Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

♥♥♥မျှော်လင့်နေတယ်….ကိုရယ်♥♥♥

$
0
0

ကိုလို့ခေါ်ရမလား……..မောင်လို့ခေါ်ရမလားဆိုပြီးစဉ်းစားနေတာ…ကြာလှပါပြီ။ နောက်ဆုံးတော့ ချို့ထက်အသက်ကြီးတဲ့သူမို့ ကိုလို့ပဲ ခေါ်ဖို့ဆုံးဖြတ်လိုက်တယ်။

မနက်လင်းတာနဲ့ ကို့အတွက် ဘာဟင်းချက်ပေးရရင်ကောင်းမလဲလို့ စဉ်းစားရတာအမောပါ။ မေမေကတော့ ဟင်းတွေက ညည်းချက်တဲ့ ဟင်းတွေက ညည်းမကြိုက်တဲ့ဟင်းတွေပဲတဲ့။ ချိုက မေမေ့ကို ညာရတာပေါ့။ သူငယ်ချင်းတွေကြိုက်လို့ ချက်တာလို့။ မေမေက ဘာမှတော့ မပြောပါဘူး။ သူသိနေသလိုပဲ။

ဟုတ်တယ်လေ….ချိုက ကို နေ့လယ်စားဖို့၊ ဆာရင်စားဖို့ ယူသွားတာလေ။

ကိုဆိုတာက ချို့ရဲ့ အလုပ်ရှင်ဆိုလဲဟုတ်။ ကွန်ပျူတာပညာကိုသင်ပေးတဲ့သူလဲဟုတ်တယ်လေ။ ကိုက အလုပ်လုပ်ရင် စေ့စေ့စပ်စပ် ဒေါင့်စေ့အောင်လုပ်တာ။ ကိုက ခရီးလည်း ခဏခဏသွားတယ်။ ကိုသွားရတာက နယ်တွေမှာ ကို့ကို ကွန်ပျူတာအကြောင်း ဆွေးနွေးဖို့ဖိတ်ရင် အမြဲသွားတယ်လေ။ ရန်ကုန်ကို ကွန်ပျူတာလုပ်ငန်းနဲ့ပတ်သက်ရင်လဲ ခဏခဏသွားတယ်။

ဒါတွေ ဘာ့ကြောင့်ပြောရတာလဲဆိုတော့ ကို အဲလို ခရီးသွားရင် ချိုက ကို့ နေရာကနေ အလုပ်တွေကို ဦးစီးပြီးလုပ်ရတာလေ။ ကိုက ချို့ကို စိတ်ချတယ်တဲ့။ လိုအပ်တာတွေကိုတော့ ကိုက ဖုန်းဆက် မှာတတ်ပါတယ်။

ချိုက ကို့ဆီက ဖုန်းမလာရင် အလုပ်အကြောင်းပြောရတယ်။ လုပ်ငန်းအခြေအနေတွေ ပြောရတယ်။ ကို နဲ့ အလုပ်လုပ်ရတာ စိတ်ချမ်းသာတယ်။ ဘယ်တော့မှ မဆူဘူး။ မငေါက်ဘူး။ တတ်အောင် သင်ပေးတယ်။

ကိုကတော့ ချိုနဲ့အလုပ်တွေလွှဲထားပြီး တစ်နေကုန် ပရိုဂရမ် ရေးချင်ရေးနေတာ။ ရုံးကအပ်ထားတဲ့ ငွေစာရင်းပရိုဂရမ်၊ ကိုယ်ရေးပရိုဂရမ်တွေ ရေးနေတာလေ။ နောက်ရှိသေးတယ်။ ကိုက အင်တာနက်ပေါ်မှာ စာတွေရေးတယ်၊ နည်းပညာတွေတင်တယ်။ သိပ်အောင်မြင်တာပဲ။

နောက် ကိုက စာတွေ အရမ်းဖတ်တာ။ ကို့အိမ်ကို ရောက်ရင် စာကြည့်တိုက်ကြီးတစ်တိုက်ထဲ ၀င်ရသလိုပဲ။ စာအုပ်တွေလည်းစုံတယ်။ မြန်မာလိုရော။ အင်္ဂလိပ်လိုရောပဲ။ စာအလွန်ဖတ်တာ။  ကိုက ငယ်ငယ်က ဆင်းရဲတယ်။ ကိုယ်ပိုင်အိမ်တောင်မရှိဘူး။ ကို့မိသားစုက ကို့ကို သူ့တို့ ပိုင်တဲ့ မြေကွက်လေး ရောင်းတာလေ အမွေတောင်မပေးဘူး။ ကိုက အဲဒါကို ဘယ်တော့မှ ၀မ်းနည်းတယ်မပြောဘူး။ အောင်မြင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ကို ကြိုးစားလို့ အခုလို ချို့ရဲ့အလုပ်ရှင်ြ့ဖစ်လာတာ။ ကိုကြိုးစားလို့ နိုင်ငံခြားမှာ ကွန်ပျူတာသွားသင် သေးတယ်။ အဲဒါကို ချိုနောက်မှ သိရတာပါ။ ကိုက တော်တော်လျှို့ဝှက်တယ်။ အချစ်နဲ့ပတ်သက်ရင် တော်တော်လျှို့ဝှက်တယ်။

ရည်းစားဟောင်းရှိတယ်တဲ့။ သူ့ထက်အသက်ကြီးပြီး ပိုက်ဆံရှိတဲ့သူနဲ့ယူသွားလို့ သူ့ရည်းစားဟောင်း ထက်သာအောင်  လုပ်မယ်ဆိုပြီးလုပ်နေတာတဲ့။

ကို့အကြောင်းကတော့ ပြောမဆုံးပေါင်။ တောသုံးတောင်ပဲ။

အခုရက်ပိုင်း ကို အရမ်းမှိုင်နေတယ်။ ဘာဖြစ်တာလဲ မသိဘူး။ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ထားတဲ့ပုံပဲ။ ကို့လောက် သဘောကောင်းတဲ့သူကို ဘယ်သူကများ ရန်တွေ့ထားတာလဲ မသိဘူး။ မျက်ရည်တွေ ၀ဲနေတဲ့အခါရှိတယ်။

အဲ….ပြောရအုံးမယ်။ ကိုက အလုပ်ပဲလုပ်တဲ့။ ဒီမှာ အချစ်ဇာတ်ကားအကြောင်း၊ ရည်းစားအကြောင်း မဆွေးနွေးရဘူးတဲ့။ အားနေရင် စာဖတ်တဲ့။

နောက်တစ်ခုက သူ့စားပွဲနားကို ဘယ်သူမှ အကပ်မခံဘူး။ ချိုက မသိမသာနဲ့သွားရင်တောင် ပါးစပ်က မပြောဘူး။ မျက်နှာက မကြိုက်တဲ့အမူအယာပြတယ်။ နောက်တော့ မသွားတော့ပါဘူး။

ခရီးသွားတယ်ဆိုပြီး ကို သုံးနေတဲ့ကွန်ပျူတာကို သွားမဖွင့်လေနဲ့ ပတ်စ်ဝါ့ မျိုးစုံပေးပြီး ပိတ်ထားတာ။ ကိုပြောတာက သူရေးနေတဲ့ ပရိုဂရမ်တွေ တစ်ယောက်ယောက်က ကလိရင်ပျက်သွားမှာစိုးလို့တဲ့။

ပြောနေတာက ဘယ်ရောက်သွားလဲတောင်သိဘူး။ အဲဒီ ကို ဆိုတဲ့ ချို တစ်ဖက်သတ်ချစ်နေတဲ့သူ အတွက် ဘာကိုပဲလုပ်ပေးရလုပ်ပေးရ လုပ်ပေးချင်တယ်။

ကို့ပုံကို ပြောရအုံးမယ်။ ကိုက ငယ်ငယ်တုန်းက တော်တော်ချောတယ်။ အသားဖြူတယ်။ ကို့လက်ကလေးတွေ၊ ခြေထောက်လေးတွေက ဖွေးနုနေတာပဲ။ အခု ၀ လာတယ်။ ၀ မှာ ပေါ့ အားကစားမှ မလုပ်တာ။ ၂၄ နာရီ ကွန်ပျူတာ သုံးနေတာ။ ကို က အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်တတ်တယ်။ အစားအသောက် ဂျီးများဘူး။ စေတနာကောင်းလွန်းအားကြီးတယ်။ အပျော်အပါး အသောက်အစားဆိုတာကတော့ ဝေလာဝေး။

ချိုက ကို့ကို တကယ်ချစ်ရသူပါ။ ကိုကတော့ ချို့ကို တပည့်တစ်ယောက်လို၊ အလုပ်သမား တစ်ယောက်လိုပဲ ဆက်ဆံနေတော့ ချို့ရင်ထဲမှာ ခံစားနေရတာကို ဘယ်သိပါ့မလဲ။

ကိုရယ်…ချို က မိန်းကလေးပါ……..ရင်ထဲမှာခံစားနေရတာ ကြာပါပြီ…….ကို့အတွက် ချို့ရင်ထဲက စကားတွေကို ကိုရီးယား ကားထဲက မင်းသမီးလိုပြောလို့ရရင်ပြောလိုက်တယ်တယ်။

“ချိုလေ ကို့ ကို သိပ်ချစ်ပါတယ်” လို့လေ။

ချိုသဲမာ

 

ချစ်သ၀ဏ်လွှာခေါ်တုံးက တင်မလို့ရေးထားတာလေ အခုမှ တင်ဖြစ်တယ်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>