ချစ်ခင်လေးစားရသော စာရေးသူများနှင့် မန်ဘာများအပေါင်းတို့ခင်ဗျာ…
ကျွန်တော်က ချစ်သူမြို့တော်မှာ (၂၆-၁၂-၂၀၁၁)ရက်နေ့မှာ ချစ်သူမြို့တော်စာစုများစာအုပ်ထုတ်မည့် အကြောင်း ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါတင်ပြချက်တွင် ပါရှိသည့်အတိုင်း (၃၁-၁-၂၀၁၂)ရက်နေ့အထိ ကျွန်တော့်ထံ ဆက်သွယ်ပေးပို့လာသည့် စာမူများအနက် အောက်ဖော်ပြပါစာမူများကို ပုံနှိပ်ထုတ်ဝေရန်အတွက် ပထမအဆင့်အနေဖြင့် ရွေးချယ်နိုင်ခဲ့ပါသည်-
ချစ်သူမြို့တော် ၀တ္ထုတိုပေါင်းချုပ် စာအုပ်တွင် ပါဝင်မည့် စာရေးသူနှင့် စာမူစာရင်း
၁။ ကျော် သူ့ကို ကျမ သတ်ချင်တယ်
၂။ ကျော် မုန့်ဟင်းခါးသည် ကိုရင်ကျော်
၃။ ကျော် မရှိမဖြစ်ကိုရင်ကျော်ခွင့်ယူခြင်း
၎။ မှုံနံ့သာဖြူ ကျေးဇူးပါ...ဖေဖေ နဲ့ မေမေ
၅။ မှုံနံ့သာဖြူ ပါရမီဖြည့်ဘက်
၆။ မေသဇင် မေမေ ချက်တဲ့ တလပေါ့
၇။ မေသဇင် မေသဇင့်ရဲ့  သေရွာပြန်ခရီး
၈။ နေခြည် သာသနာ့ဘောင်မှ နေခြည်သစ်နွယ် (ခ) ဆရာလေး
ခေမာစာရသိင်္ဂီ
၉။ နေခြည် “ မိုးမခ” ချစ်တဲ့ အိမ်ကလေး
၁၀။ ရှင်းသန့်မေ(မေတ္တာရှင်မလေး) ကျွန်မတွေ့ရှိခဲ့သောအချစ်စစ်
၁၁။ ရှင်းသန့်မေ(မေတ္တာရှင်မလေး) အွန်လိုင်းချစ်သူ
၁၃။ မင်းဆက်ဆက်ခ အချစ်ဧကန် စစ်မှန်ခဲ့သော်
၁၃။ မင်းဆက်ဆက်ခ တောင်တန်းကြီးတွေ ငိုမဲ့အချိန်
၁၄။ ရွှေမြို့သူ ဝေးလွင့်သွားသော ကြိုးများ
၁၅။ ရွှေမြို့သူ နားလည်မှုတို့နှင့်အတူ
ပေးပို့လာသည့် စာမူများအနက် ကဗျာများကိုမူ သီးခြားထုတ်ဝေရန် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ညှိနှိုင်း ခဲ့ပါသည်။
ကဗျာစာအုပ် ထုတ်ဝေမှုနှင့်ပတ်သက်၍ လိုအပ်ချက်အသေးစိတ်ကို ထပ်မံ တင်ပြပေးမည်ဖြစ်ပါသည်။
အထက်ဖော်ပြစာမူများသည် ဒုတိယအဆင့်တွင်အကြောင်းအကြောင့်ကြောင့် ကျန်ရှိခဲ့ပါက နားလည် ခွင့်လွှတ်ပေး စေချင်ပါသည်။ တစ်ဦးချင်းစီကို လိုအပ်ချက်များ ဆက်သွယ်တောင်းဆိုသွားမည်ဖြစ်ပါသည်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၉-၂-၂၀၁၂)(၁၈း၃၀)နာရီ