Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လူတိုင်းပြောင်းလဲ သင့်သော အချိုးလေး

$
0
0

   ကဲသူငယ်ချင်းတို့ရေ ဒီလောကမှာ တိုးတက်အောင်မြင်ချင်တဲ့သူငယ်ချင်းများ ကိုဘယ်နေရာမှာရှိတယ်ဆိုတာတော့သေသေချာချာသိဖို့လိုအပ်ပါတယ် ။ ငွေကြေးအရအောင်မြင်ဖို့ အဓိကသိဖို့လိုအပ်တာ (၃) မျိုးရှိပါတယ် ။ ကဲပြောပြမယ် နံပါတ်(၁) Scholastic Education (ကျောင်းတွင်းပညာရေး) နံပါတ် (၂) Professional Education ( အသက်မွေးဝမ်းကြောင်းအတတ်ပညာရေး) နံပါတ်(၃) Financial Education (ငွေကြေးဆိုရာ ပညာရေး) ဆိုပြီးသုံးမျိုးရှိပါတယ်။ နံပါတ် (၁) ကျောင်းတွင်းပညာရေးကတော့ ကမ္ဘာမှာအရေးပါလှတဲ့ပညာရေးပါ။ နံပါတ် (၂) အသက်မွေးဝမ်းကြောင်းအတတ်ပညာရေးကတော့ ငွေကိုဘယ်လိုရှာရမလဲဆိုတဲ့ပညာရေးပေါ့။ နံပါတ်(၃)ပညာရေးကတော့ ငွေကြေးဆိုင်ရာပညာရေးပါ။ ဒီနံပါတ်(၃)ပညာရေးကတော့ ကျောင်းတွေမှာသင်တာ သိပ်မတွေ့ရပါဘူး။ လုပ်ငန်းနှင် အသိပညာ အတွေ့အကြုံတွေကသာ သင်ပေးသွားတာပါ။ နံပါတ်(၃)ပညာရေးကိုတတ်တဲ့သူတွေက ငွေရဲ့စေစားတာကိုမခံပဲ ငွေကိုငွေပြန်ရှာခိုင်းပါတယ်။ ကဲသူငယ်ချင်းတို့ ငါပြောတာပေါက်တယ်နော်။  နံပါတ် (၁)နှင့် (၂) ပညာရေးတွေကတော့ တတ်ထားရင်တော့ကောင်းပါတယ် ဒါပေမဲ့ အသုံးချလို့တော့မကောင်းဘူး အသုံးချလိုက်ရင် ကျွန်ဖြစ်သွားရော ။ ငါလဲကျွန်ဖြစ်နေတယ်။ ငွေကြေးရဲ့စေစားတာကိုခံရတယ်။ နံပါတ်(၃)ပညာရေးကိုတတ်ပြီးအသုံးချတဲ့သူတွေကတော့ ဆရာတဆူဖြစ်စေတယ်  ငွေကြေးကိုတောင်ပြန်ပြီးစေခိုင်းနိုင်တယ်။ ကဲသူငယ်ချင်းတို့ရေ ဘယ်အရာကိုရွေးချယ်ကြမလဲ။ ငါလဲခုမှ ဒီပညာရေးတွေကိုသေသေချာချာသိတာပါ။ ငါကျွန်မလုပ်ချင်တော့ဘူး အချိန်သာကုန်သွားတယ် ချမ်းလဲမချမ်းသာဘူး ။ လုပ်ချင်လဲလုပ် မလုပ်ချင်လဲ လုပ်နေရတယ်။  ငါတော့နံပါတ် (၃) ပညာရေးကိုရွေးချယ်ပြီးနေပါပြီ ။သူငယ်ချင်းတို့လဲရွေးချယ်ရမယ့်အချိန်ရောက်နေပါပြီ။ ရွေးချယ်ပြီးရင်တော့ I BELIEVE MYSELFလို့ အော်ပြီးတော့ လောကကြီးကို အနိုင်ယူကြပါ။ ဒါမှငါတို့မြန်မာနိုင်ငံတိုးတက်မှာပါ။ အမေစုပေးနိုင်တာ ဒီမိုကရေစီ စနစ်ပါ ငါတို့လုပ်ရမှာက နိုင်ငံတော်တိုးတက်အောင်ပါ။ နိုင်ငံတော်ကိုတိုးတက်စေချင်တယ်ပဲပြောပြီး ပြည်သူတယောက်ချင်းစီကမလုပ်ပဲနေလို့ကတော့ ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံကြီးဖြစ်ရပါလိမ့်မယ်။ ကဲဒီတော့ ဖာနိုင်ငံကြီးတော့အဖြစ်မခံပါနဲ့။ လူတယောက်ချင်းစီတန်ဖိုးရှိမှ တတိုင်းပြည်လုံးတန်ဖိုးရှိမှာပါ။ တန်ဖိုးရှိအောင် မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ကြိုးစားကြရအောင်လားသူငယ်ချင်းတို့ သေသေချာချာရွေးချယ်ပြီးလှုပ်ရှားကြပါသူငယ်ချင်းတို့ ငါလဲစတင်လှုပ်ရှားနေပါပြီ။ ငါ့ရဲ့အချိုးတွေကို ပြောင်လဲခဲ့ပါပြီ သူငယ်ချင်းတို့လဲ ပြောင်းလဲနိုင်ပါစေ။

                     ကျေးဇူးတင်ပါသည်

                                   ယော


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>