တစ်ခါက လင်မယားနှစ်ယောက်ရှိကြတယ်။
ဗုဒ္ဓဘာသာပီပီ ဘာသာတရားလဲကိုင်းရှိုင်းကြတာပေါ့။
တစ်နေ့တော့ ရွာဦးကျောင်းကို ဥပုသ်စောင့်သွားရင်း အပြန်မှာ ဘုရားဝင်ဖူးကြလေရဲ့။
အဲ့ဒီအချိန်မှာ ယောက်ျားဖြစ်တဲ့သူတောင်းတဲ့ဆုကတော့ ကျားပီပီ
“နောက်ဘ၀မှာ နတ်သမီးတစ်ဖက်လေးငါးရာနဲ့ နေရပါလို၏” လို့ဆုတောင်းလေသတဲ့။
အဲ့ဒါကိုမိန်းမဖြစ်တဲ့သူကကြားသွားပြီး အားကျမခံသူလဲလိုက်ဆုတောင်းတာပေါ့။
“နောင်ဘ၀မှာ နတ်သားတစ်ဖက်လေးငါးရာနဲ့နေရပါလို့၏”လို့ ဆုတောင်းတယ်။
ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ လင်မယားနှစ်ယောက်လုံး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြသတဲ့။
အဲ့ဒီအချိန်မှာ ယောက်ျားဖြစ်တဲ့သူက သူဆုတောင်းတဲ့အတိုင်း နတ်သမီးတစ်ဖက် လေးငါးရာနဲ့ ပျော်ပျော်ကြီးဇိမ်ကျနေတာပေါ့။
အဲ့ဒီအချိန်သူ့ လူ့ဘ၀ကမိန်းမကိုသွားသတိရတယ်။
“သြော် ငါ့မိန်းမလဲ ဘယ်ဘ၀များရောက်နေပါလိမ့်”ဆိုပြီး နတ်မျက်စိနဲ့ကြည့်လိုက်တော့ သူ့မိန်းမလဲ သူ့လို နတ်ပြည်ရောက်နေသတဲ့။
အဲ့ဒါနဲ့ သူ့မိန်းမ ဘယ်လိုအခြေအနေများရှိလေမလဲဆိုပြီး နတ်တို့ဘာသာဗေဒနဲ့ လှမ်းမေးလိုက်တာပေါ့။
“ဟေ့ မိန်းမရေ၊ ငါတော့ ဒီမှာ နတ်သမီးတစ်ဖက်လေးငါးရာနဲ့ ဇိမ်ကျနေပြီကွ။
မင်းရော အဆင်ပြေရဲ့လား။ မင်းကိုကြည့်ရတာ ပိန်သွားသလိုပဲနော်”
“အော် ရှင်ကတော့ နတ်သမီးတစ်ဖက်လေးငါးရာနဲ့ဇိမ်ကျနေတယ်ပေါ့။ ဟွန်း ကျမကတော့ ဒီမှာ ရှုးပေါက်ချိန်တောင်မရှိဘူး . . . ဟွန်း . . .”
↧
နတ်သားနဲ့ နတ်သမီး
↧