ကျွန်မ ဆေးရုံဆိုတာကြီးကို ရောက်ဖူးခဲ့တယ်။
ကျွန်မရဲ့ ဖခင်က TV ရောဂါနဲ့အောင်ဆန်းဆေးရုံကို တက်ခဲ့ရတယ်။
ဆေးရုံမှာ လူနာပေါင်းစုံကို ကိုယ်တွေ့မြင်ခဲ့ရတယ်။
ဖေကြီးနေတဲ့ အခန်းမှာ လူနာက ဖေကြီးအပါအဝင် လေးဦးရှိတယ်။
မိန်းခလေးသုံးဦးနဲ့ ဖေကြီးနဲ့ပေါ့ လူနာအားလုံးက TV သမားတွေကြီးပဲလေ ကျွန်မ ပထမဆုံးသွားတုန်းက လူနာတွေကို ကြည့်ပြီးသနားမိတယ် ။
သူတို့ခမျာ ချောင်းဆိုးပြီးတော့ မောနေကြတာ အတော်လေး အနေရခတ်မှာပဲနော်။
သနားလိုက်တာ ရောဂါခံစားနေရတဲ့ လူနာတွေအမြန်ပျောက်ကင်းပါစေလို့ ဆုတောင်းမိတယ်။
ဖေကြီးရဲ့ တခန်းကျော်က အမတစ်ယောက်ဆိုရင် ပိန်ပြီးတော့ ခန္ဓာကိုယ်မှာ အသားဆိုတာမရှိ အရိုးပေါ်အရေ တင်ဖြစ်နေရရှာတယ် ဘေးနားက လူနာစောင့်ဖြစ်တဲ့ သူမရဲ့ အကိုက ဘုရားစားတွေ မေတ္တာသုတ်တွေကို အဆက်မပြတ် ရွတ်ပေးနေရတယ် ညဘက်ဆိုရင်လဲ အောက်ဆီဂျင် ပေးပြီးမှ သူမမှာ အိပ်ရတယ် အိပ်ရမယ်ကြံ ရင်လဲ ချောင်းဆိုးပြီး ချွဲကထပြန်တော့ အိပ်လို့လဲ ရမယ်မထင်ပါဘူး အကိုဖြစ်သူနဲ့ ယောက်ကျားဖြစ်သူကတော့ အနားကနေပြီး ဘုရားကိုအာရုံပြုဖို့ခနခန ပြောနေကြရတယ် သူမကိုကြည့်ပြီး ကျွန်မသနားမိတယ် သူမရောဂါ ဖောက်ချိန်မှာ ဆေးရုံက ဆရာမတွေ ဆရာဝန်တွေ အလုပ်တွေရှုပ်လို့ပေါ့ အဲ့ဒီလိုနဲ့ ရောဂါခံစားနေရတဲ့ သူမ မကြာပါဘူး ကျွန်မ ဖေကြီးကိုဆေးရုံစောင့်ပြီး ပြန်လာ နောက်တနေ့မနက်မှာပဲ ဆုံးသွားပြီဆိုတဲ့ အသံကိုကြားရ တော့တာပဲ ကျွန်မတွေးမိလိုက်တယ် အော် ရောဂါခံစားနေရနတဲ့ ထက်စာရင် ဝဋ်ကျွတ်သွားတာပေါ့လို့ သနားလဲသနားမိတယ် စိတ်ထဲလဲ မကောင်းဘူး သူမဘဝကြီးကတော့ ချုပ်ငြိမ်းသွးတာပေါ့လို့ ကျွန်မတို့ပြောမိ တယ် ။
လေးယောက်နေတဲ့ အခန်းကျယ်ကြီးထဲမှာ လူနာသုံးယောက်ပဲ ကျန်ခဲ့တော့တာပေါ့ ကျန်ခဲ့တဲ့ လူနာသုံး ယောက်မှာလဲ ရောဂါဝေဒနာကို ခံစားနေကြရတာပေါ့ ပြီးတော့
ဖေကြီးရဲ့ဘေးချင်းကပ်ရပ်က လူနာမလေးကကုလားမလေးတစ်ယောက် သူက အသက်၂၁နှစ်ပဲရှိအုံးမယ် ငယ်ငယ်လေးနဲ့ ဒီ TV ရောဂါဆိုးကြီးကို သူမခမျာ ခံစားနေရတယ်လေ တခါတလေ ဆိုရင်
မာမားရေ လုပ်ပါအုံးအသက်ရှူလို့ မဝဘူး ပေါ့ မျိုးစုံနေတာပဲ
အစားအသောက်ကြတော့လဲ ဘားမှမယ်မယ်ရရ မစား ကြာဇံလေးပြုတ်တိုက်တာတောင် သုံးဇွန်းအပြင်ပို မသောက် ဘားမှအစာဆိုတာမဝင် သနားလိုက်တာ ဝဋ်ကျွေးတွေပေါ့
ပိုက်ဆံလေးကရှိသင့်သလောက်ရှိတော့ ကလေးမစားချင်တာကို ဝယ်ပြီးကျွေးမွေးလို့ရတာပေါ့ ဒါပေမဲ့ သူမက စားမဝင်တော့ ဒုက္ခတွေခံရတာပေါ့
ကျွန်မဆေးရုံကို တရက်ခြားနှစ်ရက်ခြား စောင့်ပေးဖြစ်တယ် ဘေးခန်းကကုလားမလေးလဲ မကြာလိုက် နှစ်ရက်သုံးရက်အကြာ မှာဆုံးသွားပြီဆိုတဲ့ အသံကိုကြားရပြန်ပြီပေါ့ ဒီရောဂါကြီးကို ကျွန်မမုန်းတီးလာမိတယ် လူဆိုတာ သေချင်းတရားကို ကြုံတွေလာရမယ်ဆိုတာကို သိပါတယ် ဒါပေမဲ့ လွန်လွန်းအားကြီးတယ် ဘာလို့များဒီလိုမျိုးတွေဖြစ်လာရသလဲပေါ့
တခြားလူနာတွေလဲ အခန်းတိုင်းမှာ အပြည့်ရှိနေကြတာပေါ့ ကျန်မာရေးနည်းနည်းကောင်းတဲ့လူနဲ့ အခြေအနေဆိုးတဲ့လူတွေနဲ့ပေါ့ ညဘက်လူခြေတိတ်ချိန်ဆိုရင် နားထဲမှာ အကြားရဆုံးအသံက ချောင်းသံတွေပဲ အပြိုင်အဆိုင် ဆိုးနေလိုက်ကြတာများ ပြိုင်ပွဲဝင်မဲ့သူတွေ လေ့ကျင့်နေကြသလိုပါပဲ အောက်ဆီဂျင်ပေးတဲ့ အသံတွေလဲကြားရတယ်
ဖေကြီးရဲ့ ဘေးခန်းက အမတစ်ယောက်ကြပြန်တော့သူက ကရင်လူမျိုး သူတို့က နည်းနည်းဒုက္ခရောက်တယ် ငွေရေးကြေးရေးပါ ---- ဟိုး သထုံကနေပြီးဆေးလာကုရတယ်လေ ပိုက်ဆံကလဲမရှိ လူကလဲအားနည်းနေတော့ ပိုပြီးရောဂါကိုခံစားရတာပေါ့ လူနာစောင့်က သူ့ယောက်ကျားနဲ့ သူ့မောင်လေးနှစ်ယောက်ပဲပါတယ် ရက်တွေအ တန်ကြာလာတော့ ပိုက်ဆံက ဆေးဖိုးပေးရတာနဲ့ သူတို့စားရတာနဲ့ တသိန်းကျော်ကျော်အုပ်က တဖြည်းဖြည်းပါးလာတာပေါ့ လူနာစောင့်နှစ်ယောက်မှာလဲ အစားအသောက်ဆိုတာဖြစ်သလိုပါပဲ လူမမာကိုလဲ ထမင်းတရာဖိုး ဝယ်ပြီးတော့ အိမ်ကပါလာတဲ့ ဟင်းလေးနဲ့ကျွေးရတယ် သူတို့ကတော့ ဆေးရုံက ထမင်းနဲ့ ပဲဟင်းရည်ကျဲကျဲရယ် ငံခြောက်ကြော်လေးရယ် ကိုပဲစားရတယ် အပြင်ကနေပြီးတော့ ငပိရည်ရယ် ကန်ဇွန်းအစိမ်းကို တို့စရာလုပ်ပြီးစားရရှာတယ် လူ့ဘဝကြီးကဆိုးလှပါတယ်