မနက်ခင်းတစ်ခုကို စကားတစ်ခွန်းက အကျဉ်းတန်သွားစေပါသည်။ကျွန်တော်ကြည့်လိုက်တယ်။ဘယ်သူတွေလဲပေါ့။ထင်တပြအတိုင်းပါပဲ။သူတို့တွေဘဲ။ဘယ်သူတွေလို့တော့ နာမည်အတိအကျမပြောတော့ပါဘူး။
သူတို့ကပြောကြတယ်။မြန်မာနိုင်ငံကြီးက မကောင်းတဲ့နိုင်ငံ အသုံးမကျတဲ့နိုင်ငံတဲ့။ကျွန်တော်ဆက်နားထောင်နေလိုက်တယ်။ဒါပေမဲ့ ကြားရတာ နားကြားပင်းကတ်လာတယ်။ကျွန်တော်သူတို့ရှိရောက်သွားတယ်။မင်းတို့
က မြန်မာနိုင်ငံကြီးမကောင်းတဲ့နိုင်ငံလို့ ဘာလို့ပြောတာလဲ။သူတို့ပြာတယ်။ကောင်းတာဘာ၇ှိလို့လဲပေါ့။အဲ့ဒါနဲ့ကျွန်တော်က မင်းတို့အဲ့လိုပြောတာ စာမဖတ်တာနဲ့အတူတူဘဲပေါ့။မင်းတို့က မြန်မာနိုင်ငံကြီးမကောင်းဘူးလို့
ပြောရအောင်မြန်မာနိုငှ်ုကြီးအကြောင်းဘယ်လောက်သိလို့လဲပေါ့။အဲ့ဒါနဲ့ သူတို့က မင်းကကောဘယ်လောက်သိလို့လဲတဲ့။အေးငါသိသလောက်တောပ မင်းတို့ကိုပြောပြမယ်။
"၁၉၂၉ခုနစ်က လူတက်စီးလို့ရတဲ့ မီးပုံးပျံကို မြန်မာအမျိုးသားဖြစ်တဲ့ ဦးကျော်ရင်က တီထွင်ခဲ့တယ်။သူက သူတီထွင်တဲ့ မီးပုံးပျံပေါ်မှာ အလွန်ကြောက်စရာကောင်းတဲ့ ကျွမ်းဘားပြကွက်တွေကိုပြသခဲ့တယ်။
သူရဲ့အစွမ်းကို တကမ္ဘာလုံးသိအောင်ပြသချင်ပေမဲ့ အစိုးရက ခွင့်မပြုလို့ ပြသခွင့်မရခဲ့ဘူး။၁၉၃၉ခုနစ်မှာ သူဟာမီးပုံးပျံပေါ်မှာ ကျွမ်းဘားပြသရင်းကွယ်လွန်ခဲ့တယ်။သူနောက်ဆုံးပြသသွားခဲ့တဲ့မြို့က ထားဝယ်မြို့ပေါ့။သူ့ကို
ထူးချွန်တဲ့ မြန်မာသူရဲကောင်းတစ်ယောက်လို့ ကမ္ဘာကအသိမှတ်ပြုလက်ခံလာခဲ့တယ်။နောက် ၁၉၂၀ပြည့်နှစ်လောက်က အမေရီကန်လူမျိုးတစ်ဦးဖြစ်တဲ့ အင်ရီကိုရပ်စ်တယ်လီက ၁၂လက်မအမြင့်ရှိတဲ့ ဘောလုံပေါ်မှာမတ်တက်
ရပ်ပြီး ဘောလုံးခြောက်လုံးကို ငြိမ်သက်စွာ ကစားပြတော့ ပရိတ်သတ်ကြီးက အံ့သြသွားခဲ့တယ်။ဒါပေမဲ့ မြန်မာအမျိုးသားဖြစ်တဲ့ ခြင်းဝိဇ္ဇာဦးလော်ပေါ်ဟာ ၁၉၂၄ခုနစ် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ၀င်ဗလေ(WEMBLEY)အားကစား
ကွင်းမှာ ခြင်းခတ်ခြင်းပညာနဲ့ ခြင်းလုံးခြောက်လုံးကို တပြိုင်နက်တည်းကစားပြတော့ တကမ္ဘာလုံးက မယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်ကြတယ်။မြန်မာဟူသောနာမည်ကိုလည်း အဲ့မှာတကမ္ဘာလုံးက လက်ခံလာခဲ့တယ်။
နောက်ပြီးကမ္ဘာပေါ်မှာ အကြီးဆုံးစာအုပ်ဖြစ်တဲ့ မြန်မာနိုင်ငံက မန္တလေးမြို့ကုသိုလ်တော်ဘုရားအတွင်းမှာရှိတဲ့ အလေးချိန်၇၂၈တန်ရှိတဲ့ ပိဋကတ်ကျောက်စာဟာ ကမ္ဘာပေါ်မှာအကြီးဆုံးစာအုပ်ပဲ။နောက်ပြီး ကမ္ဘာ့အကြီးဆုံး
မင်းကွန်းခေါင်းလောင်း၊မြန်မာနိုင်ငံတွင်တစ်ပါးတည်းသောဘုရင်မကြီးရှင်စောပု၊ဟစ်တလာနာဇီတပ်မှမြန်မာစစ်သားများအကြောင်း၊ကမ္ဘာပေါ်မှာ ရက်အကြာဆုံးထမင်းမစားဘဲတိုင်ပွဲဝင်ခဲ့တဲ့ အရှင်ဦးဝိစာရ ၊နောက်ဗိုလ်ချုပ်
ဦးသန့်တို့ဆိုတာ မြန်မာနိုင်ငံကြီးဂုဏ်တက်အောင်လုပ်ဆောင်ခဲ့တဲ့သူတွေဘဲ။အဲပဒါကိုမြန်မာတေါမကောင်းဘူးဆိုတော့ ဘယ်လိုလုပ်မလဲ။ သူတို့ကိုမြန်မာနိုင်ငံကပဲမွေးထုတ်ပေးခဲ့တာလေ။နောက်မြန်မာတွေက မကောင်းဘူးဆို
တဲ့ စကားကိုသုံးရင် မင်းတို့ဟာ စာမတတ်ပေမတတ်တွေဖြစ်သွားပြီ။"ကျွန်တော်အဲ့လိုပြောတော့လည်းသူတို့တွေက မခံချင်ကြဘူး။တကယ်တော့နိုင်ငံကမကောင်းတာမဟုတ်ပါဘူးလူတွေက မကောင်းတာပါ။လူတွေကမကောင်း
အောင်လုပ်နေတာပါ