အိမ်ပြန်အရေး ညတိုင်းတွေးကာ အမှောင်ကျော်အိမ်မက်ရိုင်းအဖြစ်
ရဲ့တယ်တည် စိတ်တဇ အလွမ်းရဲ့ ကြားမှာ ကမ်းခြေမဲ့ တဲ့ လှိုင်းလုံးလေးတွေ
ဖြစ်သွားခဲ့တယ်.........
လွမ်းရက်တစ်ရာနဲ့ဝမ်းရေးတစ်ထွာကြားမှာ တိုင်းတစ်ပါးရဲ့ အနှိမ်ခံအလုပ်သမားဘဝ
အားကုန်လို့အသက်ရှည်ဖို့ ဆေးဝါးကာထား အလွမ်းတေးသွားတွေတောင် အားအင်မဲ့ခဲ့တယ်
သြော်...........ငွေရှာရင်းနဲ့ပဲ မွဲနေခဲ့တယ်
အမိမြေရဲ့ ဘွဲ့ လက်မှတ်ပညာရွေအိုးက ကစ်စလက်ခတ်ချထားရင်တောင် ခိုးသူမရှိလို
ဆုတ်ဖြဲ့ ကစ်ဖို့ကောင်းတဲ့စက်ကူတစ်ရွက်သာ ကုန်ထားတဲ့ အချိန်တန်းဖိုးကို စိတ်ဆိုးမိတယ်
ဖြစ်ချင်သမျနဲ့ ဖြစ်နေသမျကြားမှာ မပြန်သာ အလှမ်းဝေးကွာ တစ်နေရာက မွေးဌာနေကို
မှန်းကာတွေးလို့ လစာကနည်းဖြတ်တာတွေကများလို ဒီတစ်လလည်းငွေနည်းနည်းပဲပိုလိုက်တယ် အမေရယ်.,""
↧
အမေအိမ်သို့ပေးစာ
↧