Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သင်မရှိခဲ့ချိန်

$
0
0
အကယ်၍များ…တစ်စုံတစ်ယောက်က..
ကိုယ်မရှိရင် မဖြစ်ဘူး.. လို့ဆိုလာခဲ့ရင်….ကိုယ်မရှိလည်း
..ဖြစ်တယ်ဆိုတာ
သူသိအောင်…လုပ်ပေးရမယ်.
အကယ်၍များ…တစ်စုံတစ်ယောက်က..
ကိုယ်မရှိရင်မနေနိုင်ဘူး… လို့ဆိုလာခဲ့ရင်….ကိုယ်မရှိလည်းနေနိုင်ပါတယ်
ဆိုတာ သူသိအောင်…လုပ်ပေးရမယ်..
အကယ်၍များ…တစ်စုံတစ်ယောက်က..
ကိုယ်မရှိရင်အသက်မရှင်နိုင်ဘူး..
လို့ဆိုလာခဲ့ရင်….ကိုယ်မရှိလည်းအသက်ဆက်ရှင်လို့ရတယ်ဆိုတာ
သူသိအောင်…လုပ်ပေးရမယ်..
အကယ်၍များ…တစ်စုံတစ်ယောက်က..
ကိုယ်ကိုပဲချစ်တယ်….
လို့ဆိုလာခဲ့ရင်….တခြားသူတွေကိုလဲချစ်တတ်အောင်(အချစ်မဟုတ်ရင်တောင်
မေတ္တာပေးတတ်အောင်)…သင်ပေးရမယ်.
အကယ်၍များ…တစ်စုံတစ်ယောက်က..
သူ့အပေါ်မှာကိုယ်လောက်ကောင်းတဲ့သူမရှိတော့ပါဘူး…
လို့ဆိုလာခဲ့ရင်….တခြားသူတွေ သူ့အပေါ်ကောင်းလာအောင်
ဘယ်လိုနေထိုင်ရမယ်ဆိုတာ သင်ပေးရမယ်.
အကယ်၍များ…တစ်စုံတစ်ယောက်က..
ကိုယ်မရှိရင်..ပျော်ရွှင်မှုတွေ မရှိတော့ပါဘူး… လို့ဆိုလာခဲ့ရင်…
ကိုယ်မရှိလည်း ပျော်ရွှင်စွာ နေတတ်အောင် သင်ပေးရမယ်.
အကယ်၍များ…တစ်စုံတစ်ယောက်က..
ကိုယ်မရှိရင်..စောင့်ရှောက်မဲ့သူ မရှိတော့ပါဘူး…
လို့ဆိုလာခဲ့ရင်…သူ့ကိုယ်သူ စောင့်ရှောက်တတ်အောင် သင်ပေးရမယ်.
အကယ်၍များ…တစ်စုံတစ်ယောက်က..
ကိုယ့်ကို မှီခိုနေလွန်းရင်…သူ့ကိုရဲရင့်လာအောင်…လုပ်ပေးရမယ်….

ကျွန်တော်တို့ကို…..ချစ်တဲ့သူတွေ….ကျွန်တော်တို့က..ချစ်တဲ့သူတွေကို…..ဒီလိုလုပ်ပေးဖို့
ကျွန်တော်တို့မှာ…တာဝန်ရှိတယ်..
ဒါမှလဲ ကျွန်တော်တို့က…နှုတ်ဆက်ခွင့်မရှိဘဲ….ထွက်ခွာရတဲ့အခါ…သူတို့..အဆင်ပြေပြေ
ဆက်နေနိုင်လိမ့်မယ်….

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>