သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ ရယ်စရာတွေပဲ ပြောကြရအောင်ပါ၊ အခုရက်ပိုင်းမှာ အလုပ်တွေ များနေတယ်ဗျာ၊ လိုင်းတွေကလည်း လေးနေတော့... ပို့စ်ကောင်းတွေ ရေးချင်ပေမယ့်.... မရေးဖြစ်ဖူး ဆိုပါတော့လေ.... သီးခံပြီးသာ ဖတ်ကြပါတော့နော်......
သူငယ်ချင်းတို့ရေ..... ကိုယ့်အကြောင်းကိုယ် ပြောမှာပါနော်၊ ဒါပေမယ့် သူငယ်ချင်းတစ်ချို့ရဲ့ အကြောင်းတွေလည်း ပါတယ် သိလား၊ ကိုယ့်အကြောင်းကိုယ် ပြောရမှာတော့ ရှက်လည်း ရှက်မိပါတယ်၊ ဘာလို့လည်းဆိုတော့... ရွှေဘက အရက်သမားဆိုတော့.... တစ်နေ့မှာ အရက်မူးလွန်ပြီး လမ်းကူးတာမှားလို့ မော်တော်ပီကယ် ဖမ်းတာကို ခံလိုက်ရပြီး တရားရုံးကို ရောက်ခဲ့တယ်ပေါ့ဗျာ၊ အင်း... တရားသူကြီးက ရွာသူကြီးဗျ... ဦးအလင်းရောင်လေ.... အဟိ။
တရားသူကြီး။ မောင်မင်း လမ်းဖြတ်ကူးရာမှာ ဘာလို့ မျဉ်းကျားက မကူးရတာလဲ၊
ရွှေဘ။ ကျွန်တော်မျိုး မျဉ်းကျားကို ရှာမတွေ့လို့ပါ၊
တရားသူကြီး။ ဟေ့ကောင် ဒီမြို့ရဲ့ လမ်းတွေတိုင်းမှာ မြင်းကျားတွေရှိတယ်၊
ရွှေဘ။ ဟုတ်ကဲ့... မှန်ပါတယ်ခင်ဗျ၊ မျဉ်းကျားက တောင်ဘက်မှာ၊
ကျွန်တော်က မြောက်ဘက်ကို လိုက်ရှာမိလို့ပါ၊
တရားသူကြီး။ ဟေ..... အဲ့ဒီလို ရှာမတွေ့ ရတာနဲ့ တွေ့တဲ့နေရာက ကူးရောလား မောင်မင်းက၊
ရွှေဘ။ ဟင့်အင်း... မကူးသေးပါဘူး၊ ကူးမလို့ ဟန်ပြင် နေတုန်းပါ၊
အရက်က နည်းနည်းမူးနေတော့ ရှေ့ကိုယိုင်သွားတဲ့အချိန်မှာ မလဲအောင် လို့ ၊
ကျွန်တော်မျိုး ထိန်းရင်း နှစ်လမ်း၊ သုံးလမ်း လှမ်းမိတာပါ၊
ကျွန်တော်မျိုးအမူးလွန်နေတယ် ဆိုတာ အရက်ရောင်းတဲ့ ကိုပေကြီး သိပါတယ်၊
ကိုပေကြီးဆိုတာ မတင်ရွှေရဲ့ ယောက်ျားပါ၊ ကိုပေကြီးနဲ့ မတင်ရွှေတို့
မင်္ဂလာဆောင်တုန်းက ကျွန်တော်မျိုး သွားပါသေးတယ်၊ သူတို့က....
တရားသူကြီး။ မောင်မင်း.... မေးတာကိုပဲ ဖြေပါ။ မျဉ်းကျား မရှိတဲ့ နေရာကနေ
လမ်းဖြတ်ကူးတယ်လို့ မောင်မင်းကို စွဲဆိုထားတယ်၊
ဟုတ်သလား မဟုတ်ဘူးလား ဒါပဲ ဖြေပါ၊
ရွှေဘ။ ဟုတ်ကဲ့.... ကျွန်တော်မျိုး မကူးပါဘူး၊ မကူးတဲ့ အကြောင်းကို သက်သေပြနေတာပါ၊
ကိုပေကြီးတို့ အရက်ဆိုင်မှာ သောက်တုန်းက ကိုဖိုးခွါးလည်း ပါတယ်၊
ကျွန်တော်မျိုးက အရက်မူးရင် ရှေ့ကို လေးငါးလှမ်း ယိုင်တတ်တယ် ဆိုတာ သူသိပါတယ်၊
ကျွန်တော်မျိုးနဲ့ ကိုဇေယျာဖုန်းမြင့်တို့ အရက်မူးပြီး ကြက်ခိုးစားတုန်းကလည်း
အဲသလို ယိုင်ဖူးပါတယ်၊ အဲ့ဒီတုန်းက မေမေကိုတို့အိမ်က ကြက်ကို ခိုးတာပါ၊
အဲ့ဒီနားက ဒေါ်လ၀န်း ဆီမှာတောင် ငှက်ပျောသီးတွေ တောင်းစားပါသေးတယ်၊
ဒေါ်လ၀န်းက သဘောကောင်းပေမယ့် သူ့ယောက်ျားကြီးက
အင်မတန် စိတ်ပုတ်မယ့်ဘဘောလို့ ထင်ရပါတယ်၊
တရားသူကြီး။ ဒီမှာမောင်မင်း၊ ၀န်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲ ရိုက်မှာ၊
ဘယ်လောက်မှ အပြစ်ကြီးတာလဲ မဟုတ်ပါဘူး၊ ကြောက်စရာလဲ မလိုပါဘူး၊
ရွှေဘ။ ဟုတ်ကဲ့... ကျွန်တော်မျိုး မကြောက်တတ်ပါဘူး ခင်ဗျ၊
ရွာနောက်က သင်္ချိုင်းမှာ တောင် တစ်ယောက်တည်း အိပ်လာခဲ့သေးတယ်၊
အဲ့ဒီမှာ အိပ်ခဲ့တာကို ဖဲသမား ကိုကောင်၎လည်း သိပါတယ်၊
သူက ကိုမြတ်ဖုန်းခဆီက အမဲအူပြုတ် ယူလာတာကို
သင်္ချိုင်းထဲမှာ သွားစားရဲရင် အကြီးတစ်လုံး ပေးမယ် ဆိုတာနဲ့ သွားစားတာပါ၊
တော်ရုံတန်ရုံနဲ့ဆို သွားစားရဲဖို့ မလွယ်ပါဘူး၊
ကျွန်တော်မျိုးရဲ့ သူငယ်ချင်း အစ်ကို ကိုနဂါးဆိုရင်
ညမှောင်တာနဲ့ အိမ်ပြင်တောင် မထွက်ရဲပါဘူး၊
ဒါနဲ့..... တရားသူကြီးမင်းကကော ဘယ်အရပ်ကလဲ ခင်ဗျ၊
မိန်းမနဲ့ပါတ်သက်တဲ့ အမှုတွေ ခဏခဏဖြစ်နေတဲ့
ကိုဖိုးထက်တို့အိမ်နဲ့များ နီးလားလို့လေ....
တရားသူကြီး။ မောင်မင်း စကားတွေ အများကြီး မပြောပါနဲ့၊ လိုရင်းပဲပြောပါ၊
ရွှေဘ။ ဟုတ်ကဲ့..... ကျနော်က အထောက်အထားနဲ့ ပြောတာပါခင်ဗျ၊
တရားသူကြီး။ အဲ့ဒါတွေ မလိုဘူးလေ... မေးတာကိုပဲ ဖြေပါ၊ မောင်မင်း လမ်းဖြတ်ကူးသလား၊
ရွှေဘ။ ဟင်.... မကူးပါဘူးခင်ဗျာ၊ အဲဒီလမ်းထိပ်က ရေခဲရေသည် မပိုးလေးကိုမေးကြည့်ပါ၊
သူ ကျွန်တော်မျိုးကို ကောင်းကောင်းကြီးသိပ်ါတယ်၊
ကျွန်တော်မျိုး နေ့တိုင်းသူဆီက ရေခဲရေ သောက်နေကျပါ၊
သူ့ယောက်ျား ဦးရုပ်ဆိုးက ဆိုက်ကားနင်းပါတယ်၊ ကလေးသုံးယောက် နဲ့ပါ၊
သူ့ညီမ မသစ္စာက ဆိုးတယ်ခင်ဗျာ.....၊ ဟိုတစ်လောက သူတို့အိမ်က
ထမင်းအိုးကြီးကို ပေါင်စားပစ်တယ်၊ ခုတော့ မြေအိုးနဲ့ ချက်နေရတယ်တဲ့၊
တိုစဉ်.... တရားသူကြီးသည် သက်ပြင်းချလိုက်ပြီး အိတ်ထဲမှ ပိုက်ဆံကို နှိုက်ကာ ငွေငါးဆယ်ကို စိုက်၍ ဒဏ်ဆောင်လိုက်သည်။ ပြီးတော့မှ တရားခံ ရွှေဘကို ပြောလိုက်တာက.....
တရားသူကြီး။ ""ကဲ.... ကဲ... သွားကွာ..... သွားတော့ ငါနားငြီးတယ်...."" တဲ့ဗျာ။