သူငယ်ချင်းတို့ရေ၊ ကောင်းသော နေ့လေးပါနော်၊ ကျနော်က မိန်းခလေးတွေကို ဝေဖန်စာတွေ ရေးလွန်းလို့ဆိုပြီး ပို့ခံရတဲ့ မေတ္တာတွေကလည်း တော်တော်များများ ရနေပါပြီဗျာ၊ အင်း.... ဒီနေ့တော့ ကျနော်တို့ လင်မယား (အားးးး ပါးစပ်ရားလိုက်တာ) အကြောင်းကို ပြောပြမယ်နော်၊ ကျနော့ကိုတော့... သူငယ်ချင်းတွေက သိပြီးသားမို့ မိတ်ဆက်စရာ မလိုတော့ပေမယ့် ကျနော့ မိန်းမကိုတော့ မသိသေးကြတာမို့ မိန်းမရဲ့ နာမည်လေးကို မိတ်ဆက်ပေးမယ်နော်၊ ကျနော့ မိန်းမက... ၀တ်မှုံငွေရည်ပါ.... ဟိဟိ၊ ကျနော်မိန်းမက အလုပ်ကို အရမ်းကြိုးစားပါတယ်၊ သူက ကုမ္မဏီတစ်ခုမှာ မန်နေဂျာရာထူးနဲ့ အလုပ်လုပ်နေသူပါ၊ သူက ကုမ္မဏီ မန်နေဂျာဆိုတော့ ကျနော်က ဘာအလုပ်မှ လုပ်စရာမလိုအောင် စားဝတ်နေရေးကလည်း အဆင်ပြေပါတယ်၊ သူငယ်ချင်းတို့ သိကြတဲ့ အတိုင်းပါပဲ၊ ကျနော်ကလည်း ပေါတောတော (ဟိုက်... ငါ့အကြောင်းတွေ သူတို့သိကုန်ပြီ) ဆိုတော့... အိမ်မှာ အိပ်လိုက်၊ စားလိုက်၊ ယမကာလေး မှီဝဲလိုက်နဲ့ ကောင်းကောင်းမနေသေးဘူးဗျ၊ မိန်းမကိုလည်း ကြုံရင် ကြုံသလို နောက်လိုက် ပြောင်လိုက်က လုပ်တတ်သေးတာ၊ ကဲကဲ... ပြောနေရင် ကြာတယ်... မပြောရင် မကြာဘူး...
ရွှေဘ။ မိန်းမရေ... မိန်းမ၊ ၀တ်မှုံငွေရည်.... ချစ်ဆုံးရေရရရရရရရရရ၊
ဝတ်မှုံငွေရည်။ ရှင်.... ရှင့်၊ ဘာခိုင်းစရာရှိလို့လည်း... ကိုကို၊
ရွှေဘ။ ဟာ.... ရောက်လာတာ မြန်လိုက်တာ ချစ်ဆုံးရယ်၊ ဒါနဲ့ ဘယ်မှာလဲ ရေ၊
ချစ်ဆုံးကို ကိုယ်ပြောထားတယ်လေ... ချစ်ဆုံးရေ... ဆိုရင် ရေပါ ခပ်လာပါလို့၊
ဝတ်မှုံငွေရည်။ သြော်... ဟုတ် မေ့သွားလို့ပါ.. ကိုကို၊ ကိုကို အပူလား အအေးလားဟင်၊
ရွှေဘ။ ဟင်း.... ချစ်ဆုံးကလည်းကွာ... ကိုယ် လုပ်မိတော့မယ်နော်၊
မနေ့ ညကလည်း တစ်ခါ လုပ်ပြီးပြီ ဒါလည်း မမှတ်ဖူး၊ ကိုယ်က ဒီလိုညနေပိုင်းဆိုရင်
ဘာသောက်တတ်လဲ ချစ်ဆုံး သိဘူးလား၊
ဝတ်မှုံငွေရည်။ ဟုတ်... သိပါတယ် ကိုကိုရယ်.... ကိုကိုက ညနေပိုင်းဆိုရင်
ချည်ချည်နဲ့ အေးအေးလေး သောက်နေကျပါ၊ ဒါပေမယ့်
တစ်ခါတစ်လေ ကော်ဖီ ပူပူလေးများ သောက်ချင်မလားလို့ပါရှင်၊
ရော့ရော့... ကိုကို့အကြိုက် သံပရာရည်လေးနော်၊
ရွှေဘ။ ဟုတ်ပါပြီ... ဒီနေ့ကော ကုမ္မဏီမှာ အလုပ်တွေ တော်တော်မှ များခဲ့ရဲ့လား၊
အင်း..... အလုပ်များခဲ့တာတွေ မများခဲ့တာတွေက ထားလိုက်ပါဟာ....
လောလောဆယ်တော့ ကိုယ့်ကို ဇက်ကြောလေး ဆွဲပေးပါဦးနော၊
အင်း.... ကိုယ့်မိန်းမက ဖျော်ပေးလို့သာ သောက်လိုက်ရတယ်...
ကလပ်က ကောင်မလေးတွေ ပေးတဲ့ အအေးခွက်နဲ့တော့ တစ်ခြားစီပါလားနော်.....၊
ဝတ်မှုံငွေရည်။ ဟင့်... ကိုကိုကလည်း ကလပ်တွေချည်း အမြဲသတိရနေတာလား....လို့၊
ဘာလဲ.... ချစ်ဆုံးက ကလပ်ကကောင်မတွေလို လုပ်ပေးရမှာလားဟင်... ကိုကို၊
ရွှေဘ။ အဲ့ဒါပဲ... အဲ့ဒါပဲ ကပ်က ကောင်မလေးတွေက ကိုယ့်ကို ဘာလုပ်ပေးတယ်ဆိုတာ
ချစ်ဆုံးလည်း သိပဲနဲ့ ဖြီးနေပြီ.... ဟားဟား၊
ဝတ်မှုံငွေရည်။ ကိုကိုရယ်.... ကိုကို နောက်နေတာကို သိပါတယ်... ဒါပေမယ့်.. ကိုကိုက အဲ့လိုချည်း
အမြဲနောက်နေတော့... တစ်ခါတစ်လေတော့လည်း သ၀န်တိုမိတယ် သိလား၊
ရွှေဘ။ ဟား.. ဟားးး သက်သက် ပြောတာပါ.. ချစ်ဆုံးရယ်... တကယ်ပြောတာပါ၊
ရွှေဘနဲ့ ၀တ်မှုံငွေရည်တို့ ဇနီးမောင်နှံ အိမ်ထောင်ရေးကို ပျော်ရွှင်စွာ ကျော်ဖြတ်ရင်းနဲ့ပေါ့ဗျာ၊ ကျနော်က ဘယ်လောက်ပဲ မိန်းခလေးတွေ အကြောင်းပြောပြော၊ ဘယ်ကောင်မလေးကို ကြိုက်တယ်ပဲ ဆိုဆို ကျနော့အကြောင်း သိပြီးသား ကျနော့ မိန်းမ ၀တ်မှုံငွေရည်က ကျနော့ရဲ့ ကိုယ့်ကျင့်တရားကို သိပြီးသားပေမို့... ဘာပြသနာမှ မတက်ခဲ့ဘူးပေါ့ဗျာ....
ဝတ်မှုံငွေရည်။ ကိုကို.... ကိုကို.... ချစ်ဆုံး ပြောစရာရှိတယ်.... သိလား၊
ရွှေဘ။ ဟာ.... ခေါင်းတွေကိုက်လို့ မှိန်းနေတာကွာ... ချစ်ဆုံးတို့များ ကုမ္မဏီကပြန်လာတာ
လူက အိမ်ပေါ်မတက်သေးဘူး အသံက အိမ်ပေါ်ရောက်နေပြီနော်.... ဟင်းးးး၊
ဝတ်မှုံငွေရည်။ ဟုတ်ပါဘူး ကိုကိုရယ်.... ချစ်ဆုံး နိုင်ငံခြားကို ပညာတော်သင်ပါတာ ပြောမလို့ပါဟ၊
ရွှေဘ။ ဟေ..... ပညာတော်သင်ဆိုတော့ ဘယ်လောက်တောင်ကြာမှာလဲဟ၊ ဘယ်နိုင်ငံလဲ၊
ဝတ်မှုံငွေရည်။ ကိုရီးယားပါ... ကိုကိုရယ်၊ (၆)လလောက်တော့ ကြာမှာပေါ့... ကိုကိုရဲ့၊
ရွှေဘ။ အေး..... ကောင်းကွာ၊ ချစ်ဆုံးက ကိုရီးယားကို ပညာတော်သင် (၆)လဆိုတော့
ဒီမှာ ကိုယ်က စားစရိတ်တို့၊ အိမ်စရိတ်တို့၊ ညနေစရိတ်တို့၊ ကလပ်စရိတ်တို့၊
မာဆတ်စရိတ်တို့က ဘယ်ကရမှာလဲဟာ.... မသွားလို့ မဖြစ်ဖူးလား၊
ဝတ်မှုံရွှေရည်။ ဟင်း.... ကိုကိုက လုပ်ပြီ... ဒီအတောအတွင်းမှာ ကိုကို စားစရိတ်လောက်တော့
ကိုကိုရယ်... ချစ်ဆုံးရဲ့ အကောင့်ထဲက ထုတ်သုံးနေရုံပေါ့..... လို့၊
ရွှေဘ။ ဟဲဟဲ.... နောက်တာပါ... ချစ်ဆုံးရယ်... သွားလိုက်ပါ၊ ချစ်ဆုံးက အခုလိုသွားတော့
ကိုယ်လည်း လွတ်လွတ်လပ်လပ် ကဲရတာပေါ့.... ဟုတ်ဖူးလား၊
ဝတ်မှုံရွှေရည်။ ကဲကဲ... တော်ပြီကိုကို... ချစ်ဆုံးက မနက်ဖြန်သွားရမှာနော်....
ကဲကဲ.. ထမင်းစားစို့၊ ပြီးရင် အိပ်ကြစို့နော်၊
ရွှေဘ။ အင်း... ပါဟ၊ ကိုယ်လည်း အိပ်ချင်နေပါပြီ.... ဒါနဲ့ ချစ်ဆုံး ကိုယ့်ကို တကယ်ချစ်ရင်
ကိုရီးယားက ပြန်လာရင်တော့ ကိုယ့်အတွက် ကိုရီးယားမ ချောချောလေး ခေါ်ခဲ့နော်၊
ဒီလိုနဲ့ ရွှေဘရဲ့ တစ်ဦးတည်းသော မိန်းမချောလေး ၀တ်မှုံငွေရည်ဟာ... ကိုရီးယားကို ပညာတော်သင် သွားနေတာပေါ့ဗျာ၊ ကျနော်လည်း မိန်းမမရှိတော့... ဆာရင် အပြင်မှာ ၀ယ်စားရတာပေါ့...၊ အင်း.... ထမင်းဟင်း ချက်ကျွေးမယ့်သူကလည်း မရှိဘူးလေ၊ အပြင်မှာ ၀ယ်စားရတာကလည်း သတိတော့ ထားရတယ် ခင်ဗျ၊ ရောဂါဖြစ်မှာကို ပြောပါတယ်၊ ဟင်းတွေက ပထမနေ့က အကျန်တွေလား ဆီရောသန့်ရဲ့လား၊ ချည်ငံစပ်ခါး မျှတမှုကော ရှိရဲ့လား.... ဒီသဘောကို ပြောတာနော်... တစ်မျိုးလည်း မတွေးကြနဲ့၊ အင်း... ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင်... ကျနော့မိန်းမချောလေး ပြန်လာတော့မှာ အသွားတုန်းကလည်း လိုက်မပို့မိဘူး၊ အိပ်ပျော်နေလို့လေ.. လေယာဉ်က မနက်(၇)နာရီထွက်သွားတာ၊ ကျနော်က မနက်(၉)နာရီမထိုးရင် မထတတ်ဆိုတော့... အခုတော့ လေဆိပ်ကို သွားကြိုလိုက်ဦးမယ်ဆိုပြီး လေဆိပ်ကိုလည်းရောက်၊ ဟာ... သူတို့ ကုမ္မဏီက သူ့သူငယ်ချင်းတွေကလည်း တော်တော်များတာပဲ လာကြိုနေကြတာ၊ သူ့တပည့်တွေဆို ပိုများတာပေါ့ဗျာ... ကျနော့ မိန်းမက မန်နေဂျာလေ... အဲ... သူ့တပည့်တွေကလည်း ကျနော့ကို ကြောက်ကြတယ်ခင်ဗျ... ဘာလို့လည်းဆိုတော့ သူတို့ ဆရာမကိုတောင် ကျနော်က ခိုင်းစားနေတာလေ သူတို့က မကြောက်ပဲ ဘယ်နေရဲပါ့မတုန်း... ဟိုက်... လေယာဉ် ဆိုက်ပြီဟ.....
ရွှေဘ။ ချစ်ဆုံးးးးးးးးးးးးးးးးးးးးးးးးးးး၊
ဝတ်မှုံငွေရည်။ ကိုကို၊ နေကောင်းတယ်နော်၊ နေရ ထိုင်ရတာတွေ အကုန်အဆင်ပြေလားဟင်...၊
ရွှေဘ။ ဟဲဟဲ... ပြေပါတယ် ချစ်ဆုံးရယ်.... ကိုယ်မေးရမယ့် မေးခွန်းတွေကို
ချစ်ဆုံးက မေးနေပြန်ပါပြီ၊ ချစ်ဆုံးရော.. အဆင်ပြေခဲ့ရဲ့လား၊
ဝတ်မှုံငွေရည်။ ပြေပါတယ်... ကိုကို၊ အကုန်အဆင်ပြေတယ်သိလား..
ချစ်ဆုံးတော့ ရာထူးလည်းတိုးမှာ၊ လစာလည်း တိုးမှာ ကိုကိုရဲ့၊
ရွှေဘ။ အင်း... ၀မ်းသာတယ်လေ... ကိုယ်လည်း ပိုသုံးရမှာပေါ့... ဟိဟိ၊
ဒါနဲ့ ချစ်ဆုံး ကိုယ်မှာလိုက်တာ ချစ်ဆုံး သတိရော ရရဲ့လား ပါရော ပါလာရဲ့လား၊
ဝတ်မှုံငွေရည်။ ဟင်... ကိုကိုမှာလိုက်တာ အနွေးထည်လေ... ပါတာပေါ့ ကိုကိုရဲ့၊
ရွှေဘ။ နောက်တစ်မျိုး ကျန်ပါသေးတယ် ချစ်ဆုံးရယ်... ကိုယ့်ကို တကယ်ချစ်ရင်...
ကိုရီးယားမ ချောချောလေး ခေါ်လာခဲ့ပါလို့ မှာလိုက်တာလေကွာ၊
ဝတ်မှုံငွေရည်။ သြော်..... အဲ့ဒါလား.... အဲ့ဒါလည်း ပါတယ် ကိုကိုရဲ့၊ ဒါပေမယ့်...
ကိုရီးယားမလား၊ ကိုရီးယားထီးလားတော့ သိဘူး၊ ချစ်ဆုံးရဲ့ဗိုက်ထဲမှာ၊
ချစ်ဆုံးလည်း တွေ့သမျှ ကိုရီးယားသားဆီက တောင်းလာတာ၊
နောက် (၄)လဆိုရင်... သိရတော့မယ် ကိုကိုရေရရရရရရရရရရရရ။
ရွှေဘ။ ဟေဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ။