လူတယောက်ဟာ ဘယ်လောက်ပဲ ပေါ့ပျက်ပျက်နေပါစေ လေးနက်လာတဲ့ တချိန်တော့ ရှိကို ရှိပါတယ် ။
အဲ့ဒီလို ပေါ့ပျက်ပျက်နေတဲ့ လူတယောက်လေးနက်လာပြီ ဆို သာမာန်ထက် ပိုတတ်ကြပါတယ် ။ ဒါပေမဲ့ အရင်က ပေါ့ပျက်ခဲ့တဲ့ အလေ့အထ ကြောင့် လူယုံကြည် မူ နည်းတတ်တာသဘာဝပါပဲ။ ဒါကို ဘယ်သူအပြစ်ရယ်လို့ မှ မဆိုသာ ဘယ်သူမပြု မိမိ အမူပါပဲ။
ညိုက လောကကြီးကို အေးဆေးပဲ မြင်တတ်ပါတယ် ။ လူဘ၀ သက်တန်းတိုတိုလေးမှာ စိတ်ညစ်စရာတွေ ဘာကြောင့်တွေးနေမလဲ။ ပျော်ပျော် ပဲနေပစ်လိုက်မယ် ။ လွပ်လပ်တဲ့ လူငယ်ဘ၀ ကို အပြည့်အ၀ ခံစားမယ် ။
ပါတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တတ်။ ချီးမွမ်း ၇ ရက် ၊ ကဲ့ ရဲ့ ၇ ရက်ပဲ။ ကြာကြာ မပြောနိုင်ပါဘူး ။ ဒါကြောင့် ကိုယ့်ရဲ့ ပျော်ရွှင်မူကို အထိခိုက် မခံနိုင်ပါ ။ “ ပျော်ပျော်နေ သေ ခဲ ”တဲ့….. အဲ့ ဒါ ..ညိုရဲ့ ခံယူချက်ပဲ။
အဲ့ဒီလို လွပ်လပ်ပျော်ရွှင်ခြင်း တွေနဲ့ ညိုရဲ့ ဘ၀ လေးထဲက “ မောင်” ရောက်လာ ခဲ့ပါတယ် ။ ညိုရဲ့ လေးနက်ခြင်းအစက မောင်ပါပဲ။ ညိုက ရည်စားတွေ ထားဘူးပေမဲ့ မောင်လို့ မြတ်မြတ်နိုးနိုး မခေါ်ဘူးပါ။
ညိုရင်ထဲက ပွင့်အံလာတဲ့ နာမ်စား “ မောင် ” ဆိုတာကပင် လေးနက်လွန်းလှပါတယ် ။ မောင်ကို အရမ်းချစ်တယ် ။ ညို ရဲ့ ခံယူချက်တွေ ကို ပါ မောင်ကပြောင်းလဲ စေနိုင်ပါတယ် ။
“ ညို ..မိန်းခလေးဆိုတာ ….လွတ်လွတ်လပ်လပ် ..အရမ်းမနေရဘူး ”
“ မောင်ကလဲ ….ညိုက..ပျော်ပျော်နေချင်တာပါ ”
“ ဟုတ်တယ်လေ ညိုက သာမာန်လို့ တွေးပေမဲ့ အများအမြင်ကြမတင့်တယ်ဘူးလေ …နော် …မောင့်စကားနားထောင်မယ် မှလား ”
သိပ် လက်မခံ ချင်ပေမဲ့ ..မောင်ကို ချစ်တော့ လဲ …မောင့်စိတ်တိုင်းကျပါပဲ ။
“ ညို စကတ်က တို လွန်းတယ် ၊ အကျီင်္ကလဲဟိုက်လွန်းတယ် ….ဒါမျိုးတွေ ..နောက်ကို မ၀တ်ရတော့ဘူးနော် ။ တောင်းမှာ အကွတ် …လူမှာ အ၀တ်တဲ့ ။ အ၀တ်အစားက လူ့ အဆင့်အတန်းကို ဖော်ပြနေတာတဲ့ ။ ဒီလို့ ၀တ်လို့ အထင်ကြီး မခံရဘူး ။ အထင်သေးပဲ ခံရမှာ လေ ။ မောင့်ချစ်သူ မို့ အထင်သေးမခံနိုင်ပါဘူး ။ နောက်မ၀တ်တော့ဘူးလို့ ဂတိပေး ”
မောင်ပြောတော့ လဲ …ဟုတ်သလိုလိုပါပဲ။
“ ညို …ယောင်္ကျားလေး သူငယ်ချင်းက များလှကြီလား ။ မောင် စိတ်မချဘူးနော် ”
“ အင်းပါမောင်ရယ် ။ သူငယ်ချင်းဆိုတော့ လဲဖြတ်လို့ ဘယ်၇မလဲ…..နောက်တော့လဲ ပြီးသွားမှာပါ ။
ညိုက မောင် …တစ်ယောက်ထဲကိုပဲ ချစ်တာ …ယုံနော် ”
အရမ်းချစ်ကြသူတွေမို့ …ပြသနာ ဆိုလဲ ခဏပါပဲ။ စိတ်ဆိုး ၊ စိတ် ကောက် ယုံ ထက် မပို ခဲ့ပါ ။
ဒီလို နဲ့ ..ညို တို ချစ်သူ နှစ်ယောက် ချစ်သက်တန်းလေး ရှည်လာ ခဲ့ပါတယ် ။
မောင်နဲ့ ညိုတို့ …..လက်ထပ်ကြဖို့ ..ဆုံးဖြတ်ခဲ့ကြပါတယ်။
“ မောင် ….မျက်နှာက ညှိုးနေတယ် ။ ဘာ ပြသနာ ရှိလို့ လဲ ။ ညိုကို ပြောပြလေ ။ အေးအတူ ပူအမျှဆို …
ညိုလဲ မျှဝေ ခံစားချင်ပါတယ် ။ ”
“ ညို …ကို မောင် အရမ်းချစ်တယ် ။ ညို ဖြူစင်တာလဲ ..မောင်သိနေတယ် ။ ဒါပေမဲ့ လေ …. …”
“ ဆက်ပြောပါ မောင် ….ညိုကို အားမနာ ပါနဲ့ …..မောင့်အိမ်က သဘော မတူ ဘူးလား ”
“ ဟုတ်တယ် ညို …မောင့်မေမေက ..မြန်မာ အရမ်းဆန်တော့ …..လေ ….ညိုကို သဘောမကျဘူး ဖြစ်နေတယ် ။”
ညိုနားထဲ .. အူထွက်သွားပါတယ် ။ သဘောမတူဘူးတဲ့ …..အပြင်ကသာ ..ချစ်သူ စိတ်ဆင်းရဲမှာ စိုးလို့ ဟန်ဆောင်နေရပေမဲ့။ ဒီစကားကို ..မိန်းခလေးတိုင်း ခါးသီး မှာပါ ။ ၀မ်းနည်းအားငယ် စိတ်တွေ ပြည့် လျှံလာပါတယ် ။ ညိုဘာမှားနေလို့ သဘောမတူတာလဲ…. ညိုက….ရေမရောတဲ့ အပျိုစစ်စစ်။ သူက ဘာကို ကြည့်ပြီး ..သဘောမတူရတာလဲ။ စိတ်ထဲက မေးနေမိတဲ့ စကားလုံးတွေက …လက်တွေ့မှာတော့ ..ထွက်မလာခဲ့ပါ။
“ ညို ၀မ်းနည်းသွားလား ။ မောင်တောင်း ပန်ပါတယ် ကွာ။ မပြောလို့လဲ မဖြစ်လို့ပါ …..လူကြီးတွေ နားလည်လာ အောင် ကြိုးစား ကြမယ်လေ ..နော် ”
ညို …ကျလာသော မျက်ရည်တွေကို ..ခါထုပ်ပြီး …. ခေါင်းညိမ့် ပြလိုက်ပေမဲ့ …ရင်ထဲမှာတော့ ….
မရေရာ မူပေါင်းများစွာ …..ငါ ဘာဆက်လုပ်ရမှာ လဲ ။ …အတွေး ပေါင်းများစွာ ဖြင့်သာ …..။
နေ့တနေ့ မှာတော့ …မောင်နဲ့ အတူ ဈေးဝယ်ရင်း …မောင့်မေမေနဲ့ ဆုံ တွေ့ ခဲ့ပါတယ် ။
ညို တယောက် လက်ဖျားတွေ အေးစက်လို့ ….မောင့်ကို မော့ကြည့်မိတော့… ..မျက်နှာငယ်လေးနဲ့လေ ….
သူလဲ ကြောက်ရှာမှာပေါ့ ..အမေကိုး ။
“ မင်းတို့ နှစ်ယောက် ယူကြဖို့ ဆုံးဖြတ်ပြီးပြီပေါ့ ။ ယူတယ်လို့ ပြောလိုက်တာ လွယ်ပေမဲ့ လက်တွေ့မှာ မလွယ်ဘူးနော် ….။ ငါ တို့ မြန်မာနိုင်ငံမှာက အိမ်ထောင်မူ ဘုရားတည် ဆေး မင်ရည် စုပ်ထိုးတဲ့ ။
လွယ်လွယ် ဆုံ ဖြတ်လို့ မရဘူး …. တသက်စာပဲ ။ ဘ၀ ကို ပေါ့ပေါ့လေး တွေးထားတတ်တဲ့ လူ တွေ အတွက်ဆို ပို လို တောင်ဆိုးပါသေးတယ် ။ ဒီလို မိန်းခလေး မျိုးရဲ့ လက်ထဲ ကို အန်တီသား ရဲ့ ဘ၀ ကို ပုံ မအပ်ရဲ ဘူး။ အ၀တ်အစားကို ကြည့် အိနြေ္ဒ ဆိုတာ ဘယ်နားမှာ လဲ ။ အနေအထိုင် ကို ကြည့် သိက္ခာ ဆို တဲ့ ဘယ်နားမှာ လဲ။ အန်တီက အိနြေ္ဒ ၊ သိက္ခာ ရှိတဲ့ ..မိန်းခလေး မျိုးကို ပဲ သဘော ကျတယ် ”
ညို မျက်ရည်တွေ ပိုးပိုးပေါက် ပေါက် ကြလာပါတယ် ။ တသက်လုံး မစဉ်းစာ မိ တဲ့ မိမိ ရဲ့ သိက္ခာ .. မိမိ ရဲ့ အပြု အမူ ကြောင့်ပဲ ..တစ်စ စီ ပဲ့ ကြွေ သွားခဲ့ပါ ပြီ။ ရှက်တယ် ..ဆိုတာ ထက် ကောင်းတဲ့ စကား ရှိသေးရင် ပြော ချင်ပါတယ် ။ ချက်ချင်း အသက်ပဲ ပျောက်သွားချင်ပါတော့တယ်။
နေရစ်ခဲ့တော့ မောင်ရေ …… ညို ရဲ့ ..သိက္ခာ တရားအတွက် ..မောင်ကို စွန့် ခွာ ပါရစေ ။
ညိုက အရှက် သိက္ခာ လုံးဝ မရှိတော့တဲ့ မိန်းခလေး မဖြစ်ပါရစေနဲ့ ။ လက်ကျန် မာန လေးနဲ့ ..သိက္ခာလေး ပြန်ဆယ်ပါရစေ ။ မောင့်မေမေ ရဲ့ စကားတွေ ဟာ ညို ဘ၀ အတွက် တသက်စာပါပဲ။
ဘ၀ ကို လွယ်လွယ်လေး တွေးတတ်တဲ့ ညို …..ဘ၀က ပေးတဲ့ သင်ခန်းစာက ရိုက်ချက် ပြင်းလှပါတယ်။
နောင် အနှစ် ၂၅ အကြာတွင် ….
“ မေမေ …သား ချစ်သူလေ ။ မေမေ နဲ့ မိတ်ဆက်ပေးမလို့ ခေါ်လာတာ ”
သားရဲ့ မိန်းခလေး ညို ကြည့်မိ လိုက်တော့ …..
ညို …..နားထဲကို ..တချိန်က စကားများ ပြန်လည်ကြားေ၇ာင်လာပါတယ် ။
“ ဒီလို မိန်းခလေး မျိုးရဲ့ လက်ထဲ ကို အန်တီသား ရဲ့ ဘ၀ ကို ပုံ မအပ်ရဲ ဘူး။ ……..”
တို နန့် စကတ်လေးနဲ့ …..အကျီင်္ကလဲ ..ဟိုက်လွန်းနေတယ်။ အမေ ရဲ့ ရှေ့ မှာ တောင် သား ရဲ လက်မောင်ကို ဖက်တွယ်လို့ ….လူကြီး ကို လူကြီး မှန်း မသိတဲ့ မျက်နှာ ထား….
ဒီလို ကောင်မလေး ရဲ့ လက်ထဲ သားလေး ရဲ့ ဘ၀ ကို ပုံ အပ်ရဲလား။။။။ ဟင့်အင် ….မဖြစ် နိုင်ဘူး။
ညို ခေါင်းတွေ မူး နောက်လာပါတယ် ။ တချိန်က မောင့်မေမေ ရဲ့စကားများ …ညို ပြောရတော့မှာပါလား ။
ကောင်မလေးရေ ….မင်းအတွက်လဲ တသက်စာ ဖြစ်သွားနိုင်ပါတယ်။
ငါ့ အတွက် ..တသက် စာ ဖြစ်ခဲ့တဲ့ စကားလုံးတွေ ..မင်ကို ပြန်ပြောပြရတော့မယ်လေ ။
ဒီ လို တကျော့ ပြန် လေးတွေ ဘယ်လောက် ထိ ရှိလာ အုံးမှာလဲ…….
ဘ၀ကို ပေါ့ပေါ့ လေးတွေး ။ ပေါ့ပေါ့လေး လို မစဉ်းစားလိုက်ကြပါနဲ့။
လေးနက်လာတဲ့ တချိန်မှာတော့ …တသက်စာ ..နောင်တတွေ ရသွားတတ်ကြပါတယ် ။
ဆန္ဒမွန်ဖြင့် …..
မှုံနံ.သာဖြူ….