ဒီခရီးကို ကျွန်တော်ပါလာရတာကတော့ သူငယ်ချင်းနဲ့ပတ်သက်ပြီးပါလာတာပေါ့ခင်ရာခင်ရာလူငယ်တွေစုပြီး သွားတဲ့ဘုရားဖူးခရီးလေးပါ သွားတာကတော့မုံရွာမြို့နယ်က ဗောဓိတစ်ထောင်ကိုပါ လူတွေအားလုံးကတော့
ရင်းနှီးတာမဟုတ်ပါဘူးဒီလိုသွားမယ်ဆိုတော့ခင်ရာခင်ရာသူငယ်ချင်းတွေနဲ့ပါလာကြတာပေါ့ဒါပေမယ့်
ကားပေါ်ရောက်တော့သူ့အမည်ကိုမေးကိုယ်အမည်ပြန်ဖြေနဲ့မိတ်ဆက်ကြတယ်လေလူငယ်တို့ သဘာဝအတိုင်း တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြနဲ့သိပ်မကြာခင်မှာပဲတကယ့်ငယ်ပေါင်းကြီးဖော်တွေလို ရင်းနှီးသွား ကြတယ်။ ဗောဓိတစ်ထောင်ကို10နာရီလောက်ကိုရောက်တယ် လေးကျွန်းစင်္ကြာကိုအရင်ဖူးကြတယ်အတွင်းထဲကိုဝင် ကြည့်ကြတယ် အတွင်းထဲမှာဆိုရင် ငရဲခန်းတွေကိုပြုတဲ့အကုသိုလ်နှင့် လားရမယ့်ငရဲကိုတွေပြထားတာများ မြင်ရသူတိုင်းကိုသံဝေဂရစရာပါပဲဒီလိုပဲကျွတော်တို့ဘုရားတွေလှည့်ဖူးရင်းနဲ့မျှော်စင်ပေါ်ကိုရောက်သွားတယ်
အဲဒီပေါ်ကနေကြည့်ရင် ဗောဓိညောင်ပင်တွေနှင့်အတူဘုရားရုပ်ပွားတော်များစွားကိုဖူးမြင်ရတာကလဲ ကြည်နူးစရာတစ်ခုပါပ။အဲဒီမျှော်စင်မှာပဲ အမောဖြေဖြစ်ကြတယ် အေးလဲအေးတယ်လေ အဲလိုနားနေတဲ့အခါမှာ
သူငယ်ချင်းတစ်ယောက်ကပြောတယ် ဒို့တတွေအခုလိုဆုံဖို့ဆိုတာမလွယ်ဘူး အဲဒီတော့
အခုလိုဆုံတုံးမှာတစ်ယောက်ခြင်းစီကနေအမှတ်တရစကားလေးတွေပြောရင်မကောင်းဘူးလားလို့အကြံပြုတယ်။
အဲဒီအကြံကိုအားလုံးကလက်ခံကြကြတယ်ဆိုရင်ပဲသူငယ်ချင်းတွေအားလုံးဟာကိုယ်ဘ၀မှာကြုံတွေ့ခဲ့ရတဲ့ အမှတ်ရစရာရယ်စရားလေးတွေပြောသွားကြတယ် သူတို့ပြောတာတွေကိုနားထောင်ရတာဗဟုသုတလဲတိုးပါတယ် ရယ်လဲရယ်ရပါတယ် တစ်ယောက်ပြီးတစ်ယောက်ပြောသွားကြတာကျွန်တော်အလှည့်ကြလာပါတယ်သူများတွေ ပြောတုံးကတော့ကိုယ်ကရယ်စရာပါရင်ရယ်လိုက်အံ့သြစရာပါရင်အံ့သြလိုက်နဲ့ပေါ့ ကိုယ်အလှည့်လဲကြရော
အစကမှစကားပြောမကောင်းတာနော်ကပြီးတော့ အခုလိုလဲတခါမှမပြောဘူးတော့ကိုယ့်မှာပြောစရာကမရှိဘူးလေ အဲဒီတော့စဉ်းစားတာလိုလိုနဲ့ကြောင်တော်တောင်နဲ့ဟိုကြည့်ဒီကြည့်နဲ ဘယ်လိုရှောင်ရရင် ကောင်းမလဲဆို ပြီးကြံနေတာပေါ့ အဲဒီမှာဘာတွေ့လဲဆိုတော့သူငယ်ချင်းတစ်ယောက်အုန်းသီးစားနေတာကိုသွားတွေ့တယ် အဲဒီတော့မှကျွန်တော်လဲပုံပြင်လေးတစ်ပုဒ်ကို သွားသတိရတယ်ပုံပြင်လေးကတော့ မြန်မာမင်းနေပြည်လို့ဆိုရမယ့်
မန်းလေးရဲ့ဈေးချိုဆိုင်းကို ရှမ်းလူမျိုးအချို့ရောက်လာခဲ့တယ်ဈေးထဲကိုလှည့်ကြည့်ရင်းနဲ့ သူတို့ဆီမှာမရှိတာ ကိုဝယ်ကြတာပေါ့ ။အဲလိုဝယ်ရင်းနဲ့အုန်းသီးဆိုင်တစ်ဆိုင်ကိုရှေ့ကိုရောက်သွားကြတယ်သူတို့တောင်ပေါ်မှာက
အုန်းသီးမရှိဘူးတဲ့(ပုံပြင်ထဲကိုပါတာပြောတာနော်အခုတော့ရှိချင်ရှိမှာပေါ့ဟဲဟဲ) အဲဒီတော့ အထူးအဆန်း လုပ်ပြီးဝိုင်းကြည့်ကြတာပေါ့သိခြင်ကြတော့မေးကြည့်ကြတယ်လေဆိုင်ရှင်ကဖြေလိုက်ပါတယ် အလုံးကြိး၍
ဤအသီးကိုအုန်းသီးဟုခေါ်ပါတယ် ဤအုန်းသီးသည်ဘုန်းထီးသခင်ရွှေနန်းရှင်ဘုရင်မင်းတရားတို့ နှစ်ခြိုက်စွာသုံးဆောင်စားတော်မူတောအသီးဖြစ်ပါသည်ဟုဆိုင်ရှင်က ကြော်ငြာဝင်လိုက်တယ်လေ ။ဆိုင်ရှင်ကပဲကြော်ငြာကောင်းလို့လား ရှမ်းတွေကပဲမစားဘူးလို့လားမသိဘူးအလုံးကြီးကြီးနဲ့ အုန်းသီးစိမ်းတစ်လုံးကိုဝယ်သွားကြတယ်။ အပြန်လမ်းခရီး၌ပင်ရှမ်းတို့က အုန်ုးသီးကိုခွဲ၍ စာဘို့ပြင်ကြတယ်။သူတို့ကအုန်းသီးကိုအခြားသီးများလို အပြင်က
အသားကိုစားရတယ်ထင်လို့ အုန်းသီးကိုရေးဆေးပြီးအုန်းသီးရဲ့အပြင်အခွဲအမြှေးကို ဓားဖြင့်ပါးပါးလှီးယူတယ် အတယ် ။အတွင်းမှာတကယ်စားရမယ့်အုန်းသီးကိုကြတော့အစေ့ကြီးဟုထင်လို့လွှင့်ပစ်လိုက်ကြတယ် ထို့နောက်လှီးထားသောာအုန်းခွံ၏အပြင်အမြှေများကိုစားကြတယ် အပ်ြငအမြှေးကိုစားတာဆိုတော့ချဉ်သလို
ချိုသလိုဟန်ငန်တန်တန် ဖတ်တွတွနှင့် အရသာညံ့ဖျင်းသည်ကိုခံစားရတာပေါ့စားရင်းစာရင်း အရသာကညံ့ဖျင်းသထက်ညံ့ဖျင်းလာတော့ ရှမ်းတွေက““အင်းမင်းသုံးဆိုလို့သာစားရ ဖန်တွတွပါပဲလား””
ဟုညည်းညူလိုက်ကြလေသတည်းတဲ့။ပုံပြင်လေးကတော့ ဒါပါပဲ သူငယ်ချင်းတို့ ဘာကြောင့်ကိုယ်က
ဒီပုံပြင်လေးကိုပြောလဲဆိုတော့ အခုခေတ်က (i T)ခေတ် ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်လေ နိုင်ငံရပ်ခြားက အ၀တ်အစား ဖက်ရှင်တွေနည်းပညာတွေကိုရယူသိမြင်နိုင်ပြီလေအဲဒီတော့အဲဒီထဲကမှတချို့ကသူတို့ဝတ်သလိုအတိုတွေဝတ်ကြတယ်အရွယ်မရောက်ခင်မှာ ရင်ခုန်တတ်ကြနေပြီလေ သူတို့တီးသလိုတီးတယ်သူတို့ဆိုသလိုဆိုတယ် သူတို့ပြောသလိုပြောတယ် သူတို့ရေးသလိုလိုက်ရေးကြတယ်ဒီလိုလုပ်မှခေတ်မီတယ် ခေတ်ဆန်တယ်လို့ထင်နေကြတယ်လေတခြားလိုက်တုတာတွေလိုက်လုပ်ကြတာတွေလဲအများကြီးပေါ့ ဒါပေမယ့်
သူငယ်ချင်းတို့ လူငယ်တွေလိုက်မလုပ်တာ လိုက်မတုတာတွေလဲအများကြီပါပဲအဲဒါဘာတွေလဲဆိုတော့ သူတို့တတ်တဲ့အတတ်ပညာတွေ သုတေသနလုပ်ပုံတွေတွေသူတို့သိတဲ့နည်းပညာတွေ သူတို့စည်းကမ်း လိုက်နာတာတွေကိုလိုက်မလုပ်ကြ လိုက်မတုကြတာပဲ ဒီတော့ခုနက ကိုယ်ပြောခဲ့သလို
တကယ်စားသုံးရမယ့်အုန်းသီးကိုလွှင့်ပစ်ပြီး အပြင်အမြှေးကိုစားသူတွေလိုပဲ
ဒါကြောင့်သူငယ်ချင်းတို့ သုံးဆောင်နေတာဟာ ဖန်တွတွ မဖြစ်ပါနဲပလို့ပဲ
ပြောချင်တာပါ သူငယ်ချင်းတို့ ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာကတေ
ဒါပါပဲခင်မျာ

ရာဇာမင်း (တင်းတိန်မြေ)