'' သူငယ်ချင်း'' ဆိုတဲ့ စကားလုံးကို ပေါ်လွင်စေတဲ့ '' ဒူးရင်းသီး'' ပုံပြင်ကို ကျွန်တော်ပြောပါ့မယ်။
ပုံပြင်လေးက ဒီလိုပါ။
...........................................................................................................
တစ်ခါတုန်းကပေါ့...။
သူငယ်ချင်း အယောက်(၃၀) ဟ အုပ်ချုပ်သူ ဆရာ၊ ဆရာမတွေနဲ့အတူ တောစပ်တစ်နေရာကို
လေ့လာရေး ခရီးထွက်ခဲ့ကြတယ်။ သူငယ်ချင်းတွေဆိုတော့... ဆော့ကြတာပေါ့။ ပတ်ဝန်းကျင်ကိုလည်း
လေ့လာကြတယ်။ ပန်းပင်တွေအကြောင်း၊ သစ်ပင်တွေအကြောင်း၊ လိပ်ပြာလေးတွေအကြောင်းပြောကြတယ်။
ပါဆယ်ဂိမ်းကစားကြတယ်။ ပါလာတဲ့ ထမင်းဘူးတွေ ဖွင့်စားကြတယ်။ ဒီသူငယ်ချင်းတွေထဲက သူငယ်ချင်း
သုံးယောက်ဟာ လှပတဲ့လိပ်ပြာလေးတွေကို လိုက်ပြီးကြည့်ရင်းတောစပ်ကနေ တောထဲကို ရောက်သွားးပါတော့
တယ်။ လိပ်ပြာလေးတွေကလည်း လှတော့... လိပ်ပြာလေးတွေထဲပဲ စိတ်ကရောက်နေတယ်။ ကိုယ်လာတဲ့
လမ်းကို မမှတ်မိတော့ဘူး။ ဒီလိုနဲ့ ညနေစောင်းလို့ စုရပ်ကိုပြန်ကြမယ်လည်းလုပ်ရော မပြန်တက်ကြတော့ဘူး။
သူငယ်ချင်း သုံးယောက်ဟာ ထင်ရာမြင်ရာ စမ်းမှန်းပြီး စုရပ်ကိုပြန်လာကြတယ်။
သူတို့လာတဲ့လမ်းဟာ စုရပ်ကိုမရောက်ပဲ တောနက်ထဲကိုပဲ တဖြည်းဖြည်းရောက်သွားပါတော့တယ်။
ညနေခင်းရောက်တော့ တဖြည်းဖြည်း မှောင်လာတယ်။ သူငယ်ချင်းသုံးယောက် တစ်ယောက်လက်ကို တစ်
ယောက်တွဲလို့ လမ်းရှာရင်း ခရီးဆက်ခဲ့ပါတော့တယ်။
ညဟာ တော်တော်ကို မှောင်လာတယ်။ အဲ့ဒီအချိန်မှာ မီးတုတ်တွေကိုင်လို့ လူတစ်စုကို သူတို့
မြင်လိုက်တယ်။ သူတို့ကိုလိုက်ရှာနေတဲ့အဖွဲ့ ဖြစ်မယ်ထင်တယ်။ အနီးနားလည်းရောက်ရော အဲဒီလူစုဟာ
လိုက်ရှာနေတဲ့သူတွေ မဟုတ်ဘဲ လူရိုင်းတွေ ဖြစ်နေတယ်။ လူရိုင်းတွေဟာ သူတို့ကို တွေ့တွေ့ချင်းပဲ
နွယ်ကြိုးတွေနဲ့ တုပ်လိုက်တယ်။ ခြေထောက်နဲ့ ကန်တယ်။ သူတို့နားမလည်တဲ့ စကားတွေနဲ့ သူတို့ကို
ပြောတယ်။ ဖမ်းသွားကြတယ်ပေါ့။
ဒီလိုနဲ့ တစ်ညလုံးလမ်းလျှောက်လိုက်ရတာ မိုးလင်းသွားရောဆိုပါတော့။ မိုးလင်းတော့လည်း
ဆက်ပြီးလျှောက်ရပြန်တယ်။ လမ်းမှာတွေ့တဲ့ အသီးတွေကို ခူးစား။ တွေ့တဲ့ရေကိုသောက်။ ခရီးဆက်လိုက်
တာ။ နှစ်ညအိပ်လောက်ကြာမှာ လူရိုင်းတွေနေတဲ့ ရွာကိုရောက်ပါတော့တယ်။
ရွာကိုလည်းရောက်ရော ရွာလူကြီးလို့ထင်ရတဲ့ ပုဂ္ဂိုလ်ကြီးက အဲ့ဒီသူငယ်ချင်း သုံးယောက်ကို
လှံကြီးနဲ့ ရွယ်တယ်၊ ချိန်တယ်၊ သတ်ပစ်မယ်ပေါ့။ အဲ့ဒီအချိန်မှာ “ လူ ”စကား နည်းနည်းပြောတက်တဲ့
စကားပြန်တစ်ယောက်ရောက်လာတယ်။
“ ငါတို့ လူကြီးကပြောတယ်။ ငါတို့ရွာမှာ လူတစ်ယောက်ရဲ့ကံကြမ္မာကို စမ်းသပ်တဲ့နည်းရှိတယ်။
ကံကောင်းရင် အသက်ရှင်မယ်။ ကံဆိုးရင် အသက်သေမယ်။ စမ်းသပ်တဲ့နည်းကလည်း မခက်ဘူး။ ဟိုမယ်
တွေ့လား။ ဥယျာဉ်ခြံထဲမှာ သစ်သီးပင်တွေ စိုက်ထားတယ်။ အဲဒီ သစ်သီးပင်တွေထဲက အမျိုးအစားတူတဲ့
သစ်သီး (၁၀) လုံးခူးခဲ့၇မယ်။ မင်းတို့ခူးခဲ့တဲ့ သစ်သီးပေါ်မူတည်ပြီး မင်းတို့ရဲ့ အသက်နဲ့ ကံကြမ္မာကို
ဆုံးဖြတ်မယ်။ ကဲ မင်းတို့သုံးယောက် နှစ်သက်ရာ အမျိုးအစားတူ သစ်သီး (၁၀) လုံးစီခူးခဲ့၊ သွားကြ ”
သူငယ်ချင်းသုံးယောက်ဟာ ဥယျာဉ်ခြံထဲကို အပြေးအလွှားပဲ သွားကြပါတယ်။
ပထမဆုံးတစ်ယောက်က ပန်းသီး (၁၀) လုံး ခူးလာတယ်။ စကားပြန်က ပြောတယ်။
“အဲဒီ ပန်းသီး (၁၀) လုံးကို အသံမထွက်ပဲ အလုံးလိုက်မျိုချရမယ်။ အသံထွက်လာရင် သတ်မယ်၊
အသံမထွက်ရင် အသက်ရှင်မယ်”
စဉ်းစားကြည့်ကြပေါ့ဗျာ။ ပန်းသိး (၁၀) လုံး။ အလုံးလိုက် ဘယ်လိုမျိုချနိုင်မှာလဲ။ ဒီလိုနဲ့ အသက်
ခံလိုက်ရရော ဆိုပါတော့။ အသက်ထွက်ထွက်ချင်းပဲ သူဟာ ငရဲပြည်ကို ရောက်သွားပါတော့တယ်။
အဲဒီအချိန်မှာ ဒုတိယသူငယ်ချင်းက စပျစ်သီး (၁၀) လုံးခူးပြီး ရောက်လာတယ်။ ထုံးစံအတိုင်းပဲ
စကားပြန်က ပြောတယ်။
“ စပျစ်သီး (၁၀) လုံးကို အသံမထွက်ပဲ အလုံးလိုက်မျိုချရမယ်။ အသံထွက်ရင် သတ်မယ်၊
အသံမထွက်ရင် မင်းအသက်ရှင်ရမယ်”
စပျစ်သီးဆိုတာ သေးသေးလေးတွေဆိုတော့ တစ်လုံးပြီးတစ်လုံး အသံမထွက်ပဲ မျိုချပါတော့
တယ်။ ဒီလိုနဲ့ (၉)လုံးမြောက် အရောက်မှာ အသံထွက်ပြီး “ရယ်”လိုက်တယ်။ အဲဒါနဲ့အသက်ခံရပါလေရော။
ဒီကောင်းလည်း ချက်ချင်းဆိုသလိုပဲ ငရဲပြည်ရောက်သွားတယ်။
ငရဲပြည်မှာ သူငယ်ချင်းနှစ်ယောက်တွေ့ကြတော့...ပထမသူငယ်ချင်းက မေးတယ်။
“ဟေ့ကောင်...မင်းဘာအသီးစားလို့ အသက်ခံရတာလဲကွ”
“စပျစ်သီးကွ”
“ဟ...စပျစ်သီး (၁၀)လုံးများ အသံထွက်အောင် စားရတယ်လို့ကွာ။ ငါကတော့ ပန်းသီးမို့
အသက်ခံရတာ။ အံ့သြပါ့ကွာ”
“မင်းဘာသိလို့လဲ။ ငါက...စပျစ်သီးကို အသံမထွက်ပဲ ကြိတ်မှိတ်ပြီး မျိုချနေတုန်း ဟို...
ကောင်ဘာသီးတွေခူးပြီး ပြေးလာတယ်မှတ်တုန်း၊ သူ့ကိုကြည့်ပြီး ငါအသံထွက် “ရယ်” မိလို့ အသတ်
ခံရတာ”
“ဒီကောင်က ဘာအသီး (၁၀) လုံးခူးလာလို့တုန်း”
“ဒူးရင်းသီး (၁၀) လုံး ခူးလာတယ်တဲ့ကွာ”
ငရဲပြည်ရောက် သူငယ်ချင်းနှစ်ယောက် တဟားဟားနဲ့ ရယ်လိုက်ကြတော့တယ်။
အဲဒီအချိန်မှာ တတိယသူငယ်ချင်း ငရဲပြည်ကို ရောက်လာတယ်။
“မင်းတို့ကမှ မင်းတို့ခူးလာတဲ့အသီး စာခွင့်ရသေးတယ်။ ငါကတော့...ငါခူးလာတဲ့အသီး
မစားရဘဲ အသက်ခံရတာကွ”
သူငယ်ချင်းသုံးယောက် ငရဲပြည်မှာ ပျော်ပျော်ပါးပါးကြီး ရယ်မောလိုက်ကြပါတော့တယ်။
......................................................................................
သူငယ်ချင်းဆိုတာ ဒီလိုမျိုးပါ။
ပန်းသီးပဲစားရစားရ၊ စပျစ်သီးပဲ စားရစားရ၊ ဒူးရင်းသီးပဲ စားရစားရ၊ ဘယ်ဘ၀ပဲရောက်
ရောက်၊ ဘယ်အခြေအနေပဲရောက်ရောက်၊ ဘယ်လိုစည်းစိမ်တွေကို ပိုင်ဆိုင်ပိုင်ဆိုင် သူငယ်ချင်းတွေဆို
တာ သူငယ်ချင်းတွေပဲ ဖြစ်သင့်တယ်။ သူငယ်ချင်းတွေအကြားမှာ ဂုဏ်တွေ၊ အရှိန်အ၀ါတွေ၊ အောင်မြင်
မှုတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ စည်းခြားမထားသင့်ဘူး။ အားလုံး ပျော်ပျော်ပဲပေါ့ကွာ။
တကယ်တော့...သူငယ်ချင်းဆိုတာ....
ရင်ဖွင့်ဖော် ရင်ဖွင့်ဘက်၊ ပျော်ဖော်ပျော်ဖက်၊ ချစ်ဖော်ချစ်ဖက်၊ စိတ်ရဲ့ချမ်းသာမှုကို
အမျိုးမျိုးပုံဖော်ပေးနိုင်တဲ့ သဘာဝကဖန်တီးထားတဲ့ လူသားတွေပဲ မဟုတ်ပါလားခင်ဗျာ...။
(ရယ်သောသူ အသက်ရှည်၏လို့တော့ ပြောကြတာပဲ၊ မရယ်ရရင်လည်း နောက်တစ်ခေါက်ဖတ်ပေါ့)
သားငယ်လေး