ချစ်သ၀ဏ်လွှာပြိုင်ပွဲ ရွေးချယ်ပေးရန်
ချစ်သူ့မြို့တော်မှ သူငယ်ချင်းအားလုံး မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနော်။
ချစ်သ၀ဏ်လွှာပြိုင်ပွဲအတွက် ပိုစ့်တွေရေးပြီး ပါဝင်ဆင်နွဲပေးတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ကြောင်း
အရင်ဆုံး ပြောကြားလိုပါတယ်။
ချစ်သ၀ဏ်လွှာပြိုင်ပွဲသို့ ပေးပို့လာတဲ့ပိုစ့်များထဲမှာ အက်မင်အဖွဲ့အစည်းတွင် ပါဝင်သော သူငယ်ချင်းများ၏ ပိုစ့်
များကိုဆုပေးရာတွင် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း အသိပေးအပ်ပါတယ်
ချစ်သ၀ဏ်လွှာ ပေးပို့လာတဲ့ သူများထဲမှာ စာလုံးပေါင်း အထားအသို ရသခံစားချက်ပေါ်လွင်အောင်
ရေးဖွဲ့ထားတဲ့ ပိုစ့်ကောင်း 7 ပုဒ်ကို ရွေးချယ်ထားပါတယ်ရှင်
ကော့မတ်အနည်းအများကို ကြည့်ပြီး ရွေးချယ်ထားတာမဟုတ်ပါဘူး
်သူငယ်ချင်းများအားလုံး ချစ်သ၀ဏ်လွှာများကို မဲပေးရွေးချယ်ပေးကြပါလို့ တောင်းပန်ပါတယ်
♥♥♥ ကျော်ရဲ့ ချစ်သ၀ဏ်လွှာ ♥♥♥
ချစ်ရသူရေ…
ဒီနေ့ သိပ်ကိုလှနေလိုက်တာနော်…
ချစ်သူနယ်မြေထဲကို ယောင်ချာချာ ၀င်လာခဲ့ပြီးတော့ ကိုယ်ပိုင်အိမ်လေးတွေကို အကြောင်းအမျိုးမျိုး ကြောင့်ရောက်ဖြစ်ခဲ့ပါတယ်။ အလှအပ ဝေဆာ၊ ဂီတသံသာသာ နဲ့ အိမ်လေးတစ်အိမ်ကို ရောက်ရှိ ပါတယ်။
အဲဒီအိမ်ကလေးဟာ ရောင်စုံပန်းတွေအစုံအလင်၊ စားဖွယ်သောက်ဖွယ် တစ်ပုံတစ်ပင်၊ ချစ်ခင်ကြသူတွေရဲ့ မှတ်ချက်များကို မြင်တွေ့ခဲ့ရတယ်။
အိမ်ပိုင်ရှင်လေးက ဓာတ်ပုံလှလှလေးချိတ်ဆွဲထားတော့ မြင်ရသူငေးမောကြည့်နေမိပါတယ်။ ဓာတ်ပုံလေးက လှပလွန်းပြီး ညှို့ငင်ဖမ်းစားနိုင်တာကြောင့် ကိုယ့်ရင်ကို ရိုတ်ခတ်လှုပ်ရှားသွားခဲ့ ရပါတယ်။
ဆက်လက်ဖတ်ရှုရန်
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3876122#axzz1njswT2m8
♥♥♥ နေမင်းခိုင်ရဲ့ ချစ်သ၀ဏ်လွှာ ♥♥♥
သိပ်ချစ်ရတဲ့ ...... မေလေး
မပြည့်စုံသေးတဲ့ဘဝ ကြိုးစားနေရဆဲအချိန် ...
သွေးအေးလွန်းတဲ့အစ်ကို့ရဲ့နှလုံးခုန်သံကိုနားလည်ပေးပါ မေလေးရယ်...
ကြယ်တွေကြွေသွားခဲ့တယ်...... အချိန်တွေနှောင်းသွားခဲ့တယ် ...
ရင်ခုန်သံတွေဖွင့်မပြောဖြစ်ခဲ့ဘူး...
လရောင်အနမ်းတွေနဲ့ နှလုံးခုန်သံကိုသာ အသက်သွင်းခွင့်ရခဲ့မယ်ဆိုရင်
ဆက်လက်ဖတ်ရှုရန်
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3881305#axzz1naz29vv6
♥♥♥ နေခြည်ရဲ့ ချစ်သ၀ဏ်လွှာ ♥♥♥
ညီမလေးချစ်ရပါသောအကိုရေ….
အမှတ်မထင်တဲ့နေ့တစ်နေ့မှာ အမှတ်တရနဲ့တွေ့ရှိခဲ့ကြတယ်နော်
အကိုရယ် ညီမလေးရယ် facebookရဲ့ စာမျက်နှာပေါ်မှာ အမှတ်မထင်ဆုံတွေ့ခဲ့ကြရင်း
မသိမသာနဲ့ဆိုသလို သံယောဇဉ်တွေ တိုးခဲ့ကြတယ်နော်….ဘာလိုလိုနဲ့ အကိုရယ် ညီမလေးရယ်တွေ့ဆုံခဲ့ကြတာ ခုဆို အချိန်ကာလတွေတောင် ကြာနေမှပေါ့နော်…. ဘယ်သူဘယ်ဝါမှန်းမသိ…ဘယ်မှာနေတယ်ဆိုတာရယ်မသိခဲ့….ဖြူသလား…မဲသလားဆိုတာမသိခဲ့ကြပေမယ့်
ဖြူစင်ရှင်းသန့်တဲ့ နှလုံးသားတွေက သက်သေပြခဲ့ကြတယ်နော်….
ဘာ့ကြောင့်ရယ်ဆိုတာမသိ အတိတ်ကံရယ်လား၊ ဒါမှမဟုတ် ရူးနေတာများလားလို့အကိုရယ်
အကိုနဲ့ညီမလေးတို့ရဲ့ စိတ်ထဲမှာရှိနေတာတွေ ရင်ထဲမှာရှိနေတာတွေ အပြင်မှာဖြစ်နေတာတွေရယ်က တစ်ထပ်တည်းတွေကျလွန်းလို
ဆက်လက်ဖတ်ရှုရန်
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3896442#axzz1naz29vv6
♥♥♥ ၀ိဝိရဲ့ ချစ်သ၀ဏ်လွှာ ♥♥♥
လောကကြီးမှာ ငါမိန်းကလေးတွေ အများကြီးတွေ့ ဖူးတယ် ။ ချောတာတွေလည်း ပါတယ် ။ ရုပ်ဆိုးတာတွေလည်း ပါတယ် ။ စိတ်သဘောထားကောင်းတဲ့ ၊ ဆိုးတဲ့ မိန်းကလေး တွေလည်း တွေ့ ဖူးပါတယ် ။
မင်းလည်းသိမှာပါ " လောကကြီးမှာ ယောကျာ်းနဲ့ မိန်းမဆိုတာပဲရှိတယ် " အဲ့ ယောကျာ်းနဲ့ မိန်းမက အချင်းချင်း အပြန်အလှန်ကြိုက်ကြပြီး အတူနေထိုင်ကြတယ်လေ ။ ဒီလိုနဲ့ ပဲ မင်းစာစောင်တွေမှာ ရှာဖွေလိုက်ရင် ကမ္ဘာ့ လူဦးရေပာာ တစ်နှစ်ကို သန်းတစ်ထောင် နှုန်းနဲ့ တက်လာတာကို တွေ့ ရမှာပါ ။
ငါတို့ အသက်တွေကို ပြန်ကြည့် လိုက်တဲ့အခါ အိမ်ထောင်ပြုဖို့ အထိကတော့ ငယ်ပါသေးတယ်ကွာ ။ ဆယ်ကျော်သက်အရွယ်ဆိုတော့ မင်းရှိတ်စပီးယားရဲ့  ရိုမီယိုနဲ့ ဂျူးလိယက် ဇာတ်လမ်းကို မင်းသိပါတယ် ။
ဂျူးလိယက်လေးက ( ၁၄)နှစ်ပဲ ရှိသေးပြီး ၊ ရိုမီယိုကလည်း ဆယ်ကျော်သက်အရွယ်ပဲလေ ။ ဒါပေမဲ့ ဆယ်ကျော်သက်အချစ်လို့ ဆိုပြီး ငယ်ရွယ်လို့ မနက်နဲ ဘူးလို မထင်လိုက်ပါနဲ့ ။ ဇာတ်သိမ်းပိုင်းမှာ ဂျူးလိယက်လေးက ရိုမီယိုသေနေတာကို မြင်မြင်ချင်းပဲ ချက်ချင်း ဘေးနားက အဆိပ်ကို သောက်ပြီး ကိုယ့်ကိုယ် သတ်သေခဲ့တာနော် ။
ဆက်လက်ဖတ်ရှုရန်
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3911849#axzz1nNJMBu7A
♥♥♥အောင်ထက်ရဲ့ ချစ်သ၀ဏ်လွှာ ♥♥♥
ဒီမနက်..နှင်းလေးတွေဝေနေလိုက်တာ မရယ်..
ဖေဖေါ်ဝါရီရဲ့ ဆောင်းနှင်းကြွင်းလေးတွေပေါ့..
သူတို့တွေ ဆောင်းကို..လက်ပြနုတိဆက်နေကြပြီလေ..
ဆောင်းနှင်းလေးတွေကို..မ..ချစ်တယ်ဆို..
ခုတော့..နှင်းမှုံမှုံလေးတွေကြားမှာ..မောင်တစ်ယောက်ထဲရယ်..။
တစ်ချိန်က..ခုလိုဖေဖေါ်ဝါရီ နှင်းပုဝါပါးပါးလေးအောက်..
မင်္ဂလာဒုံ လေယာဉ်ကွင်းတစ်နေရာမှာ..မောင်တို့နှစ်ယောက် လွမ်းမိုးတွေဆွေခဲ့ဘူးတယ်နော်..
မရယ်..လူ့ဘ၀ရဲ့စာမျက်နှာတွေဟာ..၀တ္ထုစာအုပ်လိုသာဖြစ်ခဲ့ရင်..
အကယ်၍များ နောက်ဆုံးစာမျက်နှာကို ကျော်ဖတ်ခွင့်ရကောင်းခဲ့ရင်
ဆက်လက်ဖတ်ရှုရန်
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3874583#axzz1n4lhC9PN
♥♥♥ စံလင်းရဲ့ ချစ်သ၀ဏ်လွှာ ♥♥♥
မင်းဟာ ရေသယ်ရာ မျောပါနေတဲ့ ဗေဒါလို လေလွင့်စိတ်ရဲ့ တိုက်ခပ်မှု့နောက်ကို ကောက်ကောက်ပါအောင် လိုက်နေတဲ့ ငါ့ကို ရေကန်သန့်ရှင်းရေး သမားလို ကန်ပေါ်ကို ဆွဲတင်ခဲ့တယ်နော်။ ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ ငါခြေထောက်တွေကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက် ပေးခဲ့တယ်။ မပွင့်ဘူးတဲ့ ငါ့အပြုံးတွေကို မလှပေမဲ့ ပြုံးပြဘို့ မင်းက ဖန်ဆင်း နိုင်ခဲ့တယ်။ ဦးတည်ရာမဲ့နေတဲ့ ခြေလှမ်းတွေအတွက် အချစ်ဆိုတဲ့ ဦးတည်ရာတစ်ခုကို တည်ဆောက်ပေးခဲ့တယ်။ ပန်းတိုင်ပျောက်နေတဲ့ ငါ့အသိစိတ်ကို ပန်းတိုင်တွေ့အောင် ရှာဖွေပေးခဲ့တယ်။ အဲလို အစွမ်းတွေ ရှိနေတဲ့ မင်းဟာ င့ါဘ၀ရဲ့ ဖန်ဆင်းရှင် တန်ခိုးရှင် စွမ်းအားရှင် (ကဖ- ဟုတ်ဝူးနော်) ဥယျာဉ်မှုး ဘုရင်မ အများကြီးပါပဲ။ မင်းကို တင်စားမိခဲ့တယ်။ မထင်မှတ်ပဲ မထင်ထားတဲ့နေရာမှာ ခပ်ရိုးရိုးလေးတွေ့လိုက်မိပေမဲ့ မင်းကို တိုးလို့တိုးလို့ တန်းဘိုးထားခဲ့မိတယ်။ ချစ်မိနေခဲ့တယ် ။ မြတ်နိုးခဲ့မိတယ်။ မင်းအချစ်ကို တန်ဘိုးထားလို့ အရာရာကိုဖန်ဆင်းကြဘို့ ငါပြောခဲ့တော့ မင်းက အမေ့ကို စိတ်ချမ်း သာအောင် ထားပါဆို။ အမေစိတ်ချမ်းသာတာကိုပဲ မြင်ချင်တယ်ဆို။ အမေ စိတ်ချမ်းသာအောင် ထားရင် မင်းကလည်း ငါ့ကို စိတ်ချမ်းသာအောင် ထားမယ်ဆို။ ငါမင်းကို ချစ်ခဲ့တာ ချုပ်ချယ်မှု့တွေ မပါခဲ့ပါဘူး။ ငါ မြတ်နိုးတဲ့ မင်းရဲ့ အပြုံးပန်းလှလှလေးတွေ ထာဝရ ရှင်သန် နေစေချင်ခဲ့တာပါ။ ဆိတ်ချိုးပြီး ညှိုးနွမ်းသွားအောင် လုပ်ပစ်ဘို့ တစ်ခါမှ မစဉ်းစားခဲ့ပါဘူး။ အိပ်မက်ထဲမှာတောင် မင်းဘ၀ကို အမှောင်ကျသွားအောင်လုပ်ဘို့ စိတ်မကူးမိခဲ့ပါဘူး။
ဆက်လက်ဖတ်ရှုရန်
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3886290#axzz1ncXXR3Z8
♥♥♥ ပန်တော်ဆက်ရဲ့ ချစ်သ၀ဏ်လွှာ ♥♥♥
ကောင်မလေးရေ..............
မင်းမသိမင်းမကြည့်ခဲ့ပေမယ့်မင်းနဲ့ နီးရာတော်ရာကငေးမောနေရယုံမျှနဲ့ ငါစိတ်ထဲမင်းကအမြစ်စွဲနေခဲ့တာပါ
ငါမှာဖွင့်ဟ၀န်ခံစရာ......တီးတိုးတိုင်ပင်ဖော်ဆိုလို့ ဟောဒီကဗျာတွေကလွဲရင်ဘယ်သူမှမရှိခဲ့ပါဘူး
ငါရဲ့  နေ့ နေ့ ညည၀င်သက်ထွက်သက်တိုင်းရှိုက်ရှိုက်သွင်းနေတာမင်းကိုချစ်တဲ့အချစ်တွေငါ့နှလုံးသားမှာဖိသိပ်
စက္ကန်နဲ့ အချိန်တိုင်တိုးလို့ တိုးလို့ ရှိုက်သွင်း............ထွက်သက်....ထွက်သက်တိုင်းမှာသက်ပြင်းမောတွေက
မင်းလေးဘ၀လှပနေဘို့ ငါဘယ်လိုများပေးဆပ်နိုင်ပါမလဲဆိုတဲ့စိတ်ကူးပေါင်းများစွာမှုတ်ထုပ်နေခဲ့.ငါအသက်ရူနေတာ..
မင်းနဲ့ ပတ်သက်လာရင်မင်းကိုချစ်တယ်ဆိုတဲ့စကားလုံးလေးနုတ်ဖျားကတစ်ဆင့်လေထဲလွှင့်ပျောက်ပျက်ပြယ်သွား
ဆက်လက်ဖတ်ရှုရန်
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3866663#axzz1nUk0js8E
အက်မင်အဖွဲ့ရဲ့ကိုယ်စား
မှုံ့နံ့သာဖြူ နှင့် ရွှေပေလွှာ