက်မြင့်မားစေခဲ့၏။ မြတ်ဗုဒ္ဓသည် လောကကြီးအား ပေးအပ်ထားသည့်အကြီးမြတ်ဆုံးသော သူတော်စင် ပညာရှိ လူ့ ပဂေကြီး တစ်ဦးဖြစ်ပါ၏။ (အနောက်တိုင်းသားဦးဆောင်တွေးခေါ်ပညာရှင် အယ်လ်ဘတ်စဆိတ်စာ)
==========================================================================================================================================
အင်အားရှိသော ခေတ် နှင့် အင်အားကြီးမားသော ပုဂ္ဂိုလ်ထူးများကို မှီခိုရခြင်းသည် ကံရှိသူတို့ အတွက် ပိုမို၍ အကျိုးများစေ၏။
ကံနည်းသူတို့ အတွက်က ရံခါပို၍ အကျိုး ဆုတ်ယုတ်သွားစေ၏။
လက်ရှိအခြေအနေမှာ
မပျော်နိုင်သူအတွက်
တစ်ယောက်တည်းပဲနေနေ
အများနဲ့ ပဲနေနေ
အမြဲတမ်းအထီးကျန်နေတက်၏။
မရှိတာကို တောင့်တနေတဲ့သူ
ရှိတာကို မကျေနပ်နိုင်တဲ့သူ
မရေရာ အတွေးတွေ တွေး
မသေချာ မျှော်လင့်ချက်တွေနဲ့ 
ထာဝရ အထီးကျန်နေအုံးမှာပါပဲ။ ။
===========================================================================================================
ချစ်ခြင်းဖြင့်သာ ရှုမြင်ပါ
* အခါတပါး၊မြတ်ဘုရားသည်
သုံးပါးသံဃာ၊ညီညွတ်စွာဖြင့်
သာယာချမ်းမြေ့၊တောမှီမွေ့ သည်
အရှေ့ ဝါးတော၊ပြည်ကောသမ္ဗီ
အနီးဆီသို့ 
ကြွချီတော်မူခဲ့သည်တကား။
* အို...ချစ်သားတို့ 
ဘယ်သို့ စိတ်ထား
ကျင့်ကြံပွားလျှက်၊သုံးပါးညီထွေ
နေထိုင်ပေဟု
မိန့် ချွေဗုဒ္ဓ၊မေးသမျှကို
ဖြေကြားသည်မှာ...
* အရှင်ဘုရား...ဘုရားတပည့်တော်
သုံးဖော်သံဃာ၊နေပါသည်ကား
တစ်ပါးကိုလျှင်၊တစ်ပါးမြင်သော်
ချစ်ခင်သောအကြည့်၊ထိုမျက်စိဖြင့်
ကြည့်ကြပါသည် အရှင်ဘုရား။
* ထို့ ပြင်နှိုင်ချိ၊ပြုဖွယ်ရှိသော်
မိမိကိစ္စ၊သူ့ ကိစ္စဟု
ကိစ္စပိုင်းခြား၊ငြားမပွားပဲ
သုံးပါးသီစွာ၊ပြုကြပါသည်
ပမာ နို့  နှင့် ရေ ပါဘုရား။
* ထို့ ပြင်စိတ်တွင်း၊ နှလုံးသွင်း၏
သီတင်းသုံးဖော်၊ ငါတို့ သော်ကား
သင့်လျော်တူကွ၊ နေပေရသည်
အရတော်စွာ၊ မိတ်ရင်းချာဟု
ကာယကံမေတ္တာ၊ ၀စီကံမေတ္တာ
မနေကံမေတ္တာ၊ ထာဝရတည်ဆောက်
ကြံသက်ရောက်သည်
မျက်မှောက်မျက်ကွယ်ပါဘုရား။
* ထို့ နောက်တွင်ကား၊ ထိုသုံးပါးမှ
တစ်ပါးချင်းက၊ ကိုယ့်ဆန္ဒတွင်
လုံးဝမလိုက်၊ နှစ်ပါးကြိုက်ကို
လိုက်လျောကြည်သာ၊ ဖြည့်စွမ်းပါ၏
ကိုယ်သာကွဲပြား၊ စိတ်မခြားဘဲ
သုံးပါးအလို၊ မမောက်မိုသည်
သုံးကိုယ်တစ်စိတ်ပါ အရှင်းဘုရား။
* သြော်....အရှင်အနုရုဒ္ဓါမထေရ်
အရှင်နန္ဒိယမထေရ်၊ အရှင်ကိမိလမထေရ်
မထေရ်သုံးပါး၊ မြတ်ဘုရားကို
ပန်ကြားလျှောက်တင်၊ စကားစဉ်
နားဝင်ချိုလှစ်၊ အမြင်သစ်ခဲ့
ချစ်ခြင်းအပြည့်၊ ထိုမျက်စိဖြင့်
ရှု ကြည့်လေက၊ မြင်တိုင်းလှလိမ့်
လောဘ၊ ဒေါသ၊ အာဃာတနှင့်
မာနမျက်စိ၊ ရှိတုံဘိက
ကြည့်တိုင်းမလှ၊ ဖြစ်တတ်စွလည်း
လောကကိုလျှင်၊ လှစေချင်တာ
ငြိုငြင်မာန်တင်း၊ ငြူစူကင်းလျှက်
ချစ်ခြင်းဖြင့်သာ၊ ရှုမြင်ပါဟု
ကဗျာတစ်ပုဒ်ရင်မှထုတ်
ကျွန်ုပ် လက်ဆောင်ပေးချင်ပါ၏....။ ။
မြင်းမူမောင်နိုင်မိုး....မှ
မည်သို့ သော အကြောင်းအရာ... ကိစ္စများနဲ့ မှ... ပတ်သတ်ဆက်နွယ်မှုမရှိပါ
မိမိ လေ့လာဖူးသော အကြောင်းအရာများကို ပြန်လည်တင်ပြခြင်းသာဖြစ်ပါသည်
စာပေကို ချစ်မြတ်နိုး၍ ဗဟုသုတတိုးစေချင်သော စိတ်ဆန္ဒဖြင့် တင်ပြလိုက်ရပါသည်
ပိုသွားသည်...လိုသွားသည်တို့ ရှိသော် ခွင့်လွတ်သည့်ခံ နားလည်ပေးကြပါရန် မေတ္တာရပ်ခံ
တောင်းပန်လိုက်ပါသည်။
(၇)ရက်သားသမီးအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းခြင်းများဖြင့်ပြည့်စုံကြပါစေ။
အားလုံးကိုလေးစားခင်မင်လျှက်...
မောင်(ခေတ္တလူ့ ပြည်)(20.02.2012-MALAYSIA)