ဖုန်းကညာတစ်ပါး လုံးရာကပြား
ဆရာဝန်၏ ဆေးစစ်ချက်ကြောင့် ကိုယ့်ကိုယ်ကို အံ့သြမိသည်။ မဟုတ်ဘူးဆိုတာ သိပေမင့် ဘယ်လိုရှင်းပြရမည်မှန်းမသိ။ ပိုပြီးဆိုးဝါးသည်ကား ဆရာဝန်က ဆရာဝန်ဖြစ်နေသောကြောင့် လုံးဝရှင်းပြလို့ ရမည်မဟုတ်။ ဖြေရှင်းပြန်လျှင်လည်း ငါကိုယ်တိုင်တိုင်စစ်ဆေးတာကွလို့ အငေါက်ခံရမည်ကို ကြိုတင်ပြီး သိနေသည်။
\\မိန်နွေ--မင်းမှာ ကိုယ်ဝန်သုံးလ ရှိနေတယ်//
\\ဗျာ//
နောက်ကျိသွားသော ဦးခေါင်းနှင့် ချာချာလည်သွားသော မြင်ကွင်းတို့က ဆ၇ာဝန်၏ စကားကို ထောက်ခံသလို ဖြစ်သွား
မည်ကို စိုးရိမ်မိသည်။ ထိုစကားကို ကြားရသော ကိုရင် ။ ကောင်းဆက် ။ ညီသုတ တို့က ဖြစ်နိုင်ချေရှီသည် ဟူသော
အတွေးဖြင့် ခေါင်းတဆက်ဆက်ညိတ်နေကြသည်။ သူတို့သုံးယောက် အထင်လွဲသွားလျှင် အကြောင်းမဟုတ် ။ အရေး
ကြီးသည်ကား ကျွန်တော့်အပေါ် သက်နှင်းဖြူက အထင်မလွဲဖို့ပင်။ ကျွန်ုပ်နောက်သို့လှည့်ကြည့်သောအခါ မျက်ရည်အပိုင်းအစနှင့် သက်နှင်းဖြူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အံကြိတ်ပြီးအခန်းထဲမှ ပြေးထွက်
သွားသည်ကို မြင်လိုက်ရသည်။ သူမနှင့်အတူ ကျွန်တော်၏ နှလုံးသား သည်လည်း ကျွန်တော့်အပါးမှာမရှိတော့။။။။။။။။
************************************************************************************************************************
************************************************************************************************************************
\\ငါက ယောက်ျားစစ်ပါကွာ ။ ဘယ်လိုလုပ်ငါက ကိုယ်ဝန်ရှိရမှာလဲ၊ ဆရာမှားတာပဲနေမှာပါ ၊ ဆရာပြောလိုက်မှ ငါက ဖုန်း
ကညာတစ်ပါး လုံးရာက ပြားရမလို ဖြစ်နေပြီ//
\\ဒီမှာ မိန်နွေ၊ ဆရာက ပါရဂူပါ။ မှားစရာ လုံးဝမရှိဘူး ။ မင်းမကြားဖူးဘူးလား အနောက်နိုင်ငံတွေမှာ ယောက်ျားလေး
ကနေ ကလေးမီးဖွါးတယ်ဆိုတာလေ//
\\အာ ကိုရင်ကလဲ ။ အဲဒါ အစကတည်းက မိန်းကလေးပဲကို ၊ နောက်မှ ခွဲစိတ်ပြီး ယောက်ျားအသွင်ယူထားတာ//
\\ဟေ့ကောင်- အဲဒါတွေ ငါတို့မသိဘူး၊ ငါသိတာက မင်းမှာ ကိုယ်ဝန်ရှိနေတယ် ဆိုတာပဲ။ ငါ့ကိုပြောစမ်း ၊ အဲဒီကိုယ်ဝန်မင်းဘယ်သူနဲ့ရတာလဲ//
ညီသုတ၏ အမေးသည်ချက်ကောင်းကို ထိမိသည်အထင်ဖြင့် ကောင်းဆက်နှင့် ကိုရင်က ကျွန်တော့်ကို
မေးဆက်ကြည့်သည်။ ဘယ်လိုလဲ ဟူသော သဘောပင်။ \\ ဒီမှာ အစ်ကိုတို့၊ မယုံဘူးလား ကျွန်တော်ပြမယ်//ဟု
ပြောပြီး လျှော့ကျနေသော ပုဆိုးကို ပြင်ဝတ်မည်ဟန်ပြင်သောအခါ ကောင်းဆက်က--------
\\ဟေ့ဟေ့၊ မင်းမညစ်ပတ်နဲ့//
\\အာ ------အစ်ကိုကောင်းဆက်ကလဲ။ ပြင်ဝတ်မလို့ပါဗျာ၊ ဟီးး//
\\ငါမေးတာ ဖြေလေကွာ//
ပြန်မဖြေလျှင် ကြိုးဝိုင်းထဲက မိမိပြိုင်ဘက်ကို အကွက်မျိုးစုံဖြင့် ယှဉ်ထိုးပြီး အနိုင်ယူမည်ဆိုသော မျက်နှုာထားဖြင့်
ညီသုတက ကျွန်တော့်ကိုကြည့်သည်။ ကျွန်တော့်မှာ ကျားသုံးကောင်ကြားက သမင်ကဲ့သို့ မျက်ရည်တစ်စမ်းစမ်းဖြစ်
နေသော်လည်း မည်သူကမှ ကျွန်တော့်ကို ဖြေသိမ့်မပေးကြ။ ။။
မနေ့ညက အိပ်မက်ထဲတွင် ၀တ်ရုံဖြူ အဘိုးကြီးက ကျွန်တော့်ကို ယောကျာ်းစစ်စစ်ဖြစ်ကြောင်း။ လူပျိုစစ်စစ်ဖြစ်ကြောင်း။ ကျွန်တော်ကလွဲပြီး ကိုရင် ၊ ကောင်းဆက်၊ ညီသုတ တို့သည် လူပျိုဆိုသော်လည်း လူပျို
မစစ်ကြောင်း၊ သို့သော်--မနက်ဖြန်တွင် သူတို့အားလုံးက ကျွန်တော့်ကို အထင်လွဲစရာ အကြောင်းတစ်ခုကြုံလာမည်
ဖြစ်ကြောင်း သူပြောချင်ရာပြောပြီး ပျောက်ကွယ်သွားလေသည်။ ။။
အိပ်မက်အကြောင်းသာ သူတို့ကို ပြောပြပါက လူမရွေးတတ်သော မြန်မာ့လက်သီး ညီသုတ၊ ကလောင်လက်လက်သီး ကိုရင်။ ကောင်းဆက်တို့က ကျွန်တော့်ကို နှမ်းဖက်ချဉ် နှယ်သကဲ့သို့ ပယ်ပယ်နှယ်နှယ်
ထုနှက်မည်မှာ မလွဲဧကန်ပေ။ ထို့ကြောင့် သူတို့ကို ဘာမှ မပြောပဲ ကျွန်တော်တစ်ယောက်တည်းသာ လမ်းထိပ်က
ဘီယာဆိုသို့ ချီတက်လာမိသည်။ ။
*******************************************************************************************************************
*******************************************************************************************************************
သည်ပြသနာ ဘယ်ကဲ့သို့ ပေါ်လာသည်ကို စဉ်းစားနေရင်း သောက်ခဲ့သော ဘီယာပင် တစ်ဂျားကုန်လုနီးနေပြီ။ ယခု
ချိန်ထိ အဖြေက ရှာမရသေး၊ ထိုစဉ်----------
\\ ဟားးးးးးမိန်နွေ၊ မင်းက ဒီမှာ တစ်ယောက်တည်းရှိနေတာကိုး//
ဘာမပြောညာမပြော မိမိဘေးဝင်ထိုင်လိုက်သောသူကို ကြည့်လိုက်သောအခါ ကိုဝဏ်ဏထွန်း
ဖြစ်နေသည်။
\\မင်းပြသနာတွေကြုံနေတယ်ဆိုလို့ ငါလာဖြေရှင်းပေးမလို့ကွ//
ကျွန်တော်ကိုယ်တိုင် ဖြေရှင်းလို့မရသောပြသနာကို ကိုဝဏ်ဏထွန်းကဖြေရှင်းမည်ဆိုတော့ စိတ်ဝင်စားမိတာက
အမှန်ပင်။ သို့သော်-----သူလည်းထိုနည်းလည်းကောင်းဖြစ်မည်မှာ မှန်မလွဲပင်။ ။
\\မင်း-ဆီးသွားစစ်တဲ့နေ့က မှတ်မိသေးလား//
\\အင်းလေ။ မှတ်မိတာပေါ့//
\\မင်းကိုတောင် ငါမအားလို့ ။ ငါစစ်ရမယ့် ဆီးကို မင်းကိုပဲ လူကြုံ ပေးခဲ့တာလေ//
\\အဲတော့ ဘာဖြစ်လဲ//
\\ရှင်းပြီလေ၊ ရှင်းနေပြီ//
\\အာ --အစ်ကိုကလည်း ဘာမှလည်းမပြောသေးပဲနဲ့၊ မူးတဲ့လူကို လာပြီးရစ်နေတယ်//
\\မင်းကလည်း စဉ်းစားကြည့်မှပေါ့၊ မင်းကိုပေးလိုက်တဲ့ ဆီးပုလင်းက ငါ့ဆီးပုလင်းမဟုတ်ဘူး၊ ငါ့မိန်းမရဲ့ ဆီးပုလင်း
မင်းက ဆရာဝန်တွေကို မှားပြီးပေးခဲ့တာ//
\\ဟုတ်လို့လားဗျာ//
\\ဟုတ်သမှ သိပ်ဟုတ်။ ငါက စုံစမ်းပြီးပြီ ၊ ငါ့မိန်းမ ဆေးစစ်ချက်က ရောဂါမရှိတဲ့အပြင်လွယ်ထားတဲ့ကိုယ်ဝန်ပါပျောက်
နေတော့ စုံစမ်းရတာပေါ့၊ နောက်မှ မင်းမှားပြီးပေးခဲ့မှန်းသိရတာ//
\\ဘယ်သူတွေသိပြီလဲ//
\\အဆောင်ရောက်ခဲ့ပြီလေ။ အဲတော့ အကုန်သိပြီပေါ့//
\\ဟေးးးးးးးးးးးးးးးးးးးးးးးး//
ကျွန်တော်သည်ပျော်လွန်းအားကြီးပြီး ထခုန်အော်ဟစ်လိုက်သည်။ ကျွန်တော်၏ အော်ဟစ်သံကြောင့် ဘေးဝိုင်းမှ လူတို့သည် ဘာကြောင်တာလဲ --ဟူသော အကြည့်ဖြင့် ကျွန်တော့်ကို
ဝိုင်းကြည့်ကြသည်။ သို့သော်--ကျွန်တော် ဂရုမစိုက်ပါချေ။ ။
\\ဘာဖြစ်တာလဲကွ//
\\ဟီးးး အမှန်တိုင်းပြောရရင် ကျွန်တော်ဆိုင်သာရောက်လာတာ ဘက်ဂျက်ပါမလာဘူး။ အဲတော့ အစ်ကို့ရဲ့မိန်းမ
ကိုယ်ဝန်ရတဲ့အနေနဲ့ ဂုဏ်ပြုတဲ့သဘော ရှင်းပေတော့//
\\ဟားဟားဟား၊ ငါထင်တယ်//
\\ဘာလဲ။ မဖြစ်လို့လား//
\\မဟုတ်ပါဘူး၊ မင်းတို့ကိုကျွေးချင်လွန်းလို့ တမင်လာခဲ့တာ ၊ စားစရာတွေနဲ့သောက်စရာတွေ ၊ ခုဆို မင်းတောင်
နောက်ကျနေပြီ။ ကိုရင်တို့တပ်ဖွဲ့ကတော့ မြိန်နေကြပေါ့//
ကိုဝဏ်ဏထွန်း၏စကားသံကြောင့် ကျွန်တော်ရင်ထိပ်သွားသည်၊ မှန်သည်။ ဂုဏ်ပြုစားသောက်ပွဲ
ကို ကျွန်တော် လက်လွတ်သွားလို့မဖြစ်။ ထို့ကြောင့် အားကုန်ပြေးခဲ့သည်။ အဆောင်သို့ရောက်သောအခါ
ကျွန်တော့်ကို ပြုံးပြုံးကြီးကြိုဆိုနေသော သက်နှင်းဖြုကိုပင် ဂရုမစိုက်အား ၀ိုင်းအလည်တွင်ရှိသော ဘီယာကို မော့
သောက်လိုက်သောအခါ ကိုရင် ။ ညီသုတ၊ ကောင်းဆက်တို့၏ လက်သီးဆုပ်တို့သည် ပျော်ပျော်ရွှင်ရွှင်နှင့် ကျွန်တော်၏ ကျောပေါ်သို့ ပြိုင်တူကျရောက်လာလေတော့သတည်းးးးးးးးးးးးးးးးးးးးးးးးးးးး
ပြီးပါပြီ========
ကီးဘုတ်အခက်ခဲကြောင့် စာလုံးများကို သည်းခံပေးပါ။
လေးစားစွာဖြင့် မိန်နွေ------------
http://www.edinooyin.com/group/phway/forum/topics/4347155:Topic:4761966
ယင်းနေရာမှ တွေ့ရှိခဲ့သည်။
ဖိုးကဲလေး