မြန်မာပြည်တွင်သာရှိသည်
အတ္တမဆန် ၊ အရင်းခံဖြင့်
ဆက်ဆံတတ်တာ ၊ ထိုမေတ္တာ
မြန်မာပြည်တွင်သာရှိပါသည်။
ကိုယ်ကျိုးထက် ၊ သူ့ အတွက်ဟု
ငဲ့ကွက်တတ်တာ ၊ အနစ်နာ
မြန်မာပြည်တွင်သာရှိပါသည်။
ဒုက္ခကြုံငြား ၊ တူခံစားရင်း
အားပေးတတ်တာ ၊ ဂရုဏာ
မြန်မာပြည်တွင်သာရှိပါသည်။
အားနည်းသူဆီ ၊ ဖေးမမည်ဟု
ကူညီတတ်တာ ၊ အကြင်နာ
မြန်မာပြည်တွင်သာရှိပါသည်။
သူကောင်းစားက ၊ နှစ်ခြိုက်လှသည့်
အားရ၀မ်းသာ ၊ မုဒိတာ
မြန်မာပြည်တွင်သာရှိပါသည်။
နွမ်းပါးသူဆို ၊ ကူညီလိုသည့်
ပိုမိုသဒ္ဓါ ၊ စေတနာ
မြန်မာပြည်တွင်သာရှိပါသည်။
ကတိစကား ၊ မပျက်ပြားအောင်
လေးစားလိုက်နာ ၊ ထိုသစ္စာ
မြန်မာပြည်တွင်သာရှိပါသည်။
ပရဟိတ ၊ နှုန်းပြည့်ဝသည့်
အာဂကောင်းမှု ၊ အပေါင်းစုဖြင့်
စံပြုထင်ရှား ၊ မြင့်မြတ်ငြား၍
လေးစားထိုက်စွာ ၊ ရှိနေပါသော
မြန်မာ့စိတ်ရင်း ၊ ကောင်းသတင်းကို
မင်း တို့  ဂုဏ် ယူ ကြ ပါ ကုန်။ ။
ဆရာ မောင်သင်းပျံ့(ကျိုက်ထော်) ...အား ဂုဏ်ပြုလျှက်....
မောင် (ခေတ္တလူ့ ပြည်)(20.02.2012 - MALAYSIA)
↧
မြန်မာပြည်တွင်သာရှိသည်
↧