တစ်ခါတုန်းကပေါ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ဘယ်သူမသိအောင်ခိုးချစ်ကြရတယ်တဲ့ သူတို့ဟာအရမ်းကိုချစ်ကြတဲ့ချစ်သူတွေပါ. ဘာဖြစ်လို့မသိစေချင်တာလဲဆိုတော့ ကောင်လေးကအသက်ငယ်တယ် ကောင်မလေးကအသက်ကြီးပြီးပညာလဲပိုတတ်တယ်လေသူတို့ဖြစိနေကြတာကိုလူတွေကကောင်မလေးကိုလှောင်ကြတယ်လေ ဘယ်သူမှလဲသူတို့ကိုသဘောမတူကြဘူး ဒါပေမယ့်ကောင်မလေးနဲ့ကောင်လေးတို့ဟာ ဘယ်သူမသိအောင်ခိုးချစ်ရတဲ့ချစ်သူတွေဘ၀ရောက်ခဲ့ကြတယ် ကောင်မလေးနဲ့ကောင်လေးချစ်ခြင်းဟာ အရမ်းကိုပျော်စရာကောင်းသလိုအရမ်းလဲစိတ်တွေလေးခဲ့ကြရတယ်ရန်တွေလဲခဏခဏဖြစ်ခဲ့ကြတယ်ပျော်စရာကနဲနဲပေါ့ သူတို့ဟာအခက်ခဲတွေအများကြီးကျော်ဖြတ်ကြရတယ် ခါးသီးမှုတွေ- လူတကာရဲ့အထင်သေးတဲ့အကြည့်တွေ ခံခဲ့ကြရတယ် ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာဘယ်သူမမသိအောင်တိတ်တိတ်လေးနေခဲ့ကြရတယ် ချုပ်ချယ်မှုတွေအများကြီးနဲ့ပေါ့ နှစ်ဦးသားညှိုညှိနှိုင်းနှိုင်းနဲ့နေလာခဲ့ကြတာ ချစ်သူသက်တမ်3းနှစ်တောင်ပြည့်ခဲ့ပြီ သူတို့နှစ်ယောက်နီးစပ်ချင်ပေမယ့် သူတို့နှစ်ယောက်မှာကောင်လေးရဲ့အားနည်းချက်တွေကြောင့်မနီးစပ်နိုင်သေးဘူးပေါ့ ကောင်မလေးရဲ့စိတ်ကတခုခုဆိုအရမ်းတွေးတာကြောင့်ကောင်လေးနဲ့ခဏခဏရန်ဖြစ်ခဲ့ကြတယ် လူတွေသိမှာလဲကောင်မလေးအရမ်းကြောက်တယ်လေ ဘယ်သူမှလဲမသိဘူးပေါ့ နှစ်ယောက်စလုံးရဲ့စိတ်ထဲမှာတော့လွတ်လပ်ခြင်းအရသာကိုအရမ်းနှစ်သက်ကြတယ် တခါတလေ ခိုးတွေရတဲ့အချိန်တွေဆို သူတို့အရမ်းကိုပျော်ကြတယ် ရန်ဖြစ်ကြတဲ့အချိန်ဆိုအရမ်းစိတ်ဆင်းရဲရတယ်တဲ့ တလောကလုံးသိအောင်အော်ပြောလိုက်ချင်ပေမယ့် ကောင်မလေးကိုအရမ်းချစ်တော့တိတ်တိတ်လေးကြေကွဲခဲ့ရတာပေါ့
ဒီလိုနဲ့ ကောင်လေးဟာ သူမနဲ့ခွဲပြီးတစ်နေရာကိုထွက်သွားရမယ့်ရက်ကိုနီးလာပြီလေ
သူတို့ဘယ်ချိန်ကြမှနီးစပ်ကြရမှာလဲ ဘယ်ချိန်ကြမှ အကြင်နာတွေအပြည့်ရှိတဲ့အိမ်လေးဆောက်ခွင့်ရှိမှာလဲ
ဘာကြောင့်သူတို့နှစ်ဦးပျော်စရာတွေရှာမရတာလဲ သင်တို့ရောသူတို့နှစ်ဦးလိုဖြစ်ချင်ပါသလား
သူတို့နှစ်ဦးလိုသုံးနှစ်သုံးမိုးဘယ်သူမှမသိအောင်ချစ်နိုင်ပါ့မလား နှလုံးသားကိုထိမ်းချုပ်ကြရတဲ့သူတို့နှစ်ဦးရဲ့ချစ်ခြင်းလို သင်တို့ရောထိမ်းချုပ်နိုင်ပါ့မလားလို့ ကျွန်တော်မေးခွန်းထုပ်ရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မိုက်ကြီး{ကျောက်ဆည်}
ကြိုးစားပါအုံးမည်