ကနေဒါနိုင်ငံတွင် ဝှေးစေ့ရောင်ရမ်းနာကျင်မှုကြောင့် ဆေးရုံလာပြသောလူနာတစ်ဦးကို အာလ်ထရာဆောင်းရိုက်ကူးရာတွင် ဝှေးစေ့အတွင်း ထူးဆန်သော မျက်နှာကြီးပုံကို တွေ့ရှိခဲ့ရကြောင်း သိပ္ပံဂျာနယ်တစ်စောင်က အောက်တိုဘာလ ၂ ရက်နေ့တွင်ဖော်ပြသည်။
လွန်ခဲ့သောနှစ်နှစ်က အွန်တာရီယိုပြည်နယ်၊ကင်းစတန်ရှိ ကွင်းစ်တက္ကသိုလ်နှင့်ချိတ်ဆက်ထားသော သင်ကြားရေးဆေးရုံတစ်ခုတွင် ဆရာဝန်များက အသက် ၄၅ နှစ် အရွယ်ရှိ လူနာ၏ ကပ္ပယ်အိတ်ကို အာလ်ထရာဆောင်းရိုက်ရာတွင် ယင်းပုံကြီးကိုတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ယင်းပုံကြီးသည် အီဂျစ်၏အမျိုးသားများ ယောက်ျားပီသမှု၊လိင်ကိစ္စတို့နှင့်ဆိုင်သော နတ်ဘုရား မင်၏ပုံရိပ်ဖြစ်သည်ဟု သုံးသပ်မှုများထွက်ပေါ်လာခဲ့သော်လည်း နောက်ဆုံးကောက်ချက်ဆွဲမှုအရ ရှားပါးသော တိုက်ဆိုင်မှုသာဖြစ်သည်ဟု ပညာရှင်များ ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။ ပညာရှင်များက ယင်းလူနာ၏ ကိုက်ခဲနေသည်ဆိုသော ယင်းပုံကြီးပေါ်နေသည့်ဝှေးစေ့ကို ခွဲထုတ်ပေးခဲ့သည်ဟု ဆိုသည်။
www.swesonemedia.org

By: Lon Ely