Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

..."ဘ၀နဲ့အချစ်".....

$
0
0

ဘ၀ဆိုတာ လမ်းမရှည်ကြီးတစ်ခုနဲ့ တူတယ်။ အဲဒီလမ်းက မသိခြင်း၊ အံ့သြခြင်းတွေနဲ့ပြည့်နှက်နေတယ်။

ဘ၀ဆိုတာ ရွေးချယ်မှု ပုဒ်စာနဲ့တူတယ်။ ရွေးချယ်တာနောက်လိုက်ပြီး ကြုံတွေ့တာတွေကွာခြားသွားတယ်။

ဘ၀ဆိုတာ ပြိုင်ပွဲတစ်ခုနဲ့တူတယ်။ အနိုင်အရှုံးက အရေးမကြီးဘူး။ အဓိကကဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံပဲ။

ဘ၀ဆိုတာ ရေနွေးကြမ်းတစ်ခွက်နဲ့ တူတယ်။ သောက်စမှာ ခါးသက်ပေမယ့်ဇိမ်ခံသောက်ကြည့်ရင် ချိုမြမြ အရသာကို နောက်ဆုံးမှာ ခံစားရတယ်။

ဘ၀ဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ လူတစ်ချို့က ကိုယ့်ကိုယ်ကို ထွန်းတောက်အောင်သရုပ်ဆောင်တတ်ပေမယ့် တစ်ချို့က အရံအဖြစ်နဲ့သာ တစ်သက်လုံး သရုပ်ဆောင်ကြတယ်။

ဘ၀ဆိုတာ လှိမ့်နေတဲ့ ကျောက်ခဲတစ်လုံးနဲ့တူတယ်။ ငယ်ရွယ်စဉ် ချွန်ထက်နေတဲ့ကျောက်ခဲမှသည် အိုမင်းချိန် လုံးချောတဲ့ ကျောက်ခဲအဖြစ်သို့ လှိမ့်နေရတယ်။

ဘ၀ဆိုတာ ၀င်္ကဘာတစ်ခုနဲ့တူတယ်။ ထွက်လမ်းတွေကို မပြတ်ရှာရင်းကိုယ်နဲ့သင့်တော်မယ့်လမ်း တစ်ခုကို ရှာကြရတယ်။


အချစ်ဆိုတာ ပူနွေးမွေးကြိုင်နေတဲ့ ကော်ဖီတစ်ခွက်နဲ့တူတယ်။ အေးသွားတာနဲ့ခါးသက်သွားတယ်။

အချစ်ဆိုတာ ဂွမ်းထဲမှာ အပ်စိုက်ထားသလိုပဲ။ အကိုင်မတတ်ရင်ကိုယ့်ကိုယ်ပြန်စူးစေတယ်။

အချစ်ဆိုတာ သဲနဲ့တူတယ်။ တင်းတင်းဆုပ်ကိုင်ထားလေလေ သဲတွေက လက်ထဲကနေထွက်ကျလေလေပဲ။

အချစ်ဆိုတာ မာရသွန်ပြေးနေတာနဲ့တူတယ်။ တာထွက်ကောင်းပေမယ့် တာဝင်လိမ့်မယ်လို့တစ်ထစ်ချ ပြောလို့ မရဘူး။

အချစ်ဆိုတာ ကြိုးထိန်းတဲ့ လက်နဲ့တူတယ်။ ကိုယ့်ကိုယ်ကို ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ချင်ခဲ့ပြီး လက်ရဲ့ ကြိုးဆွဲရာနောက်သာ လိုက်ကချင်ခဲ့တယ်။


♥♥♥
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>