Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

LOVE (528+1500)

$
0
0

(၁)
"သား... မေကြီးနဲ့ဖေကြီးမှာ ဘယ်သူ့ကိုအချစ်ဆုံးလဲ"
"အင်း... သားကတော့ နှစ်ယောက်စလုံးကို ချစ်ပါတယ်။"
"ဟာ.. ငါ့သားကလူလည်ပဲ... တစ်ယောက်တည်းကိုပဲ ရွေးလေ။ ပြော မေကြီးနဲ့ဖေကြီး
ဘယ်သူ့ကို အချစ်ဆုံးလဲ။ တစ်ယောက်တည်းကိုပဲရွေးရမယ်ေ

နာ်။"
"ဟာ.. နှစ်ယောက်စလုံးကိုချစ်ပါတယ်ဆို။ အဲဒီ့လိုမျိုးကြီးတော့ သားလည်းမရွေးတတ်တော့ဘူး....။"
"ဟား ဟား.. ငါ့သားကတကယ့်ကိုလူလည်ပဲကွ... အဖေရောအမေရော နှစ်ယောက်စလုံးကို
ညာစားမယ့်ပုံပဲ၊"

(၂)
"ချစ်... မောင့် ကိုချစ်လားဟင်"
"အင်း.. ချစ်ပါတယ်ဆို... ဒါပဲ ခဏခဏမေးနေတော့တာပဲ။ ဘယ်နှစ်ခါတောင်ဖြေနေရမှာလဲ။"
"ဟာ... ချစ်ကလည်း ဒါကတော့အမြဲတမ်းသိချင်လို့ပါကွာ။ အရင်ထားခဲ့ဘူးတဲ့ ရည်စားတွေနဲ့ မောင်နဲ့ဆိုရင်ရော ဘယ်သူ့ကိုပိုပြီးချစ်လဲ။"
"အင်း... မောင့်ကိုပဲအချစ်ဆုံး... ခစ်ခစ်"
"အင်း... မောင်တော့မထင်ပါဘူးနော်။ နောက်တစ်ယောက်နဲ့တွေ့ရင်လည်း ဒီလိုပဲပြောအုံးမှာပဲမဟုတ်လား။"
"မဟုတ်ရပါဘူးကွာ... မောင့်ကိုပဲတကယ်ချစ်တာပါ... ကဲ ရပြီလား...။"

(၃)
"ဖေဖေ... သမီးနဲ့မောင်လေးရယ်မှာ ဘယ်သူ့ကိုအချစ်ဆုံးလဲ ဟင်။"
"အာ.. သမီးကလည်း နှစ်ယောက်စလုံးက ဖေဖေနဲ့မေမေမွေးထားတဲ့ သားသမီးတွေပဲလေ။ နှစ်ယောက်စလုံးကို အတူတူချစ်တာပေါ့ကွ။"
"ဟုတ်ပါဘူး... ဖေဖေညာပြောတာ... သမီးအထင်တော့ ဖေဖေတို့က မောင်လေးကိုပိုပြီးတော့ မျက်နှာသာလည်းပေးတယ် ဂရုလည်းစိုက်တယ်...။သမီးကိုကျတော့ အဲဒီလိုမဟုတ်ပါဘူး။"
"အဲဒီလိုမဟုတ်ရပါဘူး သမီးလေးရာ.. မောင်လေးကသမီးထက် အသက်ငယ်တယ်လေ... ပြီးတော့အခုမှ သူကလူ့လောကကြီးထဲကို ရောက်လာရတာဆိုတော့ ပိုပြီးတော့ ဂရုစိုက်ရတာပေါ့ကွာ။ ကဲ ဟုတ်ပြီလား...။"
"ဟုတ်.. သမီးကိုပါမောင်လေးကိုချစ်သလိုချစ်ရမယ်နော်... ပစ်မထားရဘူးနော်..။"

(၄)
"ဖွားဖွား... ဖိုးဖိုးနဲ့မြေးမှာ ဘယ်သူ့ကိုပိုချစ်လဲဟင်...။"
"အာ.. မြေးကတော့လုပ်ပြီး... ဖိုးဖိုးကိုလည်းချစ်သလို မြေးကိုလည်းချစ်တာပေါ့ကွာ...။ ဒီကလေးကတော့ ကြံကြံဖန်ဖန်တွေလာမေးနေပြန်ပြီ။"
"ဟုတ်ပါဘူး... ဖွားဖွားကဖိုးဖိုးဆိုအရမ်းဂရုစိုက်တာပဲ... မြေးကိုကျတော့ အလကားအားနေ ဆူနေတာပဲ.. ဟွန်း။"
"အာ... ငါ့မြေးကိုဆူတယ်ဆိုတာက ကောင်းစေချင်လို့ပါကွာ... ဖွားဖွားတို့ကြုံတွေ့လာရတဲ့ အတွေ့အကြုံတွေနဲ့ယှဉ်ပြီးတော့ ငါ့မြေးကိုပြောပြပေးတာပါ။ ဖိုးဖိုးကို ဂရုစိုက်ရတယ်ဆိုတာက ဖိုးဖိုးက အသက်အရမ်းကြီးနေပြီလေ... အဲဒါကြောင့်သူ့ကျန်းမာရေးအတွက် စိုးရိမ်လို့ပါ ငါ့မြေးရာ....။"
"ဟွန်း... ဒါဆိုရင်လည်း ပြီးတာပဲ... ဖွားဖွား မြေးကိုလည်း ဖိုးဖိုးလိုချစ်ရမယ်နော်။"
"အင်းပါ ငါ့မြေးရာ... ငါ့မြေးသာကြီးလာရင်း ဖွားဖွားတို့ကိုမေ့မသွားနဲ့ ဟုတ်ပြီလား... ဟားဟား။"

တကယ်တော့လောကကြီးမှာ ရှိတဲ့လူသားတိုင်းဟာ ချစ်ခြင်းမေတ္တာတရားဆိုတာကို တစ်နည်းမဟုတ်တစ်နည်း ပတ်သက်ရင်း လောကကြီးကိုအလှဆင်နေကြရတာပါ။ ချစ်ခြင်းမေတ္တာဟာ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး၊ ပညာတတ်သူ ပညာမဲ့သူမရွေး၊ ရုပ်ချောသူ ရုပ်ဆိုးသူမရွေး အားလုံးပါဝင်ပတ်သက်ခွင့်ရှိတဲ့ လောကကြီးက လူသားတိုင်းကိုပေးအပ်ထားတဲ့ လက်ဆောင်မွန်တစ်ခုပါပဲ။ လူသားတွေဟာ မွေးဖွားတဲ့အချိန်ကနေစတင်ပြီး သေဆုံးချိန်မတိုင်ခင်အချိန်အထိ ချစ်ခြင်းမေတ္တာတရားကို လေးနက်ယုံကြည်ရင်း ယဉ်ကျေးတဲ့ လူ့ဘောင်အသိုင်းအ၀န်းတစ်ခုကို ဖန်တီးတည်ဆောက်ကြရပါတယ်။
ချစ်ခြင်းမေတ္တာဆိုရာမှာ (၅၂၈)လိုဖြုစင်မြင့်မြတ်တဲ့မိဘမေတ္တာမျိုးတွေအပြင်၊ ချစ်သူရည်စားအချင်းချင်း ချစ်ကြတဲ့ (၁၅၀၀)လို ချစ်ခြင်းမျိုးတွေလည်းပါဝင်ပါတယ်။ ဖြုစင်တဲ့ (၅၂၈)အပြင် ပူလောင်တတ်တဲ့သဘောရှိတဲ့ (၁၅၀၀)လို ချစ်ခြင်းမေတ္တာတရားတွေကို လူသားတွေဟာ အခြေအနေအမျိုးမျိုး၊ အသက်အရွယ်အမျိုးမျိုးမှာ ပါဝင်ပတ်သက်ကြရင်း ခေတ်အဆက်ဆက်မှာ ယဉ်ကျေးတဲ့လူ့ဘောင်အဖွဲ့အစည်းတွေကို တည်ဆောက်လာကြရတာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာရှိနေတဲ့ မိသားစုတွေ၊ သူငယ်ချင်းအပေါင်းအသင်းဆိုတာတွေ၊ ဆွေမျိုးညာသကာဆိုတာတွေဟာလည်း အမျိုးမျိုးသော ချစ်ခြင်းမေတ္တာတရားရဲ့ အရိပ်အောက်ကနေဖြစ်ပေါ်လာကြရတာပါ။ ဒီစာကိုရေးနေတဲ့ စာရေးသူကျွန်တော်ကိုယ်တိုင်ဟာလည်း စာရေးသူရဲ့ အဖေနဲ့အမေရဲ့ ချစ်ခြင်းမေတ္တာတရားကြောင့် လူသားတစ်ယောက်အဖြစ်ကိုရောက်လာရတာဖြစ်ပြီး ဒီစာလေးကို ရေးခွင့်ရခဲ့တာပါ။ ယဉ်ကျေးတဲ့လူသားပတ်ဝန်းကျင် မှာသာမက ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးမှာရှိတဲ့ အခြားသောအိမ်မွေးတိရစ္ဆာန်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေမှာပါ ချစ်ခြင်းမေတ္တာတရားဆိုတာကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။
တကယ်တော့ချစ်ခြင်းမေတ္တာဆိုတာဟာ လူသားအချင်းချင်းအပြန်အလှန် နားလည်မှု၊ တန်ဖိုးထားမှု၊ လေးစားမှု၊ မြတ်နိုးမှု၊ စွန့်လွှတ်အနစ်နာခံလိုမှု စတဲ့ကောင်းမွန်မြင့်မြတ်တဲ့အကြောင်းအရာတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့်လည်း တစ်ချို့သော မတော်လောဘသားကောင်တွေဖြစ်တဲ့ လူသားအချို့ရဲ့ ချစ်ခြင်းမေတ္တာတရားအပေါ် မတော်နေရာမှာ တစ်လွဲအသုံးချမှုတွေကြောင့် ချစ်ခြင်းမေတ္တာတရားဟာ တန်ဖိုးနည်းမှု၊ ညစ်နွမ်းမှုတွေဖြစ်လာရပါတယ်။ ဘာပဲပြောပြော လူ့ဘောင်အဖွဲ့အစည်းတစ်ခုမှာ လူသားရယ်လို့ရှိနေသရွေ့တော့ မြင့်မြတ်တန်ဖိုးထားစရာကောင်းတဲ့ ချစ်ခြင်းမေတ္တာတရားဆိုတာကလည်းရှိနေအုံးမှာပါ။
ဒါကြောင့်လည်း ချစ်ခြင်းမေတ္တာတရားဆိုတာဟာ လောကကြီးမှာရှိတဲ့ လူသားတိုင်းပါဝင်ပတ်သက်ခံစားခွင့် ရှိတဲ့ တစ်ခုတည်းသော လက်ဆောင်မွန်တစ်ခုပါပဲလို့ ဆိုချင်မိပါတယ်။

လူသားအားလုံးချစ်ခြင်းမေတ္တာတရားကိုယ်စီနဲ့ လောကအလှကိုဖော်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း....


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>