ကျွန်တော် အွန်လိုင်းပေါ်မှာ လျှောက်ကြည့်ရင်းနဲ့.... သတင်းလေးတစ်ပုဒ်ဖတ်ရတယ်ဗျာ... စိတ်ဆင်းရဲစရာ သတင်းပါ
ဒီ .... သတင်းလေးကို မတင်ပြခင်မှာ ဟိုး ယခင် နှစ်ပေါင်း (၆၀)ကျော်က ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊
နိုင်ငံရေး ခေါင်းဆောင်ကြီးများ၊ ဒေသအလိုက် တိုင်းရင်းသားခေါင်းဆောင်ကြီးများ စုပေါင်းလက်မှတ်ရေးထိုးခဲ့တဲ့ပင်လုံစာချုပ်အကြောင်း
ကိုလဲ သတိရမိပါတယ်.....ပင်လုံစာချုပ် ချုပ်ဆိုရတဲ့ ရည်ရွယ်ချက်ကတော့..... အင်္ဂလိပ်က မြန်မာပြည်ကို လွတ်လပ်ရေးပေး မယ်လို့
ကြေငြာ တဲ့ အခါမှာ တောင်တန်းနဲ့ ပြည်မကို ခွဲခြားချန်လှပ်ထားခဲ့တဲ့ အတွက် တစ်တိုင်းတစ်ပြည်လုံး တစ်ချိန်တည်း တစ်ပြိုင်တည်း
လွတ်လပ်ချင်တဲ့ အတွက် စုပေါင်းလက်မှတ်ရေးထိုးပြီး လွတ်လပ်ရေးတောင်းဆိုခဲ့တဲ့ စာချုပ်ဖြစ်ပါတယ်......
ပင်လုံစာချုပ်အကြောင်း နဲနဲ လေ့လာရအောင်ပါ..............
မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးတို့အပြင် ရှမ်းပြည်၊ ကချင် တောင်တန်းဒေသ များနှင့် ချင်းတောင်တန်း ဒေသများမှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီး၌ ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိ လိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွှတ်တည်း အောက်ပါအတိုင်း သဘောတူ ညီကြသည်။
၁။ တောင်တန်းသားများကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများ ညီညွတ်ရေး ဦးစီးအဖွဲ့မှ ကိုယ်စားလှယ် များက ထောက်ခံသည့် ကိုယ်စားလှယ် တဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ဌာနလက်ကိုင်မရှိ ဝန်ကြီးအဖြစ်လည်း ခန့်ထားရမည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးနည်းတူ တောင်တန်းဒေသရေးရာ ဌာနကိုလည်း ဥပဒေဖြင့် ပြဋ္ဌာန်း၍ အမှုဆောင် ကောင်စီ အောက်၌ ထားရှိရမည်။ ထိုတောင်တန်း ဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီးအား အလားတူ နည်းအတိုင်း အုပ်ချုပ်ခွင့် အာဏာများကို အပ်နှင်းရမည်။
၃။ အဆိုပါ အတိုင်ပင်ခံဝန်ကြီးအား ကူညီရန်အတွက် ၎င်းနှင့် လူမျိုးချင်းတူမဟုတ်သည့် အခြား တောင်တန်းသားများအား ကိုယ်စားပြုသော တွဲဘက် အတိုင်ပင်ခံနှစ်ဦး ရှိရမည်။ ထို အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာ နယ်ပယ်ရေးရာ များကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ အတိုင်ပင်ခံ ဝန်ကြီးမှာမူ ကျန်ရှိသည့် အခြားသော တောင်တန်း ဒေသ ရေးရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ် သုံးဦးတို့သည် အခြေခံ ဥပဒေက ပြဋ္ဌာန်းသည့်အတိုင်း စုပေါင်း တာဝန်ယူ လုပ်ကိုင်ရမည်။
၅။ အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုရရှိ ခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန်ု မည်သည့် ဒေသတွင်မဆို လုံးဝ ပြုမှုလိမ့်မည် မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မှုအားဖြင့် လက်ခံသည်။
၆။ မြန်မာ ပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ် တည်ထောင်ရေးကို တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြဆုံးဖြတ်စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူ လက်ခံ ကြသည်။ ဤရည်ရွယ်ချက်ကို ပထမဆင့် အကောင်အထည် ဖော်သည့်အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ အပိုင်း (၂) ခြွင်းချန်ဒေသများကိုအုပ်ချုပ်သည့်နည်းတူမြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်အတွင်းရှိဒေသများအုပ်ချုပ်ရေးနှင့်ပတ်သက် ၍လည်း တောင် တန်းဒေ သ အတိုင်ပင်ခံ ဝန်ကြီးနှင့် တွဲဘက် အတိုင်ပင်ခံတို့ကို တိုင်ပင်ဆွေးနွေး ရမည်။
၈။ ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခု ကျင့်သုံးခွင့်ပြုထားသော ဘဏ္ဍာရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မည်သို့မှ ထိခိုက်ခြင်း မရှိစေရ။၉။ ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်း ဒေသနှင့် ချင်းတောင်တန်း ဒေသတို့က ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေး အကူအညီအား မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ၊ ထို့ပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေး စီစဉ်ဆက်သွယ်မှုများကဲ့သို့ အလားတူ ဘဏ္ဍာရေး စီစဉ် ဆက်သွယ်မှုများကို လက်တွေ့ကျင့်သုံးနိုင်ခြင်း ရှိ မရှိ အမှုဆောင် ကောင်စီသည် တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီး၊ တွဲဘက် အတိုင်ပင်ခံများနှင့်အတူ စူးစမ်း လေ့လာမည်။
============================================================================
ဆိုးရွားလှတဲ့ သတင်းတစ်ပုဒ်ကို ဖတ်ကြည့်ကြပါဗျာ................. တိုင်းရင်းသား အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ပြီး သေမလား၊ မတိုက်
ခိုက် မသတ်ဖြတ်ပဲ သေမလားဆိုတာကို ...................
Friday, December 16, 2011
အမိန့်မရဘဲ ဆုတ်ခွာထွက်ပြေးခဲ့သော KIA တပ်ရင်းမှူးများအား သေဒဏ်ချမှတ် အပြစ်ပေးနေခြင်းကြောင့် လက်အောက်ငယ်သားများ ခံပြင်းနာကြည်းလျှက်ရှိ
လိုင်ဇာ ဒီဇင်ဘာ ၁၅
ကချင်လွတ်မြောက်ရေးတပ်မတော်ဌာနချုပ် လိုင်ဇာမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်ဦးစီးပြီး ဒီဇင်ဘာ(၁၂)ရက်နေ့က အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး စခန်းတွေကိုစွန့်ခွာထွက်ပြေး ခဲ့တဲ့ တပ်ရင်း(၁၅)မှ ဗိုလ်မှူး မရန် ရော်ဘင်နဲ့တပ်ရင်း(၂၇)မှ ဗိုလ်မှူးယော်ထုံတို့နှစ်ဦးကို ဖမ်းဆီးမိန့်ထုတ်ပြန်ပြီး သေဒဏ် အပြစ်ပေး လိုက် တဲ့ အကြောင်းကို ဗိုလ်ချုပ်ဂမ်ရှောင်ကထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုလိုက်တာဟာ တိုက်ပွဲဝင်နေ တဲ့အခြား KIAတပ် ရင်း မှူးတွေ ကိုလဲ ဒီလိုလုပ်ရင်ဒီလိုအပြစ်ပေးမယ်ဆိုတာကို တရားဝင်ကြေညာလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။
ဒီဇင်ဘာလ(၅)ရက်နေ့က အစိုးရတပ်တိုက်ခိုက်သိမ်းပိုက်သွားလို့ ဆုတ်ခွါပေးလိုက်ရတဲ့တပ်ရင်း (၁၅)က ထွက်ပြေးလွတ်မြောက်လာသူ ဗိုလ်ကြီးလွန်းဂမ်အောင်ကတော့ သူရဲ့အတွေ့အကြုံကို ခုလိုမျိုး ပြောပြပါတယ်၊ “ကျွန်တော်တို့စခန်းကို စစ်တပ်ကလာတိုက်တယ်၊ ကျွန်တော်တို့ကလဲ ပြန်တိုက်ပါတယ် အင်အားချင်းမညီမျှဘူး၊ကျွန်တော်တို့မှာစားစရာလဲမရှိတော့ဘူး၊ ဗိုလ်မှူးမရန်ရော်ဘင်က လက် နက်ကြီးပစ် ခိုင်းလို့ ပစ်တော့လဲကျွန်တော်တို့်ပစ်တဲ့ ကျည်တွေကရွာတွေပေါ်ကျသွားတာရှိတယ်၊ အစိုးရတပ်တွေပစ် တဲ့လက်နက်ကြီးတွေ က ကျွန်တော်တို့စခန်းပေါ်ကိုတိုက်ရိုက်ကျနေတာ၊ ကျွန်တော်တို့ဘက်ကလက်နက် ကြီးတွေနဲ့ မှန်းပြီးပစ်ရတာဆိုတော့ ရွာတွေပေါ်ထပ် ကျ ရင် လူတွေထိမှာစိုးတာရယ်၊ နောက်ပြီးအစိုးရ တပ်က အတင်းထိုးဖောက်ဝင်လာတာရယ်ကြောင့် ဘယ်လိုမှနေလို့မရတော့လို့ ကျွန်တော်တို့ဆုတ်ပေး လိုက်ရတာပါ၊ ကျွန်တော့်တပ်ရင်းမှူးနဲ့ ရင်း(၂၇)တပ်ရင်းမှူးတွေအပြင် ပြီးခဲ့တဲ့ ၈ ရက်နေ့က “၀ထောင်” ကနေစွန့် ခွါ သွားခဲ့ရတဲ့ရင်း (၃) တပ်ရင်းမှူး ဗိုလ်မှူးဖော်ကျဲလတောင်ကိုလည်း သေဒဏ် ပေးထားတယ်” လို့ပြောပြပါတယ်။
ဗိုလ်မှူးမရန်ရော်ဘင်နဲ့ အနီးကပ်အတူနေတဲ့တပ်ကြပ်ကြီး အင်ယော်နော်ကလဲသူ့ရဲ့ခံစားချက်ကို ခုလိုမျိုးပြောပြပါတယ်၊ “ကျွန်တော်ကတပ်ရင်းမှူးအနားမှာနေရတာပါ၊ တိုက်ပွဲစဖြစ်တော့ သူပစ်ကိုယ်ပစ် ပစ်ကြတာပါ၊ကျွန်တော်တို့စခန်းထဲမှာက အရင်ရက်တွေမှာတိုက်ပွဲဖြစ်တုန်းက ဒဏ်ရာရထားတဲ့သူတွေလဲ ရှိနေပါတယ်၊ တကယ်တန်းပစ်ခတ်နိုင်တဲ့ အင်အားကသိပ်မရှိပါဘူး၊ အဖြစ်နိုင်ဆုံးကျွန်တော်တို့တောင့်ခံ ထားပါတယ်၊ဒါပေမဲ့ ရွာသားတွေအတွက်လည်း စိုးရိမ်စရာဖြစ်နေတဲ့အတွက် ဗိုလ်မှူးမရန်ရော်ဘင်ကစခန်း ကနေ ဆုတ်ခွာဖို့အမိန့်ပေးတဲ့အတွက် ကျွန်တော်တို့ဆုတ်ခဲ့ရတာပါ၊ ဆက်နေရင်လဲ ကျွန်တော်တို့အားလုံး သေမှာပဲ၊ အခုကျတော့ ဒီလိုမျိုးစခန်းတွေကိုဆုတ်ခွာခဲ့လို့ဆိုပြီး ကျွန်တော်တို့ကို ဖမ်းမိတာနဲ့သတ်ပစ်ဖို့ အမိန့်ပေးထားပါတယ်၊ ကျွန်တော်တို့လဲအသေခံတိုက်တာပါပဲ၊ သူတို့ကျတော့ လိုင်ဇာမှာကောင်းကောင်း စားသောက်နေထိုင်ပါတယ်၊ ကျွန်တော်တို့တပ်တွေမှာတော့ ရွာတွေကနေပြီး တောင်းစားနေရပါတယ်၊ ဗိုလ်ချုပ်ဂမ်ရှောင်က ရှေ့တန်းမှာပင်ပန်းဆင်းရဲခံနေရတဲ့ ကျွန်တော်တို့အပေါ်မှာ သနားညှာတာစိတ်မရှိဘဲ တပ်ရင်း(၁၅)နဲ့ တပ်ရင်း(၂၇)ကတပ်ရင်းမှူးနှစ်ဦးကို တိုက်ပွဲရှုံးလို့ဆိုပြီး သေဒဏ်ပေးလိုက်တာ မတရား ပါဘူး၊ ကျွန်တော့်တပ်ရင်းမှူးက ကျွန်တော်တို့စစ်သည်တွေ အားလုံးသေမှာစိုးရိမ်တဲ့ အပြင်အနီးဝန်းကျင် ကရွာသူရွာသားတွေကိုလည်း မထိခိုက်စေချင်တဲ့အတွက် အခုလိုဆုတ်ခိုင်းခဲ့တာပါ၊ KIA လူကြီးတွေက ကျွန်တော်တို့အားလုံးနဲ့ ရွာသားအားလုံးသေသွားတယ်ဆိုရင်တောင် ဆုတ်ခွင့်ပေးမှာမဟုတ်ပါဘူး၊ ဒီထက် နာကြည်းဖို့ကောင်းတာက စစ်ပွဲနဲ့မဆိုင်ဘဲရွာမှာနေတဲ့ ကျွန်တော်တို့ရဲ့မိသားစုတွေကိုပါကျွန်တော်တို့ထွက် ပြေးလို့ဆိုပြီး ဖမ်းဆီးအပြစ်ပေးနေတယ်ဆိုတာပါပဲ၊ ဒီလိုလုပ်တာဟာကျွန်တော်တို့ယောက်ျားတွေကိုရှေ့ တန်းစခန်းတွေမှာအသေခံပြီး မဆုတ်တမ်းတိုက်ခိုက်နိုင်အောင် သူတို့သုံးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်”
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အတွင်းမှာ အခုအချိန်ဟာ အချင်းချင်းစည်းလုံးညီညွတ် စွာနေထိုင်ရမဲ့ အချိန်ဖြစ်ပါတယ်၊ အဖက်ဖက်က ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ဒီလိုအချိန်မျိုးမှာ တိုက်ပွဲမှာ ရှုံးတိုင်း စခန်းတွေကိုစွန့်ခွာတိုင်းသာ သေဒဏ် အပြစ်ပေးနေ မယ်ဆိုရင် လိုင်ဇာကွက်ကွက်ကလေးမှာပဲ KIA ဆိုတာရှိနေပါလိမ့်မယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စခန်းတွေဆုံးရှုံးသွားခဲ့သလို ကချင်ပြည်နယ် အတွင်းမှာလည်း စခန်းတွေလက်လွှတ်ဆုံးရှုံးနေပါတယ်၊ KIA ဗဟိုအနေနဲ့ကတော့ အထက်ကအမိန့် မပေး ဘဲဆုတ်ခွာ ခဲ့လို့ အပြစ်ပေးတာလို့ရှင်းပြပေမဲ့ ကိုယ့်လူမျိုးတိုက်ပွဲဝင်ရဲဘော်အချင်းချင်း သေဒဏ်ပေးတာ ဟာ ရက်စက်လွန်းပါတယ်လို့ ကချင် လွတ်မြောက်ရေးအဖွဲ့ အမျိုးသမီးအစည်းအရုံး(KIWA)မှ စည်းရုံးရေး မှူးဒေါ်မေလီအောင်ကပြောပြပါတယ်။
“ကျွန်မတို့ဆိုရင် ရွာတွေလှည့်လည်ပြီး တပ်ဖွဲ့ဝင်အသစ်တွေရဖို့ စည်းရုံးနေရတာပါ၊ လူတစ် ယောက်ရဖို့ တကယ်မလွယ်ပါ ဘူး၊ ယောက်ျားတွေမ၀င်ရင်တောင် မိန်းမတွေဝင်ချင်လာအောင် ကျွန်မ ကိုယ်တိုင် စည်းရုံးခဲ့တာမို့ အချင်းချင်းစိတ်ဝမ်းကွဲမှာမျိုး ကျွန်မ မလိုလားပါဘူး၊ စစ်တိုက်ရင် နိုင်တဲ့အခါလဲ ရှိသလို ရှုံးချင်လဲ ရှုံးနိုင်တာပဲ၊ စစ်ရှုံးတိုင်းသာ သတ်ပစ်ရရင် တစ်ယောက်မှ ကျန်မှာ မဟုတ်တော့ပါဘူး၊ လက်ရှိအခြေအနေမှာ ကျွန်မတို့ကို လူထုတွေထောက်ခံဖို့ အရမ်းကြိုးစားနေရပါတယ်၊ သူတို့သွားနေတဲ့ တံတားတွေမိုင်းခွဲလိုက်ရင် သူတို့သွားလာရေးခက်သွားမယ်၊ သွားလာတဲ့သူမရှိရင် ကျွန်မတို့လဲ ငွေ ကောက်ခံလို့မရတော့ဘူး၊ ဒါကြောင့် တံတားတွေမဖျက်ဖို့ ကျွန်မတို့လဲပြောတာပါပဲ၊ ဒါပေမဲ့ မအောင် မြင်ဘူး၊ အဆိုးဆုံးကတော့ တိုက်ပွဲဖြစ်ပွားရာဒေသမှာရှိတဲ့ ရွာသားတွေပြောင်းရွေှ့ ထွက်ပြေးတာကို ပြန်လည်ဖမ်းဆီးပြီး သူတို့နေစေချင်တဲ့နေရာမှာ နေခိုင်းတာတွေရှိသလို လိုင်ဇာမှာရှိတဲ့ ဒုက္ခသည် မိသားစု တွေကိုလဲဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပေးဘဲ အချုပ်ထဲမှာထားသလို ထိန်းသိမ်းထားပါတယ်၊ မိသားစု လိုက်ထွက်ပြေးတဲ့ အဖွဲ့တွေကိုလည်း ပြန်လည်ဖမ်းဆီးတာတွေရှိတယ်၊ တကယ်တော့ဒီဒုက္ခသည်တွေကို KIA တပ်မတော်က သူတို့အဖွဲ့အစည်းအတွက် အသုံးချနေတာ ဖြစ်တယ်လို့ ကျွန်မတော့ထင်တယ်” ဆိုပြီးပြောပါတယ်။
ဒေါ်မေလီအောင်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော်အတွက် တကယ့်ကိုရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေ သူဖြစ်ပါတယ်၊ အခုတော့သူမ ကိုယ်တိုင်က KIAကို စိတ်ပျက်နေပါတယ်၊ တံတားတွေဖျက်ဆီးလိုက်တာ စစ်တပ်တွေ မလာနိုင်အောင်ရည်ရွယ်ပေမဲ့ တစ်ကယ်တမ်း ကျတော့ဒေသခံလူထုတွေကိုပဲ ဒုက္ခရောက် စေတာဖြစ်ပါတယ်၊ အရင်တုန်းက မော်တော်ကား အမျိုးအစားအလိုက်၊ ကုန်ပစ္စည်းအလိုက် လစဉ်ကြေး၊ နှစ်စဉ်ကြေး မှန်မှန်ရတဲ့အတွက် KIA အတွက်အဆင်ပြေခဲ့တာပါ၊ ခုခါမှာတော့ ကုန်စည်ကူးသန်းမှုကနေ အခွန်ငွေ မလုံလောက်တော့တဲ့အတွက် ဒေသခံလူထုဆီကပဲ အတင်းအဓမ္မ တိုးပြီးကောက်ခံလျက်ရှိ ပါတယ်၊ကချင်တပ်မတော် အတွက် လူသစ်စုတော့လဲ တစ်ရွာတစ်ယောက်စုတာမဟုတ်တော့ဘဲ အိမ်ရှိ လူကုန် ပြည်သူ့တပ်ဖွဲ့အမှုထမ်းနေကြရပါတယ်၊ ဒီကြားထဲမှာ ရှမ်းနဲ့ဗမာလူမျိုးတွေဆိုရင် အစုလိုက်အစု လိုက်ဖမ်းပြီးသတ်ပစ်ခြင်း၊ ငွေကြေးနဲ့ရွေးယူခိုင်းခြင်းတွေကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစရာ ဖြစ်နေပါတယ်၊ အဆိုးဆုံးကတော့ KIA တပ်ဖွဲ့တွေလူသစ်စုဆောင်းရင် ယောက်ျားချည်းခေါ်တာ မဟုတ် တော့ဘဲ အမျိုးသမီးတွေပါ ခေါ်နေပါတယ်၊ နိုဝင်ဘာ(၁၀)ရက်နေ့က ဆင်ဘိုမြို့နဲ့ (၅)မိုင်လောက်ဝေးတဲ့ နတ်ထုတ်လယ်ကွင်းမှာ လယ်လုပ်နေသူ ၈ ဦးကို KIA က အတင်းအဓမ္မ ဖမ်းဆီးသွားတဲ့အထဲမှာ မသွင်သွင်ကြည် ၂၃ နှစ်၊ မမိချော ၂၃ နှစ်၊ မမာမာအေး ၂၀နှစ်နဲ့ မရှမ်းမ ၁၈နှစ်တို့ ပါဝင်ခဲ့ပါတယ်၊ တစ်ချို့ဆိုရင်မိသားစုလိုက် ဖမ်းခေါ်သွားတာမျိုးရှိပြီး ထွက်ပြေးရင်လည်း ပစ်သတ်ခံကြရတယ်။
သူတို့ကို ငွေကြေးနဲ့ပြန်ရွေးခိုင်းမလား၊ ဒါမှမဟုတ်KIA တပ်ဖွဲ့ဝင်တွေအတွက် အပျော်မယား လုပ်ခိုင်းမလားဆိုတာကတော့ အလွန်ပဲစိုးရိမ် စရာကောင်းနေပါတယ်၊ ဒီလိုမျိုး အမျိုးသမီးလေးတွေ ဖမ်းဆီးခေါ်ဆောင်တဲ့လုပ်ရပ်ဟာ နေရာတော်တော်များများမှာ ဖြစ်နေတာမို့ KIAကို လူထုက ရွံရှာမုန်းတီး နေတာဟာ အပြစ်မဆိုသာပါဘူး၊ KIA တပ်ဖွဲ့တွေဖမ်းတဲ့အထဲမှာပါတဲ့အသက်၁၄နှစ်ကနေ၃၀နှစ်အတွင်း ယောက်ျား မှန်သမျှ KIA မှာ စစ်မှုမထမ်းမနေရသတ်မှတ်ထားပါတယ်၊ အသက်အရွယ်ကြီးနေတဲ့သူတွေကို သူတို့ရဲ့ဆွေမျိုးတွေက ပိုက်ဆံပေးပြီး ပြန်လည်ရွေးယူကြရပါတယ်၊ KIA တပ်မတော်အတွက် ရန်ပုံငွေရ ဖို့ဆိုရင် နည်းလမ်းပေါင်းစုံသုံးပြီးရှာဖွေနေပါတယ်၊ မပေးနိုင်တဲ့သူတွေ ကုမ္ပဏီတွေဆိုရင် မိုင်းထောင် ဖျက်ဆီးခြင်းခံကြရပါတယ်။ ကေအိုင်အေအနေနဲ့ သူတို့လိုအပ်ချက်တွေ အတွက် ဒေသခံပြည်သူများကို နည်းမျိုးစုံနဲ့အသုံးချဆောင်ရွက်နေတာကြောင့် အတိဒုက္ခရောက်နေရတဲ့ ပြည်သူ့လူထုရဲ့စိတ်ထဲမှာတော့ KIA ဆိုတာ မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးမှန်း အခုချိန်မှာ မြင်သာထင်သာဖြစ်နေပါပြီ။
ပြည်သူလူထုအပေါ် နည်းမျိုးစုံသုံးဒုက္ခရောက်စေရုံသာမက တာဝန်ထမ်းဆောင်ရင်းစခန်းစွန့် ခွါရတဲ့ KIA တပ်ရင်းမှူးတွေကို သေ ဒဏ်ပေး ခဲ့တဲ့လုပ်ရပ်ဟာ ကချင်လူထုနဲ့ KIA လက်အောက် ငယ်သားများအတွက် KIA ဗဟိုအပေါ် ခံပြင်းနာကြည်းစရာ များ ဖြစ်ပေါ်စေ လျက်ရှိကြောင်း တရုတ်-မြန်မာ နယ်စပ်ရေးရာလေ့လာနေသူ ဦးအောင်ကျော်ဇောက သတင်းပေးပို့ပါတယ်။
(အမေ့အိမ် ဘလော့မှ)
===========================================================================
ကဲဗျာ........... တိုင်းရင်းသားအရေးဆိုတဲ့ လူ့အန္ဓတွေကို ပြောချင်တာကတော့........ ကိုယ့်အမျိုးကို ဖြုတ်တော့မှာလား...... စဉ်းစား
ဖို့ပါပဲ......... လက်ရှိ အခြေအနေမှာတော့ ရှမ်းတိုင်းရင်းသားဖြစ်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်းက နိုင်ငံတော်ရဲ့ ဒုတိယ သမ္မတ ဖြစ်နေ
ပါပြီ........ ပြည်နယ်များအလိုက်လဲ အများအား ဖြင့် သက်ဆိုင်ရာ ၀န်ကြီးချုပ်များဟာ တိုင်းရင်းသားတွေ ဖြစ်နေကြပါပြီ....... အစိုးရ
ဌာနများနှင့် အဖွဲ့အစည်း အသီးသီးမှာလဲ တိုင်းရင်းသားများ ရှိနေကြပါသည်........ ထို့ကြောင့်....... ဘယ်တိုင်းရင်းသားများအတွက်၊
ဘယ်တိုင်းရင်းသားများရဲ့ အရေးအတွက် ဆောင်ရွက်နေကြတာလဲ ဆိုတာပါပဲ....... တိုင်းရင်းသားအရေးဟု ပြောဆိုနေကြသူများအား
လိုအပ်သည်ထက် ပို၍ အလေးထား အလိုလိုက်မိပါက ပင်လုံစာချုပ်နှင့် အသက်သွေးချွေးပေါင်းများစွာ.... ဒဏ္ဍာရီထဲသို့ရောက်
ရှိသွားမည်သာ ဖြစ်ပါကြောင်း......နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပျောက်ဆုံးသွားမည်သာ ဖြစ်ပါကြောင်း။
လက်နက်ကိုင် လမ်းစဉ်မစွန့်သမျှ ...... ရှေ့ဆက်သွား၍ရမည်မဟုတ်ပါကြောင်း....... နှင့် နယ်စပ်ဒေသအသီးသီးသို့
ကိုယ်တိုင် ရောက်ရှိခဲ့ဘူးခြင်းကြောင့် ခေါင်းဆောင်များ၏ အတ္တနှင့် တစ်ကိုယ်ကောင်းဆန်မှုများကြောင့် စစ်မီးလျှံများကြား ငြိတွယ်နေရ
ရှာသော မြေဇာပင် တိုင်းရင်းသားများကိုလည်း ကရုဏာ သက်မိပါကြောင်းခင်ဗျာ..........