လူလောကကို့လျှောက်လှမ်းပြီဆို့တာနဲ့အချိန်တွေကြာမြင့်လေလေအသက်တွေကတဖြည်းဖြည်းနဲ့ကြီးပြင်းလာခဲ့တယ်။အသက်တွေကြီးလာ
လို့လောကအလယ်မှာရပ်တည်နိုင်ရန်အလုပ်ခွင်ကို့ဝင်ကြရပါတယ်။အလုပ်ခွင့်ကို့ဝင်ပြီဆို့တာနဲ့ကျွန်တော်တို့ပြန်လည်တမ်းတလို့သတိရ
စရာမမေ့နိုင်တဲ့ဘ၀တစ်ခုရှိခဲ့တယ်။အဲဒါဘာလဲဆို့တော့ကျွန်တော်တို့ဖြတ်သန်းဖူးတဲ့ငယ်ဘ၀ပါပဲ။အမေ့ဝမ်းတွင်းကလွတ်ဆို့တာနဲ့ကျွန်တော်
တို့ငယ်ဘ၀ကို့စတင်ဖြတ်သန်းကြရပါတယ်။ငယ်ငယ်ကလေးကတည်းကအမေ့နိုချို့ကို့သောက်သုံးပြီးကြီးပြင်းလာလို့ကျောင်းနေရွယ်
ရောက်ပြန်တော့လည်းသူငယ်ချင်းအပေါင်းသင်းကို့စတင်ပေါင်းတတ်ချိန်ပါ။ငယ်ဘ၀ကတော့လို့ချင်တာရနိုင်သလို့မရှိတာလည်းမသိပျော်ပျော်
နေတတ်တဲ့အရွယ်ကို့ပြန်သတိရနေတာပေါ့။ကျောင်းမှာလည်းဆရာဆရာမတွေရဲ့စာသင်မှုကို့နာယူပြီးသူငယ်ချင်းအပေါင်းသင်းတွေနဲ့ပျော်ခဲ့ရ
တဲ့အချိန်တွေကကြီးပြင်းလာတဲ့ခုချိန်အရွယ်အပျော်နဲ့မတူညီနိုင်တော့ဘူးလေ။ငယ်ဘ၀ရဲ့ပျော်ရွင်မှုကဖြူစင်ပြီးအေးမြတဲ့ပျော်ရွှင်မှုပါ။
မိဘမှာလည်းမရှိတာရှိတာနားမလည်လို့ချင်တာရရင်ပဲအတိုင်းမသိဝမ်းသာနေတဲ့အရွယ်ပါ။
အရွယ်ရောက်လို့အလုပ်ခွင်ဝင်ချိန်ရောက်တော့မှမိဘတွေရဲ့အလို့ရှိတိုင်းဖြည်းဆည်းပေးနိုင်ခဲ့တာတွေကို့လေးစားမိပါတယ်။
ဒါပေ့မဲ့လေငယ်ဘ၀ကသူငယ်ချင်းတွေနဲ့ပျော်ကြပါးကြနဲ့နေလာခဲ့တာကို့ပြန်မြင်ယောင်မိလို့လွမ်းလိုက်တာများ
အပူပင်တွေဝေးကွာနေတဲ့ဘ၀ပြန်တမ်းတလို့သတိရရင်ပြန်စဉ်းစားလိုက်ရင်ပဲပျော်စရာလေးတွေနဲ့ကြိုက်ပြုံးနေမိတာခုချိန်ထိပါပဲ။
ပျော်စရာလေးတွေစဉ်းစားရင်းနောက်ကြောင်းကို့ပြန်လည်လို့ရရင်ပြန်လှည့်ချင်ပါတယ်သတိရနေမိတဲ့ငယ်ဘ၀လေးကိုပေါ့။