Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

စပ်မိစပ်ရာဟာသလေးများ(၄)

$
0
0

အပြေးလေ့ကျင့်ခန်း... စလုပ်
    အလှအပနဲ့ ကျန်းမာရေးကို အထူးအလေးထားတဲ့ ဒေါ်မော်လီတို့ သားအမိနှစ်ယောက်ဟာ မနက်ဆိုရင် တောင်တက်၊ လမ်းလျှောက် လေ့ကျင့်ခန်းလုပ်တယ်။ ညနေပိုင်းဆို ရေကူးကန်ကိုသွားပြီး ရေကူးတယ်။
အမေရော သမီးရော နှစ်ဦးစလုံးက အလန်းဇယားတွေမို့ မြင်သူတိုင်းကငေးကြရတဲ့တွေဆိုပါတော့။ ဒါကိုပဲ သားအမိနှစ်ယောက်စလုံးက သူတို့အလှအတွက် ဂုဏ်ယူလို့မဆုံးဘူး။ တစ်နေ့ညနေခင်းမှာ သားအမိနှစ်ယောက် ရေကူးကန်မှာ ရေကူးနေတုန်း သမီးဖြစ်သူ လူမီတစ်ယောက် ရေကူးပြီး ရေကူးကန်ကအတက်မှာ ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။
    သူ့အမေ ဒေါ်မော်လီက သမီးရဲ့ အဖြစ်ကို မြင်မြင်ခြင်း ရေကူးကန်ဘေးမှာ ထောင်ထားတဲ့ ဗီနိုင်းဆိုင်းဘုတ်ကို အမြန်ယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။ ဆိုင်းဘုတ်ပေါ်မှာရေးထားတာက “အမျိုးသားသီးသန့်” ဒါကြောင့် ဒေါ်မော်လီက ဆိုင်းဘုတ်ကို တစ်ဖက်အမြန်လှည့်ပြီး ကာလိုက်တယ်။ အဲဒီဘက်မှာ ရေးထားတာက လူကြီး ၁၀၀၀၊ ကလေး ၅၀၀၊ လူဦးရေ အကန့်အသတ်ရှိသည် ဆိုတဲ့ သတိပေးကြော်ညာ ဖြစ်နေပြန်တာကြောင့် သူတို့ကို ကြည့်နေတဲ့သူတွေ ပြုံးရာကနေ အသံထွက် ရယ်ကြပါလေရော။
    ဒေါ်မော်လီက အနားမှာရှိတဲ့ ဆိုင်းဘုတ်တစ်ခုကို အမြန်ဆုံးယူပြီး ပြန်ကာပေးလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီဆိုင်းဘုတ်မှာရေးထားတာက “အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ” တဲ့။ လူတွေအားလုံး ၀ါးလုံးကွဲရယ်မောသံနဲ့အတူ ဒေါ်မော်လီတို့ သားအမိနှစ်ယောက် ရေကူးကန်ကနေ လှစ်ကနဲ ပြေးကြပါလေရော။ အပြေးလေ့ကျင့်ခန်း စလုပ်တာနေမှာပေါ့။

I Love You!
    ကိုမြတ်ကျော်တို့ လက်ဖက်ရည်ဝိုင်းလေးတွေ လူစုံတယ်။ ညနေဆိုရင် လက်ဖက်ရည်ဆိုင်မှာ တစ်စားပွဲထဲ ထိုင်ကြတဲ့သူတွေထဲမှာ စတိုးဆိုင်ပိုင်ရှင်၊ ကားပွဲစား၊ အငြိမ်းစားကျောင်းအုပ်ကြီး၊ ဈေးချိုဆိုင်ခန်းပိုင်ရှင်၊ ဂျာနယ်လစ်၊ အင်ဂျင်နီယာ၊ ဆရာဝန်၊ လုပ်ငန်းရှင်တွေပါတယ်။ အသက်အရွယ်မျိုးစုံ၊ လုပ်ငန်းမျိုးစုံသူတွေက ညနေခင်းကနေ ညဦးပိုင်းထိ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ သတင်းဖလှယ်ကြတဲ့ နေရာလေးဟာ အ၀တ်အထည်စတိုးဆိုင်ပိုင်ရှင် ကိုအောင်ထွန်းဦးဆောင်တဲ့ လက်ဖက်ရည်ဝိုင်းလေးဖြစ်ပါတယ်။
    တစ်ညနေမှာတော့ စကားကောင်းနေကြရင်းကနေ ညဦးပိုင်းရောက်တဲ့အချိန်မှာ “အချစ်” ဆိုတဲ့ အကြောင်း စကားဦးလှည့် ဆွေးနွေးကြရင်းကနေ ကိုယ့်မိန်းမဆီကို “နင့်ကို ငါချစ်တယ်” ဆိုတဲ့ မက်ဆေ့ဂ်ျပို့ပေးကြဖို့ သဘောတူလိုက်ပြီး ဖုန်းကိုယ်စီနဲ့ ကိုယ်မိန်းမဆီကိုယ် “နင့်ကို ငါချစ်တယ်” ဆိုတဲ့ မက်ဆေ့ဂ်ျ ပို့ကြတယ်။
    အသက်(၂၀) ၀န်းကျင်ပဲရှိတဲ့ ညားကာစ ကားပွဲစားလေးရဲ့ဇနီးက ပြန်ပို့တဲ့မက်ဆေ့ဂ်ျက “နင့်ကိုလည်း ငါချစ်တယ်” တဲ့။ အသက်(၃၅) အရွယ် လက်ဖက်လုပ်ငန်းရှင်ရဲ့ဇနီးက ပြန်ပို့တဲ့မက်ဆေ့ဂ်ျက “ရှင် အရက်ဆိုင် ရောက်နေတာမဟုတ်လား” တဲ့။ အသက်(၄၀) အရွယ် ဂျာနယ်လစ်ရဲ့ဇနီးက ပြန်ပို့တဲ့မက်ဆေ့ဂ်ျက “ရှင်နေတော့ ကောင်းပါတယ်နော်” တဲ့။ အသက်(၅၀) အရွယ် ကိုအောင်ထွန်းရဲ့ဇနီးက ပြန်ပို့တဲ့မက်ဆေ့ဂ်ျက “ကိုအောင်ထွန်း ရှင်လူမှားပြီး ပို့လိုက်တာမဟုတ်လား” တဲ့။
    အသက်(၇၀)အရွယ် အငြိမ်းစားကျောင်းအုပ်ကြီးရဲ့ဇနီးက မက်ဆေ့ဂ်ျမပို့ဘူး။ ဖုန်းပြန်ဆက်တယ်။ “တော် တအားနေမကောင်းဖြစ်နေပြီ။ တော့်ကို လာပြီးခေါ်ဖို့ သားတွေဆီ ဖုန်းဆက်ထားတယ်။ အမြန်လာခဲ့မယ်” တဲ့။ အသက်(၇၅)နှစ်အရွယ် ဆရာဝန်ကြီးရဲ့ဇနီးက မက်ဆေ့ဂ်ျအမြန်ပြန်ဝင်လာတယ်။ “တော် ဒီနေ့ ဆေးသောက်ဖို့မေ့သွားတယ်။ သတိမပေးလိုက်ရဘူး” တဲ့။ အသီးသီး မက်ဆေ့ဂ်ျတွေပို့ပြီး မက်ဆေ့ဂ်ျတွေ ပြန်ဝင်လာပေမယ့် အသက်(၄၅)နှစ်အရွယ် အင်ဂျင်နီယာက မက်ဆေ့ဂ်ျပို့နေတာ မပြီးသေးဘူး။ ဖုန်းမကောင်းလို့လားလို့ အားလုံးက ၀ိုင်းမေးတော့ “ဟုတ်ဘူး၊ ပို့ရမယ့် သူတွေကများနေတော့ ပို့နေတာကို မပြီးသေးဘူး” တဲ့။

အချစ်အတွက်အဆိုအမိန့်များ(သို့) ရည်းစားစာရေးနည်းလမ်းညွှန်(၁)
    ရည်းစားစာရေးနည်း လမ်းညွှန်ပါ။ ကမ္ဘာကျော်ကြီးများက အချစ်အတွက် ဘယ်လိုများ ဆိုမိန့်သွားခဲ့တယ်ဆိုတာကို လေ့လာကြရအောင်...

“ကမ္ဘာပေါ်မှာ ရှိရှိသမျှ သစ်ရွက်တွေ အားလုံးပေါ်မှာ မင်းကို ချစ်တယ် ချစ်တယ်လို့ လိုက်ရေးလို့ ပြီးရင်တောင် ကိုယ်ရေးနေရတာ အားမရသေးပါဘူး အချစ်ရယ်...” (နပိုလီယံ)

“တစ်ကယ်လို့သာ အက္ခရာတွေကို ပြန်စီခွင့်ရရင် U နဲ့ I ကို ကပ်ပြီးထပ်လိုက်မယ် (You & I) မင်းနဲ့ ငါ ကပ်နေအောင်လို့ပေါ့။” ကာရိုဗွန်ဒါမန်

“မင်း မိုးပေါ်က ကျလာတော့ ထိခိုက်အနာတရများ ဖြစ်သွားသေးလား။” မာရီယိုကိုနီ(ဗြိတိန်ရုပ်သံ သရုပ်ဆောင် နာမည်ကျော်)

“မင်းမှာ မြေပုံအညွှန်းစာရွက် ပါမလာဘူးလား၊ အခုချိန်ထိ ငါ့မျက်ဝန်းထဲမှာ လမ်းပျောက်နေပြီး ထွက်မသွားနိုင်သေးဘူးနော်။ စကော့တလန် အဆိုတော် သီချင်းရေးဆရာ ဒါးရီးယပ်ဒန်နက်(ရှ်) ငါ့စိတ်ထဲမှာ ပြေးလွှားလှုပ်ရှားနေရတာ မင်းမမောသေးဘူးလားကွာ။” လီရှပ်(မန်ယူကစားသမားဟောင်း)

“မင်းကို ဖမ်းလိုက်ပြီ၊ ငါ့အိပ်မက်ထဲ အခွင့်မရှိဘဲ ၀င်လာလို့...” ရိုင်း(စ်)အိုင်ဗန်း(သရုပ်ဆောင်)

“မင်းရဲ့မေမေက ကဝေမကြီးတစ်ဦး ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ကြယ်တွေကိုယူပြီး မင်းမျက်ဝန်းမှာ ထည့်ပေးနိုင်လို့။” ကာလမ်းဘတ်(မော်ဒယ်ဟောင်း၊ ဗြိတိန်)





Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>