သူငယ်ချင်းတို့ရေ... ကောင်းသောနေ့လေးပါနော်၊ ဒီတစ်ခါတော့ ဟာဒယလေးတစ်ခု ရေးသားပါ့မယ်နော်၊ မရယ်ချင်လည်း ဖြစ်ညှစ်ပြီး ရယ်ကြပေါ့ဗျာ.....
ကံကောင်းလို့
မြန်မာနိုင်ငံရှိ မြို့ကြီးရန်ကုန်၊ ဗိုလ်ချုပ်ဈေးအတွင်းမှ ရတနာဆိုင်ကြီး တစ်ဆိုင်သို့ လူငယ်စုံတွဲတစ်တွဲ ရောက်လာလေသည်၊ ထိုစုံတွဲသည် ဆိုင်တွင် ခင်းကျင်းထားသော ရတနာများကို အငမ်းမရ ကြည့်ရှုနေကြ၏၊ ဆိုင်ရှင်ကလည်း ဒီစုံတွဲတော့ သေချာပေါက် ၀ယ်မှာပဲဆိုပြီး ပီတိအပြည့်နှင့် ကြည့်နေသည်၊ ထိုစဉ်.....
ဆိုင်ရှင်။ ကြည့်ပါ... ခင်ဗျာ.... ကြည့်ပါ၊ စိတ်ကြိုက်ကို ရွေးချယ်နိုင်ပါတယ်နော်၊
ပုံစံ ဒီဇိုင်း အသစ်ဆိုရင်လည်း လက်ခံပြီး လုပ်ပေးပါတယ်ခင်ဗျာ၊
အတော်ကြာသော်.... ထိုဆိုင်၌ ၀ယ်သူများ ရှင်းသွားလေသည်၊ ထိုစဉ်..... စုံတွဲနှစ်ဦးအနက် လူငယ်က သူဝတ်ထားသော ဂျာကင် အကျီအိတ်များသို့ လက်နှိုက်ပြီး တစ်အိတ်ပြီးတစ်အိတ် ရှာလေ၏၊ သို့သော် ရှာသောအရာကား တွေ့ဟန်မပေါ်၊ ထိုအချင်း အရာကို သတိထားမိသော ဆိုင်ရှင်က....
ဆိုင်ရှင်။ ကိစ္စမရှိပါဘူးဗျာ..... ""ချက်"" ဆိုရင်လည်း ရပါတယ်နော်၊
ကောင်မလေး။ ဟင်း...... ရှင်ကတော့လေ.... လုပ်လိုက်ရင် အဲ့ဒီတိုင်းချည်းပဲ၊
တကယ့် အရေးကြီးတာမှ ကျန်ခဲ့ရတယ်လို့....။
စုံတွဲမှာ ဆိုင်အတွင်းမှ ပြာပြာသလဲ ထွက်သွားကြ၏၊ ဆိုင်ရှင်ကိုပင် နှုတ်မဆက်နိုင်ခဲ့ကြ၊ ဆိုင်ပေါက်ဝနား အရောက်တွင် သူတို့ အချင်းချင်း ပြောဆိုလိုက်သော စကားကို ဆိုင်ရှင်က ကြားသွားလေ၏....
ကောင်မလေး။ ရှင်ဟာလေ.... နေရာတကာ နမော်နမဲနိုင်လွန်းတယ်သိလား၊
ဒီအတိုင်းဆိုရင် ရှင့်ကို ကျမ ဘယ်လိုအားကိုးရမှာလဲဟင်၊
သေနတ်ကို သေချာ ထည့်ခဲ့ပါလို့ သတိအကြိမ်ကြိမ် ပေးထားတာကို။
ကောင်လေး။ အေး...... ထည့်တော့ထည့်တယ်ဟ၊ အကျီချင်း မှားထည့်မိတာ။
ဆိုင်ရှင်။ ဟူးးးးးးးးးးးးးးးးး တော်သေးလို့။
***********
ဂမ္ဘီရပညာရှင်
ပန်းခြံတစ်ခုအတွင်းရှိ ခုံတန်းလျား တစ်ခုပေါ်တွင် လူငယ် ချစ်သူ စုံတွဲတစ်တွဲ အချစ်ကြီး ချစ်နေကြသည်၊ ထိုစဉ် ပန်းခြံအတွင်း လမ်းလျှောက်လာသော အဘိုးအိုတစ်ဦးက အညောင်းဖြေရန် သူတို့ဘေးရှိ ခုံတန်းလျားပေါ်တွင် ၀င်ထိုင်လိုက်သည်၊ လူငယ်စုံတွဲကား အဘိုးအို ရောက်နေသည်ကို ဂရုမထားနိုင် ချစ်ပြီးရင်း... ချစ်နေကြလေသည်....
ကောင်လေး။ ချစ်ရေ... ချစ်ကို ပြောရဦးမယ်သိလား၊ ကိုယ်လေ... ဂမ္ဘီရ ဆရာကြီးဆီမှာ
ပညာ သင်နေတယ်ကွ၊ အခုဆို အတော်လေး တတ်နေပြီပေါ့ဟာ....။
ကောင်မလေး။ ဟင်... ဟုတ်လား ဘာပညာတွေလဲဟင်...။
ကောင်လေး။ သြော်.... ရောဂါ ဝေဒနာ ခံစားနေရတဲ့သူတွေကို နှုတ်ခမ်း အနမ်းလေးပေးရုံနဲ့
သက်သာ ပျောက်ကင်းသွားအောင် ကုပေးတဲ့ ပညာပေါ့ အချစ်ရယ်..။
ကောင်မလေး။ ဟင်.... ဟုတ်လား... ဒီလိုဆို အတော်ပဲ ကိုရေ၊ ချစ်လေ... ဒီလက်မောင်းလေး
နာနေတာကြာပြီ.... အဲ့ဒါ.....
ကောင်လေး။ အိုခေ..... ကိုယ်ကုပေးမယ်လေ... လာ ကဲဟာ... ""ပြွတ်""
(ကောင်လေးက ကောင်မလေး၏ လက်မောင်းကို နမ်းလိုက်သည်)
ကောင်မလေး။ ဟာ.... အစ်ကိုက တကယ်စွမ်းတာပဲ.... ချစ် တကယ်သက်သာသွားတယ်သိလား။
ကောင်လေး။ အင်းလေ.... ပြောသားပဲ၊ ကိုယ်ကျွမ်းကျင်နေပါပြီဆို။
ကောင်မလေး။ အင်း.... ချစ်လေ... ဇက်ကြောတွေလည်း အရမ်းတက်နေတာ သိလား....။
ကောင်လေး။ ဟုတ်လား... အဲ့ဒါလည်း ရတယ်လေ... လာ.. လာ ""ပြွတ်""
(ကောင်လေးက ကောင်မလေး၏ ဇက်ပိုးလေးကို နမ်းလိုက်ပြန်သည်)
ကောင်မလေး။ အယ်..... တကယ့်ကို ချက်ချင်း သက်သာသွားပြီကွာ...။ နောက်ပြီးတော့လေ
ဟိုနေ့ကပေါ့... ချစ်ရဲ့ နှုတ်ခမ်းကိုလေ မေမေ့ရဲ့လက်နဲ့ မတော်တဆ ထိမိတာ
ယောင်ပြီး အခုချိန်ထိ နာနေတာ... သိလား။
ကောင်လေး။ ဟိုက်.... အဲ့ဒါမျိုးလည်း ရတာပဲလေ... လာလာချစ် ""ပြွတ်.. ပြွတ်... ပြွတ်""
ထိုစဉ်..... တစ်ဖက်ခုံတန်းလျားတွင် ထိုင်ပြီး အညောင်းဖြေနေသော အဘိုးအိုက အရှက်တရား ကင်းမဲ့နေသော ထိုစုံတွဲကို ဒေါသထွက်သွားသည်၊ သို့နှင့်.......
အဘိုးအို။ ဟေ့... ဟေ့ သူငယ်၊ အဘမှာလည်း ဝေဒနာတစ်ခု ခံစားနေရတယ်ကွဲ့၊
ကျေးဇူးပြုပြီး အနမ်းလေးနဲ့ ကုပေးလို့ ရမလားလို့ပါကွယ်၊ အဘက
အဲ့ဒီ ဝေဒနာကို နှစ်ရှည်လများ ခံနေရတာ စိတ်ညစ်လွန်းလို့ပါကွယ်...။
ကောင်လေး။ ဟုတ်.... အဘ အဘက ဘာဝေဒနာကို ခံစားနေရလို့လဲဗျာ....။
အဘိုးအို။ အင်း..... အဘ ခံစားနေရတာကတော့ လိပ်ခေါင်း ရောဂါပါပဲကွယ်....။
***********
တစ်ခုတည်း မရှိတာပါ
အသက် (၆၀)ကျော်ပြီ ဖြစ်တဲ့ သူဌေးကြီးက သူနှင့် ပူပူနွေးနွေး လက်ထပ်လိုက်သော ပျိုကညာလေးကို ပြောလေသည်၊ ပျိုကညာလေးကလည်း သွားပါပါ မပါပါ၊ ကားပါရင် ပြီးရော ဆိုသည့်အတွေးနဲ့......
သူဌေးကြီး။ အန်ကယ့် ကြိုပြောထားချင်တယ်ကွယ်....။
ပျိုကညာ။ ဟုတ်.... ပြောပါအန်ကယ်.... မီး.. နားထောင်နေတယ်လေ...။
သူဌေးကြီး။ အင်း.... အန်ကယ်က ကျန်းမာရေး သိပ်မကောင်းဘူးကွဲ့၊
အန်ကယ့်မှာ... သွေးတို့ရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်ရောဂါ၊ ရင်ကြပ်ရောဂါ...
ထိုသို့ ပြောနေခိုက်တွင် ရောဂါမျိုး စုံလင်နေသဖြင့် ချစ်ဇနီးချောလေးမှာ ငါတော့ ဒီအမွေတွေကို တစ်ယောက်တည်း ပိုင်ဆိုင်ရပြီ ဟု တွေးတောရင်း... အားမလို အားမရဖြစ်ကာ မေးလေသည်.....
ပျိုကညာ။ ဟုတ်.... အန်ကယ့်မှာ မရှိတာလည်း ပြောဦးလေ... အန်ကယ်ရဲ့...။
သူဌေးကြီး။ အင်း..... အန်ကယ့်မှာ မရှိတာက တစ်ခုတည်းပါ၊
အဲ့ဒါကတော့..... ""သွား"" ပေါ့ကွယ်...။