ခေတ်သစ်ရဲ့ ပုံပြင်လေးတစ်ပုဒ်ပေါ့နော်။ တစ်နေ့တော့ မင်းသမီးလေး တစ်ပါးဟာ သူ့ရဲ့အစ်မတော်ြီ့းမရှင်းသန့် ညီမတော်လေး မအိငြိမ်းနဲ့အတူ နောင်တော်ကြီးကိုငြိမ်းရဲ့မိန့်မှာချက်အရ ကိုယ်ရံတော်လေးပါးခြံရံကာ ကိုရင်တစ်ပါးကို ပင့်လို့ နိုင်ငံတော်တွင်းမှာရျိတဲ့ သံလျင်မြို့ပြကို သွားရောက်လို့ မိခင်၊ဖခင်မရှိကြတော့တဲ့ အစ်မတော်ကြီး ပြောတတ်တဲ့ နေလောင်ပန်းလေးများရှိရာကို သွားရောက်လို့ အစ်မတော်ကြီး မရှင်းသန့်ရဲ့ ဦးဆောင်မှုနဲ့အတူ နောင်တော်ကြီး ကိုငြိမ်း ရဲ့ မိန့်မှာချက်တွေကို အကောင်အထည်ဖော်ကြသတဲ့.......................
မြန်မာ စံတော်ချိန် ၈:၃၀ မှာတော့ အထက်ကပြောခဲ့တဲ့သူတွေဟာ နေလောင်ပန်းလေးတွေ အတွက် ရည်စူးထားတဲ့ ပစ္စည်းတွေနဲ့အတူ သံလျင်မြို့ကို ကိုယ်ရံတော်တွေ ခြံရံလို့ သွားရောက်ခဲ့ကြပါတယ်။ စံတော်ချိန်၉:၄၅မှာ အောင်မြင်စွာ ဆိုက်ရောက်လို့ ကြိုရောက်နေတဲ့ အစ်မတော်ကြီး မချောလေးဟာ ပြုံးပြုံးကြီးကြိုနေပါတော့တယ်............................
ရောက်ရောက်ခြင်း ခေတ္တ အနားတော်ဖြေလို့ တည်ခင်းတဲ့ သစ်သီးတွေကို အ၀တုတ်လို့ မကြာချက်ချင်းအလှူအတွက်ရေစက်ချဖို့ စပြီး ပြင်ကြပါတော့တယ်။ ရေစက်ချပြီး တရားနာလို့ အပြီးမှာ နေလောင်ပန်းလေးတွေကို ထမင်းကျွေးလို့ ကိုရင်ဝတ်ပေးထားတဲ့ကိုရင်လေးတွေကို ဆွမ်းကျွးတာ၊ ဘုန်းကြီး ဆွမ်းကပ်တာလဲပြိးရော မင်းသမီးလေးပါးနဲ့ ကိုယ်ရံတော်လေးယောက်တို့ဟာ အ၀အပြဲ သုံးဆောင်ကြပါတယ်။ တစ်ချို့ကိုယ်ရံတော်တွေဆို တစ်ခါတောင် ထမင်းမလောက်လို့ နှစ်ခါ သုံးခါတောင် အ၀တုပ်ပြီး ကဲနေကြတာပေါ့............................
နောက် အ၀အပြဲတုပ်ပြီးလို့ ဗိုက်လေးလာတဲ့အခါ မင်းသမီးလေးတို့ဟာ ကလေးတွေကို ပါလာတဲ့ပစ္စည်းတွေ ဝေမျှပေးလို့ သူတို့ပျော်ရွှင်အောင် ကစားပေးကြတာပေါ့ကွယ်။ ကလေးတွေလဲ ပျော်နေကြတာပေါ့။ နောက်တော့ ကဗျာတွေ သီချင်းတွေ ပုံပြောခိုင်းလို့ ဆုတွေပေးကြတာပေါ့။ ကလေးတွေလဲပျော် မင်းသမီးလေးတွေလဲပျော်လို့ပေါ့။ နောက်တော့ဖျော်ဖြေရေး အစီအစဉ် အနေနဲ့ ကိုယ်ရံတော်လေးယောက်တို့ဟာ ကလေးတွေပျော်ရွှင်အောင် တစ်ယောက်ချင်း တာဝန်ကျေအောင် ပျော်တော်ဆက်ကြပါတယ်...............
အစ်မတော် နှစ်ပါးကလဲ သီချင်းတွေဆိုပြလို့လေ။ ညီမတော်လေးမအိငြိမ်းကတော့ အရှောင်ကောင်းလေးနော။ ဒီမင်းသမီးလေးကတော့ မရှိတဲ့ချစ်သူကို လွမ်းလို့( ကြော်ငြာဝငိတာလေ) အဆွေး သီချင်းလေး ဟစ်လိုက်ပါသေးတယ်။ နေမစောင်းခင် ပြည်တော်ကို ပြန်ရမှာမို့လို့ ကိုယ်ရံတော်တွေ ခြံရံလို့ အပြန်လမ်းမှာ အစ်မတော်ကြီး မချောလေး နန်းမှာ မုန့်တွေ အ၀အပြဲဝင်တွယ်ရင်း အစ်မတော် မရှင်းသန့် စံရာ သီတာနန်းမှာ လူစုခွဲလို့ မင်းသမီးလေး သင်ဇာ ဟာကိုယ်ရံတော် နှစ်ပါးနဲ့ အိမ်တော် အပြန် ကိုယ်ရံတော် အမုန်းသခင် ကားအစီးမှားပြီး ကံကောင်းလို့ သုဝဏ`ဏမြေ မရောက် ကမာရွတ်မြေ အရောက်ပြန်လှမ်းနိုင်ခဲ့လေရဲ့ ။အင်း ပုံပြင်လေးကတော့ ဒါပါပဲကွယ် သူငယ်ချင်းတို့လဲ နောက်တစ်ခါက်များ တတိယခြေလှမ်းအဖြစ် လှူဒါန်းဖြစ်ကြရင် ဒီလိုပျော်စရာ ကြည်နူးစရာ မြင်ကွင်းတွေကို ကြုံရမြင်ရအောင် သင်ဇာတို့လိုမျိုးလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါရဲ့ရှင် ..........................
ရွှေမြို့တော် ပရဟိတအသင်းကြီးလဲ ထာဝရ တည်တံ့လို့ အများအကျိုး ဆတိုးလို့ ဆောင်ရွက် နိုင်ပါစေရှင်................
မှတ်ချက်။ ။ကိုယ်ရံတော်လေးယောက်ကတော့ အမုန်းသခင်၊ စစ်ပိုင်လင်း၊ Zeus၊ ၀ံသာနု ရယ်ပါ စိတ်မဆိုးနဲ့နော် သူငယ်ချင်းတို့ အရူးမလေးက အဲလိုပဲ လက်အငြိမ်မနေတတ်ဘူး။တောင်းပန်တယ်နော်။ ပြီးတော့ သင်ဇာ ခင်လို့စတာပါ..........................ကိုရင်လဲ စိတ်မဆိုးနဲ့နော်ဟိုလေးယောကိလိုပဲတောင်းပန်ပါရဲ့နော်...............