Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အဖိုးအဖွားများ ပြောပြသော ကျေးလက်ဒေသမှ ဟာသများ (၁၄)

$
0
0

လက်ကြောတင်းသူ ရွေးချယ်ပွဲ

တစ်ခါက ရွာတစ်ရွာမှာ အရမ်းပြင်းတဲ့ လူတစ်ယောက်ရှိသတဲ့။ သူဟာ ဘယ်လောက်ပျင်းသလဲဆိုရင် ထမင်းစားပြီးရင် ကိုယ်စားတဲ့ ပုဂံကိုတောင် ဆေးကြောဖို့ နေနေသာသာ လက်ကို မဆေးပဲ နီးစပ်ရာ တစ်ခုခုနဲ့ သုတ်လိုက်သတဲ့။ ဟဲ့ ငပျင်း ငှက်ပျောသီးစားအုံးမလားလို့ မေးရင် အခွံခွာပြီးသားလားဗျာ ဆိုတဲ့ လူစားမျိုးပေါ့။ ဒါကြောင့် သူ့ကို တစ်ရွာလုံးက ငပျင်းလို့ပဲ ခေါ်ကြပါတယ်။

နောက်ပြီး ငပျင်းတို့ နေထိုင်တဲ့ ပြည်မှာ အုပ်စိုးတဲ့ ဘုရင်ကြီးက အလုပ်ကြမ်းလုပ်သော လုပ်သမားဘ၀ကနေ ကံအားလျှော်စွာ ဘုရင်ဖြစ်လာသတဲ့။ ဘ၀တူလူတန်းစားများကို ချီးမြှောက်ဖို့ အမြဲစိတ်အားထက်နေသူပါ။ ဒီဘုရင်ကြီးမှာ သမီးတစ်ယောက်သာ ရှိသတဲ့။ ဘ၀တူလူတန်းစားများကို ချီးမြှောက်ဖို့ ရိုးသားကြိုးစားပြီး အလုပ်အရမ်းလုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့ သမီးကို ပေးစားဖို့ ကြံရွယ်ထားတယ်တဲ့။ သူကြံရွယ်ထားတဲ့အတိုင်း ရိုးသားကြိုးစားပြီး အရမ်း အလုပ်လုပ်သူ (လက်ကြောတင်းသူ)ကို  ရွေးချယ်တယ်တဲ့။ သူရွေးချယ်ပုံက တကယ်လို့ အရမ်းအလုပ်လုပ်သူဆိုရင် သူ့ရဲ့ လက်ဖ၀ါးတွေဟာ အရမ်းကြမ်းတမ်းနေရမယ်။ ဒီလက်ဖ၀ါးကြမ်းသူကို သမီးတော်နှင့် ထိမ်းမြားပေးမည်ဆိုပဲ။ ပြည်လုံးအနှံ့ စည်လည်စေပြီး လက်ကြောတင်းသူကို အရွေးအခြယ်ခံစေသတဲ့။ သောင်းနဲ့ချီသော ရွာသားများ အရွေးခံဖို့ နန်းတော်သို့ အသင့်ဖြစ်နေပါပြီ၊ ဒီအထဲမှာ ငပျင်းတစ်ယောက် အပါအ၀င်ပေါ့။ ဒါကျတော့ မပျင်းဘူး။ အော် ဘုရင့်သမက်တော်ချင်တာကိုး။

           ရွေးချယ်ပွဲကြီး စတင်ပါပြီ။ တင်းတိမ်ကန့်လန့်ကာ တစ်ချပ်ကို ကာရံပြီး ဘုရင်ကြီးက ကန့်လန့်ကာအတွင်းက ရွေးချယ်ခံသူများက အပြင်ကနေ လက်များကို မြှောက်ပြီး အစမ်းသပ်ခံကြရပါတယ်။ ဒီပြိုင်ပွဲမှာ ထူးထူးခြားခြား လက်ဖ၀ါးတွေကြမ်းနေတာကတော့ ငပျင်းပါပဲ ။ ငပျင်းရဲ့ လက်ကို စမ်းသပ်ကြည့်လိုက်တယ်ဆိုရင်ပဲ ဘုရင်ကြီး သဘောကျသွားပြီး ငါ့သမီးတော်ရဲ့ ဖူးစာရှင်ကို တွေ့ပြီဟု ကြွေးကျော်လိုက်ပါသည်။ လာရောက်ကြည့်ရှုသူ ပရိသတ်များကလည်း ငပျင်းကို လက်ခုပ်သြဘာများ ပေးကြသည်။ ဓာတ်သိသူ တချို့သူများက အံ့သြနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဒီကောင် (ငပျင်း)က ဘာမှ လက်ကြောတင်းအောင်လုပ်တာ မတွေ့ဖူးဘူး၊ စားပြီး (ပျင်းလို့)လက်တောင်ဆေးတဲ့ကောင်မဟုတ်ဘူး၊ ဘာကြောင့် သူ့ကို ဘုရင်ကြီးက ရွေးလိုက်ရသလဲ။ တစ်ခုခုတော့ မှားနေပြီနဲ့တူတယ်။ စသဖြင့် စသဖြင့်ပေါ့လေ။

           ဒါနဲ့ သတင်းသမားတွေ၊ မီဒီယာတွေ၊ ဂျာနယ်လစ်တွေက ငပျင်းအထံ အပြေးရောက်လာကြပြီး၊ ငပျင်းရဲ့ လက်ဖ၀ါးကို အလုအယက် စမ်းကြည့်ကြတယ်တဲ့။ ငပျင်းရဲ့ လက်ဖ၀ါးလည်း သူတို့ ထင်ထားသထက် ကြမ်းနေတာကို တွေ့ရတယ်၊ လောကမှာ ဒီလောက် လက်ဖ၀ါးကြမ်းသူကို ဘယ်တုန်းကမှ မတွေ့ဖူးဘူးပေါ့။ သူ့လက်ဖ၀ါးတွေ ဒီလောက်ကြမ်းနေတာဟာ ဘယ်လိုအလုပ်မျိုးတွေလုပ်နေလို့ပါလဲ။ စံနမူနာ တင်ထိုက်တဲ့ လက်ဖ၀ါးပိုင်ရှင် ဖြစ်သူမို့ သတင်း၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ထည့်ရန် အကြောင်းစုံကို သိရှိရန် မေးမြန်းကြသောအခါ ငပျင်းဖြေလိုက်သော အဖြေစကားကြောင့် နားထောင်သူ အားလုံး မင်သက်မိသွားရပါတော့သတည်း………(အို.. စာရှုသူ အပေါင်းတို့…. ရှေ့ဆက် မဖတ်သေးပဲ အဖြေကို တွေးတောကြည့်နိုင်ပါသည်။ ဘာကြောင့် အပျင်းရဲ့ လက်တွေ ဒီလောက်ကြမ်းနေသလဲ ဆိုတာကို……. )

 

ငပျင်းဖြေလိုက်ပုံက

အလုပ်ကတော့ မယ်မယ်ရရ တော့ မဟုတ်ပါဗျာ၊ သူလိုကိုယ်လိုပါပဲ….တဲ့။ ဟာ .. ဒါမဖြစ်နိုင်ဘူး ၊ ဒါ…လျှို့ဝှက်ချက်တစ်ခုဖြစ်ရမယ်၊ နောင်လာနောက်သားတွေ အတုယူရအောင် အဖြစ်မှန်လေးပြောပြပါ၊ သမိုင်းတစ်ခု အဖြစ်လဲ မှတ်တမ်းတင်ထားချင်လို့ပါ စသဖြင့် ၀ိုင်းဝန်းတောင်းပန်ကြသောအခါ…..

ငပျင်းရဲ့ အဖြေက…..

…………………….

…………………….

ညက ကောက်ညှင်းပေါင်း နယ်စားပြီး လက်မဆေးခဲ့လို့ပါ…………တဲ့ ဟိုက်…………သေရော………သေပြီဆရာ

 

                                              ဆက်လက်ရှာဖွေတင်ပြပါဦးမည်

                                                           ဧပရယ်စံ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>