Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပြိုင်မျဉ်းလေးတော့ မဖြစ်စေချင်.......................

$
0
0

                            ချစ်သူတဲ့ စကားလုံးလေးကတော့ နှစ်လုံးတည်းပါ။ ချစ်သူဆိုတာ ဘယ်သူ့ကို ရည်ညွှန်းတာလဲ။ ကိုယ်က ချစ်ရတဲ့သူကို ချစ်သူလို့ခေါ်တာလား။ ဒီလိုမဟုတ်ရင် ကိုယ့်ကို ချစ်တဲ့သူကိုလား။ ကိုယ်ကကော သူကကော နှစ်ဖက်ညီတဲ့ အချစ်၊နှစ်ဦးသဘောတူ ချစ်ခြင်းရှိတဲ့သူကိုမှ ချစ်သူလို့ခေါ်ချင်တာလား။

                             ချစ်သူဆိုတာကို သင်ဇာကတော့ ကိုယ်ကချစ်ရတဲ့သူဟာ ကိုယ့်ချစ်သူလို့ လက်ခံချင်ပါတယ်။ သူ့အချစ်ကိုရတာ မရတာထက် ကိုယ်ကချစ်ရတဲ့ သူမို့ ဘကိညီတဲ့ သူ့အချစ်ကို ပြန်မရပေမယ့် ကိုယ်ကချစ်နေမိသူဆိုတော့ ကိုယ့်ချစ်သူလို့လေ။ ဒါပေမယ့် ဒီချစ်ခြင်းမှာ ကိုယ်ကချစ်လို့ ကိုယ့်ကို ပြန်ချစ်ရမယ် ဆိုတဲ့အတ္တတော့ မပါပါဘူးဆိုတာ သတိရပေးပါ။

                           ဘာပဲပြောပြော ကိုယ်ချစ်ရတဲ့ သူ အရာရာ အဆင်ပြေနေဖို့ ဆုတောင်းရင်း သူလိုသမျှကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးရတာ ကိုယ်ချစ်နေတာ သူမသိပေမယ့် သူစိတ်ချမ်းသာအောင် ဖန်တီးပေးလိုက်နိုင်ရင်ပဲ ပျော်နေတဲ့သူ၊ အဲလိုချစ်သူမျိုးဆိုရင်ကော။ ဒီလိုဆိုရင် မေးလာကြမယ်ထင်ပါတယ်။ သူ့အချစ်ကိုမရမှတော့   တစ်ဖက်သတ်အချစ်ကြီးပေါ့လို့လေ။

                             ဟုတ်ပါတယိ ကိုယ်ကချစ်နေရပေမယ့် သူ့အချစ်ကို ပြန်မရရင်တော့

ဒါတစ်ဖက်သတ်ပါ။ သီချင်းထဲမှာတောင် တစ်ဖက်သတ်အချစ်ဟာ ဆိုးပါသည်တဲ့။ ဒါပေမယ့်

ပိုင်ဆိုင်လိုစိတ်ကင်းပြီး သူလိုသမျှကို ကိုယ်ကပဲပေးစွမ်းနေချင်တာ၊ ရယူလိုစိတ်မရှိဘဲ သူ့ဘက်က ဘာမှမျှော်လင့်ချက်မထားဘဲ အပေးသမား အချစ်မျိုးနဲ့ ဆိုရင်ကော မေတ္တာအေးအေးလေးနဲ့သာ ချစ်တတ်မယ်ဆိုရင် စိတ်ချမ်းသာနိုင်မှာပါ။

                             ကိုယ်ချစ်ရတဲ့သူအပေါ်မှာ မာနတွေ အတ္တတွေသာ များလာရင်တော့ သေချာပါတယ် ကိုယ်ချစ်ရတဲ့သူနဲ့ အဝေးဆုံးကို ရောက်တော့မှာပါ။ သင်ဇာ့မှာ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်၊ အဲဒီနှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်တဲ့ ချစ်သူနှစ်ယောက်ပါ။ ဒါပေမယ့် ခုချိန်ခါမှာတော့ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ သူတို့နှစ်ယောက်ဟာဆုံမှတ်မရှိတဲ့ အဝေးဆုံးနေရာကို ဦးတည်သွားကြပါတယ်။ ဖြစ်ပုံကတော့ ရည်မှန်းချက်ကြီးတဲ့ ဒီချစ်သူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်

ြ ပိုင်ဆိုင်ရင်းပါ။ချစ်သူတွေကြားမှာ ပြိုင်ဆိုင်မှုဆိုတာ ရှိသင့်ပါသလား။ 

တစ်ဦးရဲ့အောင်မြင်မှုကို တစ်ဦးက ၀မ်းမြောက်ဝမ်းသာဖြစ်ပေးရမှာမဟုတ်ပါလား။

                             ဘ၀မှာ ရည်မှန်းချက်ကြီးတာ ကြိုးစားတာကတော့ ကောင်းပါတယ်။

မကောင်းတာကတော့ အောင်မြင်မှုကိုပြိုင်ဆိုင်ကြတာပါ။ အောင်မြင်မှုရတဲ့သူက

အောင်မြင်မှုမရသေးတဲ့ချစ်သူကို ဘယ်လိုလို့ ဝေဖန်မယ့်အစား နှစ်သိမ့်အားပေးပေးပါလား။

တကယ်စဉ်းစားကြည့်လိုက်ရင် ချစ်ရသူတဲ့ သူကပေးတဲ့နှစ်သိမ့်မှုဆိုတာ ဘယ်သူပေးတဲ့ နှစ်သိမ့်မှုနဲ့ မတူညီနိုင်သလို ကိုယ်ချစ်ရတဲ့သူကပြောတဲ့ ပြစ်တင်ရှုံ့ချမှုကလဲ

ခံစားရတဲ့သူအတွက်တော့ ဒီထက်ခါးသီးတာရှိမှာ မဟုတ်တာတော့ အမှန်ပါ။ နှစ်သိမ့်မပေးရင်တောင် ပြစ်တင်ရှုံ့ချတာလေးတော့ မလုပ်ပါနဲ့လား။

                             တကယ်တော့ ချစ်သူတွေကြားမှာ တစ်ဦးရဲ့ယုယမှု၊ချစ်ခင်မှု၊ နားလည်မှုကို တစ်ဦးက လိုချင်တာ၊ နှိုင်းယှဉ်မှုတွေကို မလိုချင်တာတော့ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် အဘက်ဘက်က နားလည်ပေးပြီး နားလည်ခွင့်လွှတ်သည်းခံပေးမှုတွေနဲ့အတူ ခါးသီးတဲ့လေစိမ်းကြားစကားတွေကို ယုံကြည်မှုတွေနဲ့ ကျော်လွှားလို့ တစ်ဦးတစ်ဦး သစ္စာထားရင်း နားလည်မှုတွေကို အခြေတည်ကာ အတ္တမာနပြိုင်ဆိုင်မှု ကင်းတဲ့ချစ်ခြင်းတွေနဲ့အတူ ပြိုင်မျဉ်းနှစ်ကြောင်း အဖြစ်မခံကြဘဲ ဆုံမှတ်တစ်ခုကို

ဦးတည်တဲ့ လားရာတူတဲ့မျဉ်းလေးနှစ်ကြောင်းသာ ဖြစ်ကြပါစေရှင်။                      


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>