Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မိခင်ဖခင်ကျေးဇူးရှင်

$
0
0

             မြင်းမိုလ်တောင်ဦးမကကျူးသည်ကျေးဇူးကြီးလှမိနှင့်ဖ   ဟူပြီးမိနှင့်ဖရဲ့ကျေးဇူးကြီးမားပုံကိုဖွဲဆိုထားတယ်။

လောကတခွင်မှာကျေးဇူးအရှိဆုံးလူကိုပြပါဆိုရင်မိခင်နဲ့ဖခင်ကို့ပဲညွန့်ပြရပေ့မည်။ဘာကြောင့်လဲဆိုတော့မိဘနှစ်ပါးဟာသားသမီးတွေရဲ့

လက်ဦးဆရာတွေဖြစ်ပါသည်။မိဘရဲ့ရင်ခွင်မှာပဲလူဘ၀ကိုစတင်ဖြတ်သန်းလာခဲ့ကြတယ်။မိခင်ရဲ့နို့ကိုသောက်သုံးပြီးဖခင်ရဲ့ပခုံးမှာမှီတွယ်လို့

ကြီးပြင်းလာခဲ့ကြတယ်။လောကအတွင်းစတင်ဖြတ်သန်းရောက်ရှိလာတဲ့သားသမီးတွေဟာမိဘနှစ်ပါးကိုမှီခိုအားထားကြတယ်။အူဝဲငိုသံနဲ့

အတူဖ၀ါးလက်နှစ်လုံးပခုံးလက်နှစ်သစ်နဲ့လူဖြစ်လာတဲ့ကျွန်တော်တို့အဖို့မိနှင့်ဖကျေးဇူးကဆပ်လို့မကုန်ပါ။

               မိခင်ဆိုရင်သန္ဓေတည်ချိန်ကစပြီးကိုယ်ဝန်နှင့်မတည်တဲ့ပူ၊စပ်၊ဖန်၊ခါးစားဖွယ်ရာတို့ကိုအာသာမြို့သိပ်ထိန်းချူပ်ခဲ့ရတယ်။

မွေးဖွားလာပြီဆိုရင်လည်းမိခင်ရဲ့မေတ္တာကသွေးကတောင်နို့အဖြစ်ပြောင်းလို့တိုက်ကျွေးခဲ့တယ်။ကျင်ကြီးကျင်ငယ်ကို့သုတ်သင်လျှော်ဖွပ်ပေး

ကြတယ်။အအိပ်ပျက်အစားပျက်ခဲ့တဲ့မိဘနှစ်ပါးဟာသားသမီးအားလုံးအပေါ်ဘယ်သောအခါမှငြူစူမှုမရှိခဲ့ဘူး။ကျရောက်နေတဲ့ဒုက္ခကိုမမှုပဲ

သားသမီးမျက်နှာကို့ကြည်ပြီးပျော်ရွှင်ကြည်နှုးနေတဲ့မိဘနှစ်ပါးဟာကျေးဇူးအကြီးမားဆုံးလူသားတွေပေါ့။ဖခင်ဆိုရင်သားသမီးများမျက်နှာ

မငယ်ရလေအောင်ချွေးနဲ့၇င်းလို့ရှာဖွေကျွေးမွေးခဲ့တယ်။ဖခင်သည်လောကကို့အလင်းပေးနေသောနေမင်းကြီးကဲ့သို့သားသမီးတို့ဘဝ

ကိုတောက်ပြအောင်မေတ္တာရောင်ခြည်နဲ့လမ်းပြပေးကြတယ်။တံတိုင်းတစ်ခုပမာခိုင်မာစွာရပါတည်ပေးကြတယ်။ခြင်္သေ့လို့ရဲ့ရင့်ပြီးနွားလား

ဥသဘလို့စိတ်ရှည်ပြီးဘ၀လှအောင်ဖန်တီးပေကြတယ်။အားငယ်စိတ်တွေပယ်ဖျောက်လို့လောကအလယ်မှာရဲ့ဝင့်စွာရပ်တည်နိုင်ဖို့လမ်းပြပေး

တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပေါ့။

              သားသမီးတို့တိုးတတ်ကြီးပွားတာကိုမြင်ချင်တာမိဘတိုင်းရဲ့စေတနာပါ။တတ်စွမ်းသမျှလက်လှမ်းမီသမျှပြုစုစောင့်ရှောက်လို့

ပင်ပန်းမှု၊ခါးသီးမှုဒါဏ်ကို့အပြုံးမပျက်ပဲ့ခံကြတယ်။အရွယ်ေ၇ာက်လို့လူလားမြောက်ချိန်မှာတောင်မိဘတိုင်းကသားသမီးပေါ်နွေးထွေးသော

တောင်ပံဖြန့်ကာမိုးလို့ကာကွယ်ပေးကြပြန်တယ်။အမိအဖတို့ကသားသမီးတို့အပေါ်နောက်ဆုံးထွက်သက်ထိအောင်ကျေးဇူးပြုသွားခဲ့ကြတယ်။

မိဘတိုင်းကသားသမီးအတွက်ဆိုရင်ဓါးတောင်ကို့တတ်မီးပင်လယ်ကိုဖြတ်ကူပြီးအသက်ကို့ကောဘ၀ကို့ကောပေးဆပ်ထားကြတယ်။မိဘ

တို့ရဲ့ကျေးဇူးနဲ့မေတ္တာကို့ဘယ်သူလိုက်လို့မှီနိုင်ပါမလဲ။အလျဉ်တွေတွေစီးနေတဲ့မိဘတို့ကျေးဇူးကတရားကို့မည်သူတားဆီးနိုင်မလဲ။ဒါကြောင့်

မိခင်ဖခင်ကျေးဇူးရှင်ကို့သိတတ်ရိုကျိုးလိုရှိခိုးကတော့ဦးထိပ်ပန်ဆင်ရင်းမိခင်ဖခင်ကျေးဇူးရှင်လေးကိုတင်ပြလိုက်ပါတယ်။မိခင်ဖခင်၏

ကျေးဇူးကို့သိတတ်ပြီးကျေးဇူးဆပ်နိုင်ကြပါစေ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>