ကျွန်တော် chat online ထဲမှာ အင်္ဂလိပ်လိုတွေရေးနေရတော့ သိပ်အားမရဘူး ဒါကြောင့် ဘလော့ထဲမှာပဲအားပါးတရရေးချလိုက်တော့မယ်မြန်မာလိုရေးရတာလည်း သိပ်အရသာရှိတယ်ဗျ စာဖတ်ခြင်းရဲ့ကျေးဇူးတွေကလည်း မနည်းကိုဘယ်လိုစာကိုပဲဖတ်ဖတ် ကိုယ်အတွက်လိုအပ်ရင်မှတ်ထားလိုက်ပေါ့ ဒါမှ အသိပညာ ဗဟုသုတတိုးပွားပြီး အမှား အမှန် ကိုဝေဖန်ပိုင်းခြားနိုင်မှာပေါ့ ဒါကတော့ ကျွန်တော့်စာရဲ့နိဒါန်းလားတော့မသိဘူးပေါ့ဗျာ ကျွန်တော့်မှာနိဒါန်းလည်းမရှိ နိဂုန်းလည်းမရှိ ရေးချင်တာကိုရေးချလိုက်တော့တာပဲ ပြီးရင် တစ်ဝက်တစ်ပြက် နဲ့ပစ်ထားခဲ့တာပဲ ဒါလည်းအရသာတစ်မျိုးပဲဗျ အခုထိခေါင်းစဉ်နဲ့ ပတ်သက်ပြီးဘာမှမပြောရသေးဘူး ကဲအခုပဲပြောတော့မယ် ဒါက ကျွန်တော့်ရဲ့ ကိုယ်တွေ့ဗျကျွန်တော် ဆယ်တန်းစာမေးပွဲဖြေပြီးတော့ တက္ကသိုလ် ကျောင်းသားတွေရဲ့နေပုံ ထိုင်ပုံလေးသိဖို့ဆိုပြီး အကို ၀မ်းကွဲရှိတဲ့ မုံရွာ တက္ကသိုလ်ကြီးကိုရောက်ခဲ့ပါတယ် မန္တလေးကနေ မုံရွာကိုသွားခဲ့တာပေါ့ ဒါနဲ့ညနေပိုင်းရောက်တော့ ကဖေး ဆိုင်ထိုင်ကြတာပေါ့ ပြန်အထွက်မှာ ကြတော့ အကိုဝမ်းကွဲဖြစ်သူက ကျွန်တော့်ကိုဆိုင်ကယ်စီးကျွမ်းတယ်မှတ်ပြီး ပေးစီးခိုင်းပါတယ် ဒါနဲ့ကျွန်တော်စီးပါတယ် ဆိုင်ကယ်ကတစ်ရကြမ်းကြီးထွတ်သွားတာမဟုတ်ပေမဲ့ နောက်ကအကို ၀မ်းကွဲဖြစ်သူပါမလာဘူးဘာဖြစ်လို့လဲဆိုတော့ သူ့သူငယ်ချင်းနဲ့ လည့်စကားပြောနေတာကိုမသိဘူး လက်နှစ်ဘက်ကိုရှေ့ကိုတန်း ခြေထောက်တစ်ဘက်မြှောက်ပြီးတတ်မည်အလုပ်မှာ ၀ီး ဆိုပြီးဆိုင်ကယ်အထွတ်နဲ့ ကွပ်တိပဲ အကိုဝမ်းကွဲဖြစ်သူ ဒီအတိုင်း တန်းလန်းကြီးကျန်ခဲ့တာပေါ့ နောက်နေ့ရောက်တော့ ဆိုင်ကယ်မရှိတာနဲ့ အဆောင်မှုး စက်ဘီးကိုငှားစီးခဲ့တယ် ကျွန်တော့်ကြောင့် ဘရိတ်ကြိုးပြတ်သွားတာကိုဘယ်သူ့မှပြောမထားဘူး ဒါနဲ့တစ်ခြားနယ်ကလူ စီးသွားပါရော့ ကျောင်းမသွားခင်ကိုကြွားလုံးထုတ်သွားလိုက်သေးတယ် သူ့ချစ်သူနဲ့အတူတူ နှစ်ယေက်တည်းသွားမယ်ပေါ့ ဒါနဲ့ကျောင်းနားမရောက်ခင် ဂုန်းဆငိးလေးနားက အကြော်ဆိုင်ထိုင်ချင်တယ်လို့ သူ့ချစ်သူကပြောပါရော့ အကြော်ဆိုအ၀င် ရပ်မလို့ ဘရိတ်အုပ်တော့ ဘရိတ်ကမပါဘူးလေ ဒါနဲ့ တစ် ဝေါ ဝေါ နဲ့ အားးးးးးးးးးးးးးဆိုပြီး အကြော်ဆိုင် ထဲကခုံတွေဝင် တိုက်လိုက်တယ် သူ့ချစ်သူ ကတော့ခုံချလိုက်တယ် ဒါပေမဲ့ စက်ဘီးကမရပ်ဘဲ အကြော်ဆိုင် အနောက်ကမြောင်းကြားထဲ ကျမလို့အလုပ်မှာ အခြေအနေမဟန်ဘူး ဆိုပြီး ချစ်သူဖြစ်တဲ့လူက နောက်ကထိုင်ခုံကို ကျားကန်ပြီှးဆွဲ ရတော့တာပေါ့ ဆိုင်ထဲကလူတွေကလည်း ရေနွေးပန်းကန်တွေကိုယ်စီကိုင်ထွတ်ပြေးရတော့တာပဲ ဖြစ်ချင်တော့အဲဒီဆိုင်ထဲမှာ ကျွန်တော် တို့ရှိနေပါတယ် ကျွန်တော် ရယ်လိုက်ရမလိုလို သနားသလိုလို.............................................
↧