ကျွန်တော်ကျောင်းပြီးလို့အလုပ်ဝင်ရပြီဆိုတာနဲ့ပထမဆုံးတာဝန်ကျရာမြို့ကိုသွား၇ပါတယ်။အဲဒီမြို့ကကျွန်တော်အတွက်အသဲကွဲမြို့တော်ဖြစ်
လိမ့်မယ်လို့မထင်ထားခဲ့ဘူး။မြို့နာမည်တော့မပြောတော့ပါဘူး။ကျွန်တော်တာဝန်နဲ့အဲဒီမြို့ကိုရောက်တော့အသိကျွမ်းလည်းမရှိမရောက်ဖူးတဲ့
မြို့ဆို့တော့ကျွန်တော်မှာတစ်ယောက်တည်းယောင်ချာချာနဲ့ပေါ့။ကျွန်တော်ကားပေါ်ကဆင်းတော့ထမင်းစားချိန်ဖြစ်နေတော့ထမင်းစားပြီးမှ
ရုံးကို့သတင်းပို့မယ်ဆိုပြီးအနီးနားရှိထမင်းဆိုင်မှာထမင်းဝင်စားတယ်။အဲဒီချိန်မှာပဲကျွန်တော်ရဲ့အိပ်ပျော်နေတဲ့နှလုံးသားတစ်ခုကို့နိုးထစေခဲ့
တဲ့ကောင်မလေးတစ်ယောက်ကို့တွေခဲ့ရတယ်။ထမင်းဆိုင်ရဲ့ကောင်တာမှာထိုင်နေတဲ့ကောင်မလေးကြောင့်ပါပဲ။ကျွန်တော်ထမင်းဆိုင်ထဲ
ရောက်တော့ဘာဟင်းနဲ့စားမှာလဲခင်ဗျာ စာပွဲထိုးကောင်လေးကမေးတော့ညီလေးဝက်သားနဲ့ပေးပါကွာ။
ဟုတ်ကဲ့ဆို့ပြီးထွက်သွားတယ်။
ကျွန်တော်ထမင်းစားပြီးလို့ကောင်တာငွေရှင်းထွက်ခဲ့ပါတယ်။
ဘယ်လောက်ကျပါသလဲ။1500ပါရှင့်ဟုချိုသာတဲ့အသံလေးကနားဝင်အေးခဲ့ပါတယ်။ကျွန်တော်ငွေရှင်းပြီးတော့ကျွန်တော်ကို့တခုလောက်ကူ
ညီနိုင်မလားခင်ဗျာလို့မေးလိုက်တယ်။ရပါတယ်ဘာကူညီရမလဲရှင့်။(------------)ရုံးကဘယ်နားမှာလဲခင်ဗျာ။
အော်နီးနီးလေးပါ။ရှင်ကခုမှပြောင်းလာတဲ့ဝန်ထမ်းလား။
ဟုတ်ပါတယ်။ကျွန်မတို့ဆိုင်ကို့ဝင်လို့ထွက်လို့ရပါတယ်ဆိုပြီးတော့ကျွန်တော်ရုံးကို့ညွန်ပြလို့ကျွန်တော်ဆိုင်ထဲကထွက်ခဲ့ပါတယ်။အဲဒီချိန်မှာ
ကျွန်တော်ရဲ့ရင်ဘက်ထဲ့မှာကွက်လပ်တစ်ခုဖြစ်ပေါ်လာခဲ့တယ်။ရုံးရောက်လို့သတင်းပို့ပြီးတာနဲ့ကျွန်တော်အတွက်နေစရာအခန်းရရှိခဲ့ပါတယ်။
အချိန်တွေတဖြည်းဖြည်းနဲ့ကြာလာတော့ကျွန်တော်ထမင်းဆိုင်ကကောင်မလေးနဲ့ရင်းနှီးခဲံ့ပါတယ်။တဖြည်းဖြည်းနဲ့ချစ်သူတွေအဖြစ်ရောက်ရှိခဲ့
ပါတယ်။ရုံးကသူငယ်ချင်းများကလည်းအဲဒီကောင်မလေးကို့မကြိုက်ဖို့အမျိုးမျိုးတားကြတယ်။
သူငယ်ချင်းအဲဒီကောင်မလေးကအသဲစားကဝေမလေးနော်။
မင်းအသဲကွဲမှာဆိုးလို့တားတာနော်။မေ့လို့ရရင်မေ့လိုက်ပါကွာ။
သူငယ်ချင်းတွေကဘယ်လောက်ပင်တားမြစ်နေပါစေအချစ်နွံနှစ်နေတဲ့ကျွန်တော်အဖို့တော့လေဘယ်သူတားတားနောက်မဆုတ်ခဲ့ပါဘူး။
သိပ်မကြာလိုက်ပါဘူးသူငယ်ချင်းတွေပြောစကားနားမထောင်ခဲ့တဲ့ကျွန်တော်အတွက်အသဲကွဲဖို့အကြောင်းဖြစ်လာခဲ့တယ်။ဘာလဲဆို့တော့
ကျွန်တော်ကောင်မလေးကကျွန်တော်ထက်သာတဲ့နောက်တစ်ယောက်နဲ့တွဲနေတယ်လို့သတင်းကြားတော့ကျွန်တော်မယုံခဲ့ပါဘူး။
သူကို့ချစ်တဲ့အချစ်တွေနဲ့ပေါ့။တစ်နေ့တော့မျက်စိနဲ့တပ်အပ်မြင်လိုက်ရတော့မှကျွန်တော်အသဲကအစိတ်စိတ်အမြွာမြွာကွဲကြေခဲ့၇တယ်။
ဘာမှဖြေရှင်းချက်လည်းမရခဲ့ပါဘူး။ဒီလို့နဲ့ကျွန်တော်တာဝန်နဲ့နောက်တမြို့ပြောင်းဖို့အမိန့်ကျလာတယ်။နောက်တစ်မြို့ပြောင်းဖို့ထွက်ခွာ
လာချိန်မှာတော့အသဲကဗလာနဲံ့ရင်ထဲမှာဟာတာတာနဲပေါ့့။သူငယ်ချင်းတွေပြောစကားကို့နားမထောင်တဲ့ကျွန်တော်နောင်တတရားတွေကို့
ရင်မှာပိုက်လို့သူငယ်ချင်းများနဲ့အသဲကွဲမြို့တော်ကို့လက်ပြနှုတ်ဆက်လို့တရွေရွေထွက်ခွာလာခဲ့ပါတော့တယ်။
(သူငယ်ချင်းအားလုံးကို့လေးစားခင်မင်လျှက်အသဲကွဲမြို့တော်ကို့လက်ပြနှုတ်ဆက်ခဲ့တယ်)