Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

စိတ်သဘောထားပြည့်ဝတဲ့သူဆိုတာ......

$
0
0

ဒေါနှင့်မောနှင့် ကျောင်းကပြန်လာသော သားကိုတွေ့သော် ဖခင်က"သား.... ဘာဖြစ်လာတာလဲ""သားကို မခံနိုင်အောင် ဝိုင်းစကြလို့""ဘယ်လိုစလိုက်လို့ ဒီလောက်ဒေါသထွက်နေရတာလဲ""သားကို.. ဂျပုတဲ့... ဖက်တီးပုတ်တဲ့.. မျိုးမစစ်တဲ့.... သားက ဒေါသဖြစ်မိတယ်.. ဒါပေမယ့် သူတို့နဲ့ ရန်မဖြစ်ခဲ့ပါဘူး.. သား သဘောထားပြည့်ဝပါတယ်."

"သား... သဘောထား တကယ်ပြည့်ဝရဲ့လား"

 ဖခင်က ပြောပြောဆိုဆိုဇလုံတစ်လုံးကိုယူသားလက်ကိုဆွဲပြီးပင်လယ်ဖက်သို့ထွက်လာခဲ့သည်။ကမ်းခြေသို့ ရောက်သော် ဇလုံကို ရေအပြည့်ဖြည့်ပြီး သားရှေ့တွင် ဇလုံထဲသို့ ကျောက်ခဲတစ်လုံး ပစ်ထည့်လိုက်သည်။ ထိုအခါ ဇလုံထဲရှိ ရေများက အပြင်သို့ ဖိတ်စင်ကျလာသည်။ တဖန် ဖခင်က အတန်ငယ်ကြီးသောကျောက်ခဲတစ်လုံးကို ယူပြီး ပင်လယ်ထဲသို့ ပစ်ထည့်လိုက်သည်။ ပင်လယ်ရေပြင်မှာ လှိုင်းကြက်ခွပ်ကလေးများ ဖြစ်ပေါ်လာပြီး တခဏအတွင်း ငြိမ်သက်သွားခဲ့ပြန်သည်။ထို့နောက် ဖခင်က သားဖက်ကို လှည့်ပြီး "သား.... စိတ်သဘောထား တကယ်ပြည့်ဝသလား... တခြားလူက သားစိတ်ထဲ ကျောက်ခဲသေးသေးလေးတစ်လုံး ပစ်ထည့်လိုက်တာနဲ့ ဘာဖြစ်လို့ ဇလုံထဲက ရေလိုအပြင်ကို လျှံကျလာရတာလဲ..."လေ လာပြီ

ဝါးပင်တွေ လေတိုက်ခံရလို့ ယိုင်ကုန်ကြတယ်..လေ ငြိမ်ပြီဝါးပင်တွေ ပြန်ထောင်မတ်လာကြတယ်။

တိမ် လာပြီ      ကြည်လင်တဲ့ ကန်ရေပြင်ကို တိမ်ဖုံးသွားတယ်..

တိမ် ပြယ်ပြီ   ကန်ရေပြင်ဟာ ကြည်လင်လို့ လာပြန်တယ်။

 လေတိုက်ခံရတိုင်း ဝါးပြန်မထောင်မတ်နိုင်တော့တာ မဟုတ်ဘူး..

တိမ်ဖုံးခံရတိုင်း ကန်ရေပြင် မကြည်လင်နိုင်တော့တာ မဟုတ်ဘူး..

 စိတ်သဘောထား ပြည့်ဝတဲ့သူဆိုတာ....

တခြားလူရဲ့ ရိုင်းပျတဲ့ စကားတစ်ခွန်းကြောင့် သူ့စိတ်ကို လှိုင်းမှုန်တိုင်း မထန်စေဘူး။

တခြားလူရဲ့ ရိုင်းပျတဲ့ အပြုအမူကြောင့် သူ့စိတ်ကို အမုန်းရန်ညိုးတွေနဲ့ မဖုံးလွှမ်းစေဘူး...

 သူငယ်ချင်းတို့လည်း သူတစ်ပါးရဲ့ မှားယွင်းတဲ့ အပြုအမူကြောင့် မိမိစိတ်ကို မုန်တိုင်းတွေ ရန်ညိုးတွေ မဖုံးလွှမ်းပါစေနဲ့.. သူငယ်ချင်းအပေါင်းတို့လည်း... စိတ်သဘောထားပြည့်ဝနိုင်ကြပါစေ.. 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>