Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

စိတ်ဖိအားဖြည်လျော့နည်း (၁ဝ)နည်း

$
0
0

ပီးဘာလုပ်ရမှန်းမသိတဲ့အခါယုံကြည်စိတ်ချရတဲ့သူငယ်ချင်းတစ်ယောက်ကိုရှာပြီးရင်ဖွင့်နိုင်ပါတယ်။ဒါမှမဟုတ်ကျွမ်းကျင်တဲ့အကြံေ၁)ရင်ဖွင့်နည်း.ရင်ထဲမှာခံစားချက်တွေပြည့်သိပ်နေပြးဆရာဒါမှမဟုတ်အတွေ့အကြုံများတဲ့လူကြီးသူမတွေဆီမှာရင်တွင်းကခံစားချက်၊ဖိအားတွေကိုရင်ဖွင့်နိုင်ပါတယ်။
တစ်ခါတလေမှာကိုယ်တကယ်တွေ့ကြုံရင်ဆိုင်နေရတဲ့ပြဿနာတွေကထင်သလောက်မကြီးပါဘူး။ကိုယ့်စိတ်ကဖြစ်ပေါ်နေတဲ့စိုးရိမ်ကြောင့်ကျမှုတွေကပြဿနာကိုကြီးသယောင်ထင်စေပါတယ်။ဒီလိုကြောင့်ကျမှုကိုရင်ဖွင့်မယ်၊ထွက်ပေါက်ပေးမယ်၊ တခြားလူရဲ့အကြံဉာဏ်ကိုနားထောင်မယ်ဆိုရင်ရင်ဆိုင်ဖြေရှင်းလို့ရတဲ့နည်းလမ်းကိုရနိုင်ပြီးအလင်းရောင်ကိုမြင်နိုင်ပါတယ်
(၂)ချရေးနည်း.ရှုပ်ထွေးပြီးရှောင်လွဲလို့လည်းမရတဲ့အခက်အခဲနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါအဲဒီအခက်အခဲတွေကိုချရေးနိုင်ပါတယ်။ပြီးတော့ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကိုလည်းချရေးကြည့်နိုင်ပါတယ်။အဲဒီနည်းလမ်းတွေနဲ့အခက်အခဲကိုဖြေရှင်းနိုင်၊မဖြေရှင်းနိုင်ဆိုတာထက်ဒီလိုထွက်ပေါက်ပေးနည်းကရင်တွင်းခံစားနေရတဲ့စိတ်ဖိအားတချို့ကိုဖြေရှင်းပေးကောင်းပေးနိုင်ပါတယ်။
(၃)အသက်ရှုနည်း.စိတ်ဖိအားအရမ်းများတယ်လို့ခံစားရတဲ့အခါလွယ်ကူမြန်ဆန်တဲ့နည်းကအသက်ကိုရှုသွင်း၊ရှုထုတ်ပြုလုပ်တာပါပဲ။အသက်ကိုတဝကြီးရှုသွင်းပြီးနှစ်စက္ကန့်၊သုံးစက္ကန့်လောက်အောင့်ထားလိုက်ပါ။ပြီးမှပါးစပ်ကနေလေကိုဖြေးဖြေးချင်းရှုထုတ်ပါ။ဒီနည်းအတိုင်းအကြိမ်ကြိမ်ပြုလုပ်ခြင်းဖြင့်သွေးလည်ပတ်မှုကိုပုံမှန်ဖြစ်စေပြီးနှလုံးခုန်နှုန်းကိုလျော့ကျစေပါတယ်။စိတ်နှလုံးကိုတည်ငြိမ်စေပါတယ်။
(၄)ပြေးနည်း.စိတ်ဖိအားအရမ်းများတယ်လို့ ခံစားရတဲ့အခါ တိတ်ဆိတ်တဲ့နေရာ တစ်နေရာရွေးပြီး မိနစ်(၂ဝ)ကနေ (၃ဝ)အထိ အနှေးပြေးဒါမှမဟုတ်လမ်းလျှောက်နည်းနဲ့ခန္ဓာကိုယ်ပေါ်ကကြွက်သားတွေကိုဖြည်လျော့ပေးနိုင်ပါတယ်။ကြွက်သားတွေနဲ့အတူစိတ်ဖိအားလည်းတဖြေးဖြေးဖြည်လျော့သွားမှာပါ။
(၅)ထိုးနည်း.တကယ်လို့စိတ်ဖိအားကအမိန့်အာဏာကရလာတယ်၊မျက်နှာချင်းဆိုင်ပြီးထွက်ပေါက်ပေးလို့လည်းမရတဲ့အခါသဲအိတ်တစ်အိတ် ဒါမှမဟုတ် အဝတ်အိတ်တစ်အိတ်ရှာပြီး ထိုးနိုင်ပါတယ်။ ဒီနည်းက စိတ်ဖိအားတွေကို အတော်အသင့်ပြေလျော့စေနိုင်ပါတယ်။
(၆)စိမ်နည်း.စိတ်ဖိအားတွေများတဲ့အခါရေနွေးနွေးနဲ့ရေစိမ်နိုင်ပါတယ်။ဒီနည်းကသွေးကိုပုံမှန်လည်ပတ်စေတဲ့အပြင်ကြွက်သားတွေကိုလည်းပြေလျော့ပေးပြီးဖိအားကိုလျော့နည်းစေနိုင်ပါတယ်။
(၇)လွှဲနည်း.စိတ်ဖိအားတွေများတဲ့အခါ ခြေလက်တွေကို လွှဲနိုင်ပါတယ်။ စစချင်းမှာ လက်ကောက်ဝတ်ကို ဖြေးဖြေးချင်းလွှဲပါ။ အဲဒီနောက် တံတောင်ဆစ်၊ ပုခုံးအထိ တဖြေးဖြေးအားထည့်ပြီး ပုခုံးကြွက်သားတွေ ပြေလျော့တဲ့အထိ လွှဲနိုင်ပါတယ်။ အဲဒီလိုပဲ ခြေထောက်နှစ်ဖက်ကိုလည်း ဖြေးဖြေးချင်းကနေ အားထည့်လွှဲတဲ့အထိ တင်းကျပ်နေတဲ့ ကြွက်သားတွေကိုဖြည်လျော့နိုင်ပါတယ်။
(၈)ဆိုနည်း.သီချင်းဆိုနှစ်သက်တဲ့လူတွေကစိတ်ဖိအားများလာတဲ့အခါကိုယ်ကြိုက်နှစ်သက်တဲ့သီချင်းကိုအော်ဟစ်သီဆိုရင်းဖိအားတွေကိုလျော့ချနိုင်ပါတယ်။
(၉)ထိုင်နည်းတရားထိုင်တာကလည်းဖိအားတွေကိုပြေလျော့နိုင်တဲ့နည်းတစ်ခုပါ။တရားမထိုင်ဖူးသူတွေကသိတတ်နားလည်သူတွေရဲ့အကူနဲ့ထိုင်နည်းထိုင်ဟန်၊အယူအဆတွေကိုအရင်ဆုံးသိနားလည်အောင်သင်ယူသင့်ပါတယ်။မှန်ကန်တဲ့ထိုင်နည်းကတည်ငြိမ်တဲ့ထွက်သက်ဝင်သက်နဲ့အတူကြွက်သားတွေကိုဖြည်လျော့စေပါတယ်။စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီးခံစားမူကိုကြည်လင်စေပါတယ်။

(၁ဝ)တခြားနည်း.ခံစားမှုအားပြင်းတဲ့ စိတ်ဖိအားတွေအတွက် ကျယ်ပြန့်တဲ့ကွင်းပြင်တစ်ခုခုမှာ အော်ဟစ်တာမျိုး၊ အော်ငိုတာမျိုးတွေ ပြုလုပ်ပြီး စိတ်ဖိအားကို ထွက်ပေါက်ပေး ဖြည်လျော့နိုင်ပါတယ်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>