ရွှေမြို့သူမှ ချစ်သူ့မြို့တော်သို့ပေးစာ (ချစ်သ၀ဏ်လွှာ)
သူငယ်ချင်းများအားလုံး မင်္ဂလာရှိသောနေ့လေးပါနော်
ချစ်သူ့မြို့တော်မှာ အပြိုင်အဆိုင် ချစ်သူ့အကြောင်း ဖွဲ့နွဲ့ပြီး ချစ်သ၀ဏ်လွှာရေးကြတာတွေ့တော့လည်း
မြို့သူလေးလည်း ရေးချင်လာရော။ ခက်တာက ဘယ်သူကို ရည်ညွန်းပြီး ရေးရမှန်းမသိ။ ချစ်သူ့မြို့တော်ဆီကိုပဲ
ရည်ညွန်းပြီးရေးတော့မယ်.။။။။။။။။။။။။။။။။။။။။။။။။။။။
အွန်းလိုင်းပေါ်မှာ ဘာရယ်မဟုတ် လိုက်ကလိရင်းနဲ့ မောင်လေးဆီကနေ ဒီဆိုဒ်လေးကို သိခဲ့ရတယ်
ဆိုဒ်လေးနာမည်က ချစ်သူ့မြို့တော်တဲ့ အဲဒီတည်းက နာမည်ကြားပြီးတော့တောင် ရင်ခုန်နေတာ
အချစ်မြို့လေးထဲကို မှတ်ပုံတင်ရင်းရောက်လာတဲ့ရက်ကတော့ မတ်လ 8 ရက်နေ့။
ရောက်စတုန်းကတော့ ယောင်ချာချာနဲ့ပေါ့။
အခုတော့ပျော်နေပြီလေ။
မနက်မိုးလင်းတာနဲ့ မျက်စိနှစ်လုံးဖွင့် ကွန်ပျူတာရှေ့ထိုင်ပြီး ချစ်သူ့ဆိုဒ်လေးဖွင့်ကြည့်ရတာ အမော။
အချစ်မြို့လေးကို တစ်နေ့မ၀င်ရရင် တစ်နေ့ စားမ၀င်အိပ်မပျော်ဘူး
အချစ်မြို့လေးမှာ ကဗျာတွေ စာပေတွေဖတ်ရတာက ပျော်စရာကောင်းသလို၊ဗဟုသုတလည်းရ...................
သူငယ်ချင်းအိမ်လေးတွေအပြန်အလှန်လိုက်လည်ရင်းနဲ့ ပေါက်ကတရကော့မတ်တွေပေးကြ ရေးကြ
လက်ဆောင်တွေ ပေးကြရတာ စိတ်ကြည်နူးစရာပါပဲ။
ပြည်ပမှာ ရောက်နေတဲ့မြို့သူလေးအတွက်ကတော့
ချစ်သူ့မြို့တော်လေးသာ သူငယ်ချင်း
ချစ်သူ့မြို့တော်လေးသာ အပန်းဖြေရာနေရာ
ချစ်သူ့မြို့တော်လေးသာ ချစ်သူပါနော်။။။။။။။။။။။။။
ချစ်သူနဲ့သာ ဝေးရမယ်ဆိုရင်တော့ မြို့သူလေး ရင်ကွဲပြီး သေနိုင်ပါတယ်။
ချစ်သူ့ဆိုဒ်ထဲ မ၀င်ရတဲ့နေ့မျိုးဆိုရင် ချစ်သူ့ကိုအရမ်းလွမ်းမိပါတယ်။
သူငယ်ချင်းတွေနဲ့ဝေးနေရတဲ့မြို့သူလေး ဘ၀မှာ ဒီအချစ်မြို့လေးရှိနေလို့သာ ပျော်ရွှင်နေရသူပါနော်။
ချစ်သူ့မြို့တော်ဆိုဒ်လေးကို တည်ထောင်ပေးတဲ့သူကိုလည်း အထူးပဲ ကျေးဇူးတင်မိပါတယ်။
ချစ်သူ့မြို့တော်မှ သူငယ်ချင်းများကို အစဉ်အမြဲလေးစားချစ်ခင်လျက်
ရွှေမြို့သူ
မှတ်ချက်။ တာဝန်ယူသူ မှုံ့နံ့သာဖြူနဲ့ ရွှေပေထုတ်ကို သနားလို့ တင်ပေးတာနော်