Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျွန်တော်တို့ရဲ့ ဘ၀တစ်လျှောက်က အချိန်တွေတိုင်းကို စေ့စေ့တွေးကြည့်တော့မှ တဖြေးဖြေး သိလာရပါတော့တယ်။

$
0
0

ကျွန်တော်တို့ရဲ့ ဘ၀တစ်လျှောက်က အချိန်တွေတိုင်းကို စေ့စေ့တွေးကြည့်တော့မှ တဖြေးဖြေး သိလာရပါတော့တယ်။

ကျွန်တော်တို့မှာ အဆောက်အဦး မြင့်မြင့်မားမား ရှိပေမဲ့ စိတ်အခြေနေကတော့ နိမ့်ကျနေခဲ့တယ်။
( ကန်ထရိုက် အန်ဂျင်နီယာနဲ့ ဆောက်လုပ်ရေးလုပ်သားတွေ )

ကျွန်တော်တို့မှာ လွတ်လပ်ပြီး ကျယ်ပြန့်တဲ့ လမ်းများစွာရှိပေမဲ့ အမြင်တွေကတော့ ကျဉ်းမြောင်းနေခဲ့တယ်။
( ကောက်ကျစ်စဉ်းလည်းသူ )

ကျွန်တော်တို့ များများ အသုံးချနိုင်ပေမဲ့ နည်းနည်းပဲ ရှိနေတယ်။
( အသိ + အတတ် + ဥာဏ်ပညာ )

ကျွန်တော်တို့ များများဝယ်ယူနိုင်ပေမဲ့ အသုံးဝင်မှုကတော့ နည်းနေသေးတယ်။
( ပြည်ပကုန်ပစ္စည်း )

ကျွန်တော်တို့မှာ အိမ်အကြီးကြီးတွေ ပိုင်ဆိုင်ပေမဲ့ မိသားစုကတော့ ပြည်သူလူထုမဟုတ်ဘူး။
( ကိုယ်ချင်းစာဖို့ထက် ကိုယ့်အရင်းသာဖို့ ကြိုးစားနေထိုင်သူများ ရှင်းမပြတော့ဘူးနော် )

အဆင်ပြေမှုတွေများပေမဲ့ အချိန်ပေးနိုင်မှုက နည်းနေတယ်။
( ကိုယ်ချင်းစာနာ၍ ပေးကမ်းစွန့်လွတ်သူ )

ကျွန်တော်တို့မှာ ဘွဲ့တွေအများကြီး ပိုင်ဆိုင်ကြပေမဲ့ အတွေးအခေါ်ကတော့ နိမ့်ကျ နည်းနေသေးတယ်။
( အလုပ်ရှင် နှင့် အလုပ်သမား )

ဗဟုသုတ အတွေ့အကြုံ အများကြီးရှိပေမဲ့ သမာသမတ်ကျကျ စီရင်တတ်မှုကတော့ နည်းနေသေးတယ်။
( အကျင့်ပျက် ရုံးဝန်ထမ်း နှင့် လဒ်ပေးလဒ်ယူ အစိုးရ၀န်ထမ်း )

အများကြီး ကျွမ်းကျင်ပေမဲ့ ပြဿနာကတော့ နှစ်ဆရှိတယ်။
( တာဝန်သိ ၀န်းထမ်းအတွက် )

ဆေးဝါးတွေ အများကြီးရှိပေမဲ့လို့ ကျန်းမာခြင်းကတော့ မပြည့်စုံသေးဘူး။
( ငွေကြေးမြင့်မားမှုကြောင့် )

ကျွန်တော်တို့မှာ ပိုင်ဆိုင်မှု မျိုးစုံရှိပေမဲ့လို့ တန်းဖိုးကတော့ လျော့နေတယ်။
( နိုင်ငံပိုင် တယံဇာတ )

ကျွန်တော်တို့ စကားတွေ အများကြီးပြောတယ် အကြိမ်ကြိမ်ဆွေးနွေးကြတယ် တကယ် လိုက်နာကျင့်သုံးသူကတော့ မရှိပါ။
( ပြည်သူလူထု နှင့် အကျင့်ပျက်ဝန်ထမ်း )

မှုကိုမကြည့် လူကိုကြည့်ကာ ဝေဖန်ပြစ်တင် ကဲ့ရဲ့ရှုံ့ချ ကိုယ် လိုရာပြောကြ သေးသိမ်ညံ့ဖျင်းစွာ အသွင်ကောင်းဆောင်ကြတယ်။
( အရည်အချင်းမရှိသူများ )

ကျွန်တော်တို့ ဘယ်လိုအသက်ရှင်နေထိုင်ရမယ်ဆိုတာ သင်ကြားခဲ့ပေမဲ့ ဘ၀တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။
( ဆရာတချို့၏ လစ်ဟင်းမှုကြောင့် )

ကျွန်တော်တို့ အသက်ကြီးဖို့ နှစ်တွေသာ တိုးတိုးလာတယ် ဘ၀ကတော့ မရင့်ကျက်ခဲ့ဘူး။
( ရှေ့ဆောင်လမ်းပြတွေ အမှန်ကို ဖုံးကွယ်မှုကြောင့် အစဉ်အလာနောက်လိုက်လို့ )

ကျွန်တော်တို့ဟာ ပြင်ပနေရာတွေမှာ အောင်နိုင်ပေမဲ့ အတွင်းစိတ်ကို အောင်နိုင်ဖို့တော့ ခဲ့ယဉ်းနေဆဲပါ။
( လူဟာ ကိုယ်တိုင် အမှန်တရားကို ကျင့်သုံးလိုက်နာဖို့ လိုအပ်တယ် )

ကျွန်တော်တို့မှာ သန့်ရှင်းလတ်ဆတ်တဲ့ လေထုရှိပေမဲ့ စိတ်ဝိညာဉ်ကတော့ ညစ်ညမ်းနေပါသေးတယ်။
( ဘာသာရေး လူမှုရေး )

ကျွန်တော်တို့ဟာ အဏုမြူတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပေမဲ့ အစွဲတွေကိုတော့ မချွတ်နိုင်သေးပါဘူး။
( ဘိုးတော် မယ်တော် နတ် သိုက် )

ကျွန်တော်တို့မှာ ၀င်ငွေမြင့်မားပေမဲ့ အရည်အသွေးကတော့ နိမ့်ပါးနေတယ်။
( ၀င်ငွေ + ထွက်ငွေ = အကြွေး )

များသောအားဖြင့် နိမ့်ကျတဲ့ အကျင့်စာရိတ္တတွေ မတန်တဆ အမြတ်ထုတ်မှုတွေ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းမှုတွေပဲ ရှိပါတယ်။
( စီးပွားရေး လုပ်ငန်းရှင်တွေမှာ )

ကျွန်တော်တို့မှာ နားနေချိန်တွေ အများကြီးရှိပေမဲ့ အနားယူအပန်းဖြေစရာက ရှားပါးနေတယ်။
( သွားလာ+စားသောက် စရိတ် နှင့် ဂိတ်ဝင်ကြေးကြောင့် )

ကျွန်တော်တို့မှာ စားစရာ အစားအစာတွေ အများကြီးရှိပေမဲ့ အာဟာရကတော့ ချို့တဲ့နေတယ်။
( ဓါတုဆေးဝါးပစ္စည်းများကြောင့် )

ဉာဏ်ပညာရှိသူများဟာ အခြားလူများ၏ အမှားများမှနေ၍ ပညာယူတတ်တယ်၊ လူမိုက်များမှာမှု အမှားကို ကိုယ်တိုင်ပြုလုပ်ခြင်းက ပညာ
ယူကြတယ်။

ကျွန်ုပ်တို့တွင် နားရွက်နှစ်ခုနှင့် လျှာတစ်ခု ပါရှိသည်ဖြစ်ရာ ကျွန်ုပ်တို့သည် များများနားထောင်၍ နည်းနည်းသာ ပြောရမှာဖြစ်တယ်။

ရှေးအဆိုအမိန့် = = = အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်းဖိုးရှိသူဖြစ်အောင် ကြိုးစားပါ။

စာနာတတ်သူ = = = လူအများး၌ ကျွန်ုပ် အသနားဆုံးသောအချက်မှာ ရုတ်ခြည်းထွက်ပေါ်လာတဲ့ ဒေါသဖြင့် လုပ်ကိုင်ခြင်းဖြစ်တယ်။

လောကတရား = = = မနာလိုသူများ သေသွားကြပေလိမ့်မယ်၊ ဒါပေမယ့် မနာလိုမှုဟာ ဘယ်တော့မှ သေမသွားဘူး။

အမှန်မြင် = = = ပြစ်တင်ရှုတ်ချခြင်းကို ပယ်ရှားရှင်းလင်းရန်အတွက် အသေချာဆုံးနည်းမှာ ကျွန်ုပ်တို့ကိုယ်ကို ပြုပြင်ရန်ပင်ဖြစ်တယ်။

အရေအချင်းမရှိ၍ = = = လူအများသည် အခွင့်အရေးရသည့်အခါ၌ အမှားလုပ်ကြသည်မှာထုံးစံတစ်ခုလိုပင် ဖြစ်နေတယ်။

ဝန်မခံသူ၌ = = = အမှားတစ်ခုမှ ရှောင်တိမ်းခြင်းဖြင့် နောက်ထပ်အမှားတစ်ခုဆီသို့ ကျုပ်တို့ဟာ ဦးတည်သွားနေကြတယ်။

အပြောနှင့်အလုပ်ညီသူ = = = တရားမျှတသောသူသာလျှင် စိတ်၏ ငြိမ်းချမ်းခြင်းကိုရတယ်။

လူသားတို့၏ လုပ်ဆောင်ချက်တွေဟာ ၎င်းတို့ရဲ့ အတွေးအခေါ်များကို ဘာသာပြန်ပေးတဲ့ အကောင်းဆုံး စကားပြန်များဖြစ်တယ်။

တစ်ချို့အောင်မြင်မှုဟာ လူတို့ရဲ့ မကောင်းမှုလုပ်ရပ်များကို ဖုံးကွယ်ပေးထားသော မျက်နှာဖုံးတစ်ခုဖြစ်တယ်။

ဇွဲရှိသူအဖို့ = = = တစ်စက်ချင်း ကျနေသော ရေစက်များဟာ နောက်ဆုံးမှာ ကျောက်တုံးကိုပင် တိုက်စားသွားတယ်။

စီပွားရေးမှာ = = = ပေးခဲ့တဲ့ကတိသည် ပြီးခဲ့သောအခြေနေကြောင့် ဖြစ်တယ်၊ ကတိကို ဖောက်ဖျက်ခြင်းက လက်ရှိအခြေအနေအရဖြစ်တယ်။

လူကြီးလူကောင်းတစ်ယောက်ရဲ့ ကတိစကားဟာ သူ့ရဲ့ ထိုးမြဲလက်မှတ်ရေးထိုးထားတဲ့ စာချုပ်စာတမ်းတစ်ခုထက် ပိုခိုင်မာတယ်။

အယူသီးသူဆိုသည်မှာ သူ၏စိတ်ဓါတ်ကို မပြောင်းလဲနိုင်သလို အကြောင်းအရာကိုလည်း ပြောင်းလဲမယ့်လူ မဟုတ်ဘူး။

အယောင်ဆောင်သူတော်ကောင်း = = = သည်းခံတတ်သူရဲ့ ဒေါသကို သတိထားပါ။ ခွင့်လွတ်တတ်သူရဲ့အမျက်ကို ပို၍ သတိထားကြပါ။

ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့ လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။

ဗုဒ္ဓအယူ = = = ဘာသာရေးမပါရှိသည့် သိပ္ပံပညာသည် ခြေကျိုးနေ၍ သိပ္ပံပညာ မပါတဲ့ ဘာသာရေးက မျက်စိကန်းနေတယ်။

ကူညီလိုစိတ်ရှိသူတွင် ဝေဖန်နိုင်ခွင့်ရှိတယ် = = = သမိုင်းကို ဖန်တီးသူဟာ သမိုင်းရေးရန် အချိန်မရှိပါဘူး။

ဥပဒေ = = = တရားမျှတမှုသည် မျက်စိမမြင် သူသည် မည်သူ့ကိုမှ မရင်းနှီး မသိ မတွေ့ပါ။

အာဏာရှင်တို့ အတွေးမှာက = = = ကောင်းကင်ဘုံ၌ အစေခံလုပ်ရခြင်းထက် ငရဲပြည်၌ ဗိုလ်လုပ်ရခြင်းက ပိုကောင်းတယ်။

မိန်းမတို့ဘ၀တတ်လမ်း = = = ငွေကြေးဥစ္စာအတွက် သက်သက်အိမ်ထောင်ပြုတာက ပြည့်တန်ဆာလုပ်တာနဲ့ အတူတူပါ။

အတိတ်ကိုကြည့်ပါ = = = လူတစ်ယောက် ဘယ်လိုသေဆုံးသည်ဆိုသည်မှာ အရေးမကြီး၊ ဘယ်လိုနေထိုင်သည်သာ အရေးကြီးတယ်။

အသိဉာဏ်မရှိတဲ့ လူအုပ်ကြီးများဟာ မုသားစကားများရဲ့ ဦးဆောင်မှုနောက်ကို မျက်စိစုံမှိတ်၍ လမ်းလွဲလိုက်နေကြတယ်။

တရားမျှတမှုမပါတဲ့ ဗဟုသုတကို ဉာဏ်ပညာဟုခေါ်ခြင်းထက် ကောက်ကျစ်မှုဟု ခေါ်ဆိုခြင်းက ပို၍မှန်ကန်ပေလိမ့်မယ်။

သူ့ဘ၀နှင့်သူ = = = သင့်လောက် ကံမကောင်းသူအား သင်၏ ပျော်ရွှင်မှုများ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။

အာဏာရှင် = = = ပညာတတ်သော ပြည်သူများကို အလွယ်တကူ အုပ်ချုပ်၍ရတယ်။

အကြွေးမကင်းကြသူများ = = = အကြွေးဖြင့် အိပ်ရာနိုးရခြင်းထက် ညစာမစားဘဲ အိပ်ရာဝင်ခြင်းက ပိုလို့ကောင်းတယ်။

ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလို ပို၍ကြောက်စရာလည်းကောင်းတယ်၊ အဘယ်ကြောင့်ဆိုသော် ဆင်ခြေသည်
မုသားစကားကို လုံခြုံအောင် ကာရံထားပေးသောကြောင့်ဖြစ်တယ်။

ခံစားဖူးသူတို့သာသိ၏ = = = သင့်ကို ခွင့်လွှတ်ရန် လွယ်ကူသော်လည်း မေ့ပစ်ရန်မှာ ငါ့အဖို့ ခတ်တယ်။

တစ်သက်တွင် တစ်ကြိမ် မမိုက်မဲဖူးသောသူသည် ဘယ်တော့မှ ဉာဏ်ပညာရှိသူတစ်ဦး ဖြစ်မလာနိုင်ပါ။

မြှောက်ပင့်ပြောဆိုသူများသည် အဆိုးဝါးဆုံး သစ္စာဖောက်များဖြစ်တယ်။

မာနတရားဟာ အမှားကြီးရဲ့ အောက်ခြေမှာရှိသလို အမှားငယ်များရဲ့ အထက်မှာလည်းရှိတယ်။

စိတ်ထားပြည့်ဝကောင်းမွန်သောသူတွင် မနာလိုစိတ်မရှိ၊ ကောင်းမွန်တဲ့အရာကို တိတ်တဆိတ်လုပ်ပါ၊ အကြောင်းအကျိုးကြောင့် သင်
ထင်ပေါ်ကျော်ကြားရမည်ကို ရှက်ပါ။

ကိုယ်ကျင့်တရားကို အခြေခံသော ဘာသာများ၌ = = = ဘာသာတရားများစွာရှိသောလည်း ကိုယ်ကျင့်တရား တစ်ခုသာရှိတယ်။

ကိစ္စတစ်ခုအတွက် = = = အသေးအမွှား (သို့မဟုတ်) အနာဂတ်အတွက် ကြိုတင်၍ သောကမဖြစ်သင့်ပါ။

မိဘတို့၏ မေတ္တာကို သိလိုပါမူ သင်ကိုယ်တိုင် သားသ္မီးမွေးကြည့်ပါ။

သင့်ကို အဆုံးအဖြတ် မခံချင်သောအရာနှင့် အခြားသူတစ်ဦးကို သွား၍ မဆုံးဖြတ်ပါလေနှင့်။

သူတစ်ပါးကို ကျကျနန သင်ကြားပေးခြင်းသည် မိမိအဖို့ သင်ယူခြင်း၌ အကောင်းဆုံးဖြစ်သလို စမ်းစစ် ဝေဖန်ခြင်းလည်းဖြစ်သည်။

အမှန်တရားသည် စကားလုံးမဟုတ်၊ တကယ်တမ်း ကျင့်သုံးမှု၌သာ တည်ရှိလေသည်၊

ဖြေးဖြေးစဉ်းစား = = = ပင်လယ်ကို ချီးမွမ်းပါ၊ သို့သော် ကုန်းပေါ်မှာနေပါ။

သတ္တိ ဗျတ္တိရှိသော ရန်သူကို မကြောက်ပါနှင့်၊ မာယာ ဉာဏ်များသော လှည့်ပတ်လိမ်ကောက်သော မိတ်ဆွေ တု ကိုကြောက်ပါ။

မိန်းမစိတ် မိန်းမဉာဏ်ရှိသော ယောက်ျားများနှင့် ပေါင်းဖော် ဆက်ဆံရေးသည် မြွေပွေးကို ရင်ဝယ် ပိုက်ထားသည်ထက် ဆိုး၏။

ကိုယ့်ဒုက္ခ ကိုယ့်ပြဿနာကို ရေးကြီးခွင်ကျယ် လုပ်သူလောက် သနားစရာကောင်းသည့်လူ လောကတွင် မရှိပေ။

ဖြေးဖြေးစဉ်းစား = = = လူသည် တိရစ္ဆာန်လောကတွင် တစ်မျိုးတည်းသော ရှက်တတ်သည့် တိရစ္ဆာန်ဖြစ်သည်။

ဖြေးဖြေးတွေး = = = တန်ဖိုးရှိသောသူသာလျှင် လူ၌ရှိသော တန်ဖိုးကို သိရှိနိုင်လေသည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>