ကျွန်တော် တစ်နေ့ လမ်းမထက်မှာ တစ်ယောက်တည်း ငုတ်တုတ်လေးထိုင်ပြီး ငိုနေမိတယ်..။ ဘာလို့လဲဆိုတော့ အသည်းကွဲ ခြင်းနိဒါန်း ပါပဲ
ကျွန်တော် ခံစားမူတွေ ရင်ထဲမှာ မွန်းကျပ်စွာနဲ့ တစ်ယောက်တည်း ငိုနေမိတယ်...။ ကျွန်တော် ကိုင်ထားတဲ့ နှလုံးသားလေးဟာ မြေပေါ်သို့ ဘုတ်ခနဲ ကျသွားသည်။
ကျွန်တော် ပြန်ကောက်မည် အလုပ်... ဖြူစင်လွန်းလှတဲ့ လက်တစ်စုံက ကျွန်တော် နှလုံးသားကို ကောက်ယူလိုက်ကာ...
“ ရော့ ဒါ ရှင့် နှလုံးသားလာ..”
“ ဟုတ်ပါတယ်..”
“ ခဏလေးနော် ကျွန်မ ပေ ကျံနေတာလေးတွေကို သုတ်လိုက်ပါဦးမယ်..”
“ ရပါတယ် ဒီတိုင်းလေးပဲ ထားလိုက်ပါ..”
“ အို.... ဘယ်ဟုတ်ပါ့မလဲ... နှလုံးသားဆိုတာ နူညံ့တယ်... ထိခိုက်ပွန်းပဲ့ လွယ်တယ်...”
သူမပြောပြောဆိုဆိုနှင့် ကျွန်တော်နှလုံး လေးပေါ်မှာ တင်နေတဲ့ အညစ်ကြေး ဖုန်တွေကို ဖြူစင်လွန်းတဲ့ လေနဲ့ မူတ်ထုတ်လိုက်သည်..။
“ ရော့ ရပြီ.. သေချာသိမ်းဦးနော်..”
ကျွန်တော် ကိုယ့်နှလုံးသားကိုယ်ပြန်ကြည့်ကာ... မျက်ဝန်းထဲမှ ပုလဲလေးတွေ တွဲလှောင်ခိုလာသည်..။
“ ရှင် အဆင်ပြေရဲ့လာ..”
ကျွန်တော် လက်တစ်ချက်ကာ လိုက်ပြီး...“ ရပါတယ်.. မင်းသွားစရာရှိတာသာ ဆက်သွားပါ..”
“ ရှင် ပြောဖြစ်လို့ရရင် ပြော ပြပါလာ..”
“ အသည်းကွဲတယ်ဆိုပါတော့ဗျာ...”
“ ရှင့်ကောင်မလေး က ထားသွားလို့လာ..”
“ ထားခဲ့တာထက်ဆိုးတယ် မျှော်လင့်ချက်တွေပေးပြီး ရိုက်ချိုးသွားတာ..”
သူမ အဖြူရောင် လက်ကိုင်ပ၀ါလေးကို ထုတ်လိုက်ကာ.....“ရော့ ရှင့်မျက်ရည်တွေကို သုတ်လိုက်ဦး”
ကျွန်တော် သူမ မျက်နှာကို... သေချာမကြည့်မိရသေးပါ...ဒါပေမယ့် သူမ လေသံလေးကတော့ သာယာလွန်းလှသည်...။ ကျွန်တော်..
ရုတ် တရက် သူမမျက်နှာလေးကို လှမ်းကြည့်လိုက်သည်..။ “ဟာ... မင်းက ဗီးနပ်စ် လာ..”
“မဟုတ်ပါဘူး မီးအိမ်ရှင်လေးပါ ”
“ သြော်...”
“ ရှင် အရမ်းခံစားနေရလာ..”
ကျွန်တော် နူတ်ဆိတ်နေခဲ့သည်....။ ကျွန်တော် ရုတ်တရက်ထလိုက်ကာ... ငါ့ကို.. အလင်းပေးလို့ကျေးဇူးတင်ပါတယ်...ကျွန်တော်နာမည်
ရဲရင့်ပါ..။
“ရဲရင့်က ဘယ်သွားမလို့လဲ..”
“ ဘ၀ပျက်မြို့ ”
“ဟင်.. မသွားရပါဘူး.. ရဲရင့် အဲ့လိုလုပ်စရာမလိုဘူးလေ..”
“ ဘ၀ကြီးက အထီးကျန်စရာကောင်းလှပါတယ် မီးအိမ်ရယ်...”
“အဲ့လိုတော့ လည်းမဟုတ်ပါဘူး ရဲရင့်ရယ် အချိန်ကို နည်းနည်းလောက်ပေးကြည့်ပါလာ..”
“ ကျွန်တော်ခံစားရတာတွေ ကို မီးအိမ် မသိပါဘူးဗျာ..”
“ မီးအိမ် က ရဲရင့်ဘယ်လိုခံစားနေရတယ်ဆိုတာ မသိပေမယ့် မီးအိမ်နားလည်ပါတယ်...ခု မီးအိမ် ရဲရင့်အနားမှာ ရှိနေတယ်လေ..ဘာများ
အထီးကျန်နေလို့လဲ...”
ကျွန်တော် အနောက်ကို ပြန်လှည့်လိုက်သည်.. သွားမယ့်ခြေလှမ်းကို နောက်သို့ လှည့်ကာ...သူမမျက်နှာကိုလှမ်းကြည့်လိုက်မိသည်..။
သူမ မျက်နှာဟာ အရမ်းကို ကြည်လင်တောက်ပနေသည်..။ သူမရဲ့ နှလုံးသားဟာ အရောင်တွေ တစ်လက်လက်ဖြင့်....
“ကောင်းပြီလေ.. မသွားတော့ပါဘူး.....ဒါပေမယ့် တစ်ယောက်တည်းတော့နေပါရစေ..”
နောက်နေ့ သူမ ကျွန်တော် အိမ်လေးသို့ ရောက်လာခဲ့သည်..။
“ ရှင့် နှလုံး သက်သာလာ....”
နေ့တွေ ရက်တွေ အချိန်တွေ ကုန်လွန်လာတာနဲ့ သူမရဲ့ ပေးဆပ်မူတွေကို တစ်ဖြည်းဖြည်း မြင်လာခဲ့ တယ်......
သူမကြောင့် ကျွန်တော်ပျော်ရွင်ခဲ့ရတယ်..
သူမကြောင့် ကျွန်တော် ဘ၀ကို ပြန်မြင်လာခဲ့တယ်.
သူမကြောင့် ကျွန်တော်စိတ်ညစ်မူတွေ ပျောက်ကွယ်ကုန်တယ်
သူမကြောင့် အထီးကျန်မူတွေ အရည်ပျော်ကုန်တယ်..
နောက်ဆုံး သူမကြောင့် ကျွန်တော် နှလုံးသာ အကောင်းအတိုင်းပြန်လည် ဖြစ်လာခဲ့တယ်...။ သူမကို ကျွန်တော် မေးလိုက်မိသည်..
“မင်းငါ့ကို ဘာလို့ အဲ့လောက်ဂရုစိုက်တာလဲ ”
“ မေတ္တာရှိလို့ပေါ့..”
“ မင်းငါ့ကို ဘာလို့ အဲ့လောက်စိတ်ပူရတာလဲ”
“ရှင့်ကို သံယောဇဉ် ရှိလို့ပေါ့..”
“ မင်းငါ့ကို ဘာလို့ ပျော်စေချင်တာလဲ ”
“ ရဲရင့်ပျော်နေရင်း မီးအိမ်ကျေနပ်တယ်..”
သူမဟာ ကျွန်တော်ကို ပေးဆပ်အနစ်နာခံစေခဲ့တယ်...သူမဟာ ကျွန်တော်အတွက်ကိုပဲ ကြည့်ခဲ့တယ်.။ သူမရဲ့ ဂရုစိုက်မူတွေကြောင့်
ကျွန်တော် သူမအပေါ် သံယောဇဉ်တွယ်လာခဲ့တယ်..။ နောက် သူမ အကြောင်းကို မေးကြည့်တော့ သူမဟာ သူနာပြုဖြစ်နေတာကို
သိလိုက်ရတယ်..။ သူဟာ လူနာတွေကို ပြုစုနေတဲ့ သူနာပြုလေးဖြစ်သလို ကျွန်တော်နှလုံးသားကို ပြုပြင်ပြောင်းလဲပေးတဲ့...သူနာပြုလေး
လည်းဖြစ်နေခဲ့တယ်...။ ကျွန်တော် သူမကို ပြန်လည် ပေးဆပ်ရဦးမည်.. သူမအား ပြန်လည်ပြီး မေတ္တာတရားတွေပြန်လည်ပေးရဦးမည်.။
သူမဟာ ကျွန်တော်ရဲ့ မီးအိမ်ရှင်မလေးပေါ့..........။
တစ်ချိန်က ကျွန်တော်နှလုံးသားဟာ ခြောက်ကပ်ပြီး မိုးခေါင်ခဲ့ ဖူးပါတယ်... အခုတော့ မိုးတွေ ရွာသွန်းပြီး စိမ်းလန်းနေခဲ့ပါပြီ..။
ကျွန်တော် နှလုံးသားထဲ မှာ...... သူမစိုက်ပျိုးထားတဲ့ အချစ်သစ်ပင်လေးဟာ...တစ်ဖြည်းဖြည်းနဲ့......သာ......ကြီးပြင်းလာခဲ့ပြီး.။
ခု သူမ အတွက်ကြိုးစားရပေဦးမည်....။ ရဲရင့်ခေါင် ။