ကျွန်တော် မနက်က အရှင်ဆေကိန္ဒ တရားကို နားထောင်လိုက်ရတယ် ဘ၀ခရီးလမ်းဖြောင့် အောင်ဆိုတဲ့ ဆုံးမသြ၀ါဒအကြောင်းဟောပြော
နေတာ ဖြစ်သည်...။ အရှင်ဘုရားက ကျွန်တော်မှတ်မိသလောက်ပြန်ရေးသားရမယ်ဆိုရင် ဒီလို ဟောကြားခဲ့ပါတယ်..
“ မိဘတိုင်းဟာ .. သားသမီးတိုင်းကို ဖြစ်စေချင်တာပဲ သိကြပါတယ်... သူတို့ ဘာဖြစ်ချင်တယ်ဆိုတာကို မသိကြဘူး..။”
” ငါက ဆရာဝန်မို့ ငါသားသမီးလဲ ဆရာဝန်ဖြစ်ရမယ်..။ ငါက အင်ဂျင်နီယာမို့  သားသမီးကလဲ အင်ဂျင်နီယာဖြစ်ရမယ်..ဆိုတဲ့ အတွေးတွေ”
“သားသမီးဟာ သားသမီးပါ မိဘဟာ မိဘပါ...ဆေးကျောင်းတက်နေတဲ့ကောင်မလေးတစ်ယောက်ဆို.. ကြောင်တောင်တောင်ဖြစ်သွားခဲ့တယ်..”
“ ငါ့အလှည့်မှာ အသံထွက် ကျက်ခဲ့လို့ နင်တို့လည်း အသံထွက်ကျက်ရမယ်..ဆိုတာ..တွေ”
“သားသမီးဟာ မိဘမဟုတ်သလို မိဘဟာ သားသမီးမဟုတ်ပါဘူး...မိဘ ဆရာသမားတွေ ဟာ အထောက်ပံအနေနဲ့ပါ..
တကယ်ဘ၀ခရီးလမ်းကို ကိုယ် ကိုယ်တိုင် လျှောက်ရတာပါ...။ ဘ၀ခရီးလမ်း ဖြောင့်ဖြူးဖို့ သူတို့ ကိုယ်တိုင် လျှောက်လှမ်းရမှာပါ..
စာ ကို ကျက်တဲ့အခါ ကလေး တွေ ကျက်တက်သလို ကျက်ပါစေ...” ဆရာမတွေ အခုခတ်မှ ပေါ်လာတဲ့ဂိုက်တွေကိုလည်း သိအောင်ပြောချင်တာက..ကလေးငယ်တွေ စာကို ကျက်တက်သလို ကျက်ကြပါစေ...တစ်ချို့ကြတော့ စာကို အသံထွက်ကျက်မှရတယ်
တစ်ချို့ကြတော့ အများနဲ့ မကျက်တက်ဘူး..လူတစ်ယောက်နဲ့ တစ်ယောက်ဘယ်တူမလဲလေ...တစ်ချို့ တစ်ဝိုင်းမှာ ရှစ်ယောက် ဂိုက်ကတစ်ယောက်ဆိုတော့.. တစ်ယောက်တစ်မျိုးစီ.. ခက်တော့လဲ ခက်သာဗျ....။
တစ်ချို့ကြတော့ ပညာနဲ့ ဘ၀ခရီးလမ်းဖြောင့်ဖြူးတာရှိသလို
တစ်ချို့ကြတော့ စီးပွားရေးနဲ့ ဘ၀ခရီလမ်းဖြောင့်ဖြူးတာ ရှိတယ်... မတူဘူးလေ.......။
“ဘ၀မှာ ပညာညဏ်တွေ မြင့်မားပြီး ဘ၀ခရီလမ်းမှာ သာယာဖြောင့်ဖြူးသော သာကောင်းရတနာတွေ ဖြစ်ကြပါစေ ကုန်သတည်း”....။
( သာဓု သာဓု သာဓု )
ကျွန်တော် မှတ်မိသလောက် ပြန်ရေးရတဲ့အတွက် အမှားပါခဲ့ရင်ခွင့်လွတ်ကြပါလို့........။