ကြောက်လို့ပါ
ရွာတစ်ရွာမှာ မိန်းမတစ်ယောက်သည် ၄ ကြိမ်တိုင်တိုင် လက်ထက်ပြီးတိုင်း ယောက်ကျားများ သေကုန်သဖြင့်
၅ ကြိမ်မြောက်လက်ထက်မည့်
သတိုးသားမှာ အင်တင်တင် ဖြစ်နေသဖြင့် ထိုမိန်းမသည် ယတြာချေရန် ဗေဒင်သွား
မေးသည် ဗေဒင်ဆရာက သရက်ပင်နှင့် လက်ထက်ပြီးမှ ယောက်ကျားယူပါဟု ပြောလေသဖြင့် သရက်ပင်တစ်ပင်နှင့်
လက်ထက်လိုက်ရာ ရက်အနည်းငယ်အကြာတွင် ထိုသရက်ပင်ကို မိုးကြိုးပစ်ပြီး လောင်ကျွမ်းသွားသည်
နံပါတ် ၅ သတိုးသားလည်းတစ်ခါတည်း ရွာမှထွက်ပြေးရာ ထိုမိန်းမတစ်သက်ရာ မတွေ့တော့ပေ
အီကြာကွေးလို အချစ်နဲ့
အချစ်ရေ.....ကိုယ်တို့နှစ်ယောက် အီကြာကွေးလို အချစ်မျိုးနဲ့
မခွဲမခွာ နေကြစို့နော်
အို...မောင်ရယ် အီကြာကွေးလိုတော့ မချစ်ပါရစေနဲ့လားဟင်
ဘာဖြစ်လိုလည်းအချစ်ရယ်
အီကြာကွေးဟာ ပူးပူးကပ်ကပ် နေကြရပေမယ့် သူများတွေခွဲသွားတော့
ကွဲသွားကြတယ်မဟုတ်လား.......
ဒိုင်ယာရီ
အပျော်စီးသင်ဘော်ပေါ်မှ မိန်းကလေးတစ်ယောက်၏ ဒိုင်ယာရီကို ဖတိခဲ့ရသည်။
၁ ရက်နေ့။။။သင်ဘော်ကပ်ပတိန်၏ စားပွဲတွင် ညစာစားရန် ဖိတ်ကြားခံရ
၂ ရက်နေ့။။။ကပ်ပတိန်က တစ်နေကုန် သင်ဘော်အနှံ့လိုက်ပြ
၃ ရက်နေ့။။။ကပ်ပတိန်က ဇွတ်အတင်း ချစ်ခွင့်တောင်း
၎ ရက်နေ့။။။သူ့အချစ်ကို လက်မခံလျှင် သင်ဘော်ကို နှစ်ပစ်မယ်ပြော
၅ ရက်နေ့။။။သင်ဘော်ပေါ်ရှိ လူများ၏ အသက်ကို ကယ်တင်လိုက်ရပြီ....ဟူ၏