Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပါးကွက်လေးရဲ့ ၀တ်ရည်စုပ်တဲ့ငှက်.....

$
0
0

                         လှပတဲ့ ချစ်စဖွယ် ၀တ်ရည်စုပ်တဲ့ ငှက်ကလေး တစ်ကောင် လှပနဲ့ ပန်းပွင့်လေးတစ်ပွင့်ဆီက ၀တ်ရည် ချိုမြမြလေးကို

သောက်သုံးဖို့ ကြိုးစားနေတယ်.. ဒီငှက်ကလေးက  ၀တ်ရည်ချိုမြမြကို  သောက်သုံးဖို့ အတွက် အပွင့်လေးပေါ်မှာ မနားဘူး. ပွင့်ဖတ်လေး

တွေကို မနင်းဘူး. လေထဲမှာပဲ အတောင်လေး တဖျတ်ဖျတ်နဲ့  မရပ်မနား ခတ်ရင်းလေထဲကနေ သေးသွယ်တဲ့ နှုတ်သီးချွန်လေးကို တည်

ငြိမ် သပ်ရပ်စွာ အသုံးပြုလို့ စုပ်ယူ သောက်သုံးနေတာတွေ့ရတယ်. သူ့ကြောင့် ပန်းပွင့်လေး အလှပျက်သွားမှာ စိုးလို့လား၊ ဒါမှ မဟုတ် ပွင့်

ဖတ်လေးတွေကို မနင်းရက်လို့လားလို့.. ခဏကြာတော့ သူ  ပျံသန်းထွက်ခွါသွားတယ်... ပန်းပွင့်လေး အလှမပျက်ခဲ့ပါဘူး... ဒါပေမဲ့ ပန်း

လေးက သူ့ရဲ့ ၀တ်ရည်လေးတွေကိုတော့ စွန့်လွှတ်လိုက်ရတယ်....နော်။

                            တောင်ပေါ်ပန်း လှလှတွေကြားမှာ ရောင်စုံ လှပတဲ့  ၀တ်ရည်စုပ်တဲ့ ငှက်ကလေးတွေကို တွေ့နိုင်ပါတယ်..  သူတို့က

အေးမြတဲ့ တောင်ပေါ်တောင်တန်းတွေမှာပဲ ရှင်သန်ကြီးထွားကြလို့လေ.... တစ်ခါက လှပတဲ့ ကိုယ့်ရဲ့ ပါးကွက်လေးကို သတိရမိတယ်.....

`` ကိုက ၀တ်ရည်စုပ်တဲ့ ငှက်ပဲ ...... မေလေးရဲ့ နှလုံးသား ၀တ်ရည်လေးတွေကို ခွင့်ပြုချက်မယူပဲနဲ့ စုပ်ယူသောက်သုံးသွားခဲ့ပြီ.....´´တဲ့

မျက်ရည်တွေနဲ့ သူပြောကြားခဲ့တာလေ.... မေလေးရဲ့ မျက်ရည်စီးကြောင်းလေးတွေက  လှပတဲ့ ပါးကွက်လေးနှစ်ဘက်ကို  ဖြတ်သန်းရင်း

အရှိန်အဟုန် ပြင်းပြင်းနဲ့ စီးဆင်းသွားခဲ့တယ်.... သုပ်မပေးဖြစ်ခဲ့ပါဘူး... မျက်ရည်လေးတွေကို သုပ်လိုက်ရင် စိုနေတဲ့ သနပ်ခါးလေးတွေ

ပျက်သွားမှာ စိုးလို့ပါ.....

                            `` ၀တ်ရည်စုပ်တဲ့ ငှက်ကလေးက ပန်းပွင့်လေးကို မထိခဲ့ မတို့ခဲ့တာတွေကို ပန်းပွင့်သိရင်ကျေနပ်ပါပြီ ငှက်ကလေး

ကြောင့် ပန်းပွင့်လေး အလှမပျက်ခဲ့ဘူးဆိုတာ ငှက်ကလေးလဲ သိပါတယ်... နောက်ပြီး ပန်းပွင့်လေးလဲ သိတယ်လေ.. ကိုယ့်ကို နားလည်

ပေးပါ မေလေးရယ်.... နော်.... တစ်နေ့ပြန်လာခဲ့ပါ့မယ်....´´ ပုခုံးလေးကို  ကြင်ကြင်နာနာ  ဆုပ်ကိုင်ရင်းက မျက်ရည်တွေကို ကြည့်ရင်း

တိုးလျလျ ပြောပြခဲ့တုန်းက မေလေးကေ၀၀ါးတဲ့ မျက်ရည်စတွေနဲ့ မော့ကြည့်ရင်း..... ``ကိုယ့်ကို ယုံကြည်ပါတယ်.... ကံကြမ္မာကိုတော့

မေလေး မယုံရဲပါဘူးကိုရယ်.. ၀တ်ရည် ခမ်းခြောက်သွားတဲ့ ပန်းကလေးတစ်ပွင့်ရဲ့ ဘ၀က ဘယ်လောက်ကြာကြာ လှနိုင်မှာလဲ.. မေလေး

အရမ်းကြောက်တယ်ကို..... ကိုယ်ပြန်မလာမှာကို မေလေး ကြောက်တယ်.....´´ တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားရင်းက မေလေး ရှိုက်

ငိုရင်း ပြောခဲ့တဲ့ စကားတွေကို ခုထိ အမှတ်ရနေဆဲပဲလေ....

                              `` ကို ပြန်လာခဲ့မယ်မေလေး စိတ်ချပါ...... ခဏလေး သည်းခံနေပေးနော်...... သွား.... သနပ်ခါးလေး ပြန်လိမ်း

ပြီး ပါးကွက်လေး ပြန်ကွက်ထားလိုက်.... မေလေးပါးမှာ ပါးကွက်လေး ရှိနေသမျှ ကို အနားမှာ ရှိနေတယ်လို့ ယုံကြည်ပေး...နော်´´

                            ရထားကြီး မဆိုက်ခင်မှာ နူးညံ့စွာ နှင်လွှတ်ခဲ့ရတယ်.... မျက်ရည်စက်တွေနဲ့ ရပ်တန့်ကျန်ရစ်မဲ့ ချစ်သူကို ကြည့်မနေ

ရက်ခဲ့လို့ပါ...... ပြန် စဉ်းစားကြည့်တော့လဲ မကြာသေးသလိုပါပဲ...... မေလေးရဲ့ ပူပန်ခြင်းတွေက တကယ်လဲ အသက်ဝင်သွားခဲ့တယ်....

(၁)နှစ်ကနေ (၂)နှစ်.....(၂)နှစ်ကနေ(၃)နှစ်၊ ရည်ရွယ်ထားသမျှ မပြည့်ခဲ့တဲ့ ဘ၀မှာ စိတ်ဓါတ်တွေကျခဲ့တယ်..... နောက်ပြီး ကတိမတည်

နိုင်ခဲ့တဲ့ ဘ၀အတွက် မျှော်လင့်ချက်ကြီးစွာ စောင့်စားနေခဲ့တဲ့  မေလေးကိုလဲ ရင်ဆိုင်ဖို့ ခက်လာခဲ့တယ်... မပြန်ဖြစ်ခဲ့တော့ပါဘူး.. အမှတ်

မထင် ဆုံစည်းဖြစ်ခဲ့တဲ့ အသိတွေကနေ တစ်ဆင့်လဲ  အဆင်မပြေတာကို အမှန်အတိုင်းမပြောဖို့နဲ့  သူ့ဆွေမျိုး အသိုင်းအ၀ိုင်းတွေကြားမှာ

ကဲ့ရဲ့ ခံနေရမှာစိုးတဲ့ အကြောင်း အကူအညီတောင်းပြီး အိမ်ထောင်ကျသွားသလိုလို သတင်းမျိုးလေးကိုပဲ  လက်ဆင့်ကမ်းမိခဲ့တယ်... ရင်

နာနာနဲ့ပေါ့.....

                             နောက်ထပ် (၃)နှစ်လောက် ထပ်ကြိုးစားကြည့်ခဲ့တယ်.... တိုင်းတစ်ပါးမှာ တရားမ၀င် အလုပ်လုပ်နေရတဲ့..ဘ၀ကို

လက်တွေ့ခံစားမိသမျှ ပြောပြရခက်လှပါတယ်.. ကောင်းမွန်စွာ ရပ်တည်ကြိုးစားပေမဲ့လဲ.. သူတို့  နိုင်ငံသားတွေလို လုပ်ငန်း စီမံခန့်ခွဲခွင့်နဲ့

လစာနှုန်းထားတိုးတက် ခံစားခွင့်တွေ မရခဲ့ပါဘူး.. ဒီကြားထဲ တရားမ၀င်အလုပ်သမားတွေကို လာရောက်ဖမ်းဆီးခဲ့တာကလဲ အကြိမ်ကြိမ်

တစ်ကြိမ် ဖမ်းတိုင်းလည်း တစ်ခါ စုဆောင်းထားသမျှ အကုန်နီးပါးပေးဆပ်ရင်းနဲ့ မောင်ကြီး မပြန်နိုင်ဘ၀ကို ရောက်ခဲ့ရတာလေ... ဒီတစ်

ခါဆိုရင် ပြန်တော့မယ်လို့ တွေးလိုက်တိုင်းလဲ ဆွေမျိုးအသိုင်းအ၀ိုင်းတွေကြားမှာ``ကိုကကြိုးစားနေပါတယ်.. မေလေးကိုကောင်းကောင်း

မွန်မွန်ထားနိုင်ဖို့လေ..... ကို ပြန်လာမှာပါ.... စိတ်မပူကြပါနဲ့.....´´ လို့ အကြောက်အကန် ပြန်ပြောနေရတဲ့ မေလေးကို ကရုဏာသက် မိခဲ့

လို့ ထပ်ကြိုးစားရင်း၊ နစ်မွန်းရင်းနဲ့ အချိန်တွေ ကုန်လာခဲ့ရတဲ့ဘ၀မှာ သတင်းမှားတွေ လွှင့်ရင်း စွန့်လွှတ်ဖို့ စဉ်းစားမိခဲ့တာကလဲ ချစ်လွန်း

လို့ ပါမေလေးရယ်....... နားလည်စေချင်လှပါတယ်.... ။

                               ဒီလိုနဲ့ နောက်ဆုံးမှာ အရှုံးသမားအဖြစ်နဲ့ ပြည်တော်ပြန်ဖြစ်ခဲ့တော့လဲ..... နယ်စပ်မှာပဲ ကြုံရာ ကျပန်း လုပ်ကိုင်

ရင်း ရှင်သန်ခဲ့မိတယ်.... ဘာလိုလိုနဲ့ မေလေးနဲ့ ဝေးခဲ့တာ (၇)နှစ်တောင် ကျော်ရောပေါ့... ကိုယ်လဲ (၃၀)ကျော်ခဲ့ပြီ...... မေလေးလဲ(၃၀)

နားကပ်သွားခဲ့ပြီပဲ...... သတိရတိုင်း သနပ်ခါးနံ့လေး သင်းနေသေးတယ် မေလေးရယ်..... ကိုယ့်ရဲ့ နှလုံးသား ၀ိဥာဉ်လေးဆီမှာပါ...။

                               အခုတော့ မေလေးလဲ အိမ်ထောင်ကျသွားခဲ့ပြီတဲ့...... ကိုယ့်ရဲ့ အားနည်းချက်ကြောင့်ပါ..... အပြစ်တွေအားလုံး

ကိုယ့်ကြောင့်ပါမေလေးရယ်.... အဲဒီသတင်းကြားတဲ့ ညက  ကိုယ်... တကယ်ကို ငိုခဲ့မိတယ်....  လည်ချောင်းထဲမှာ ဆို့နစ်စွာ ကြိတ်မှိတ်

ခံစားရင်းက အခန်းပြန်ရောက်တော့ ရှိုက်ကြီးတငင်ကို ငိုကြွေးခဲ့တာပါ....ပေါ့ပါးသွားစေချင်လို့လေ..... ဒါပေမဲ့လဲ......။

                             မထင်မှတ်တဲ့   တစ်ရက်မှာ မျက်နှာချင်းဆိုင် မေလေးကို တွေ့ဖြစ်ခဲ့တယ်.....  တွေ့စက ဟုတ်မှ ဟုတ်ရဲ့လားလို့...

အနားရောက်တော့ မေလေးပါပဲ..... သူလဲ မှတ်မိနေပါတယ်... နှစ်ယောက်သား ချက်ချင်း နှုတ်မဆက်ဖြစ်ပေမဲ့.... မေလေးက ပိုပြီးတည်

ငြိမ်လာတယ်.... ပြီးတော့.... `` နေကောင်းတယ်နော်.....´´တဲ့၊ ခေါင်းညိမ့်ပြရင်း `` ကောင်းပါတယ်...´´လို့ တိုးတိုးလေး ပြန်ဖြေလိုက်

ရတယ်... ``အမျိုးသားအတွက် ဖိနပ်တစ်ရံလာဝယ်တာပါ၊ ဟို... အမျိုးသမီး ပါဘူးလား. ´´ တဲ့ သူ့အကြောင်းလေး ပြောပြရင်း ကိုယ့် အ

ကြောင်းလေး မေးလာတော့...... ပြုံးရင်းနဲ့....`` မပါပါဘူး......´´လို့ ပြန်ဖြေလိုက်မိတယ်.... ``ဒါဆိုသွားတော့မယ်နော်.သူ ရုံးချိန်မမီမှာ

စိုးလို့.....´´ တဲ့ ပြောရင်း မေလေး ဆက်လျှောက်သွားခဲ့တယ်....ကျွန်တော်ကတော့ ရပ်နေဆဲပါပဲ...... လှည့်မကြည့်ဖြစ်ပဲနဲ့လေ......

                              မေလေး ထွက်သွားတော့ အောင့်ထားတဲ့ အသက်ရှူမှုတွေကို ရပ်တန့်ပစ်လိုက်တယ်.. မွှေးမြမြ သနပ်ခါးရနံ့လေး

ကျန်ရစ်နေဆဲပဲမေလေးရယ်..... နှစ်ယောက်အတူ မျက်နှာချင်းဆိုင် တွေ့စဉ်က သတိတရနဲ့ ကြည့်မိတော့လဲ မေလေးပါးမှာ ပါးကွက်လေး

ကွက်ထားဆဲပဲလေ.... ဒီပါးကွက်လေးကို ဟိုး...... အရင်က မထိတထိလေး နမ်းခဲ့ဖူးတယ်..... အကြိမ်ကြိမ်ပေါ့.... နမ်းလို့ နမ်းရှိုက်ခဲ့မှန်း

မသိအောင်.... ပါးကွက်လေး မပျက်အောင် နမ်းခဲ့စဉ်က ကျွန်တော်ထင်ပါတယ်... ပါးလေးကို မထိပဲနဲ့ ပါးကွက်လေးကိုပဲ ထိယုံထိခဲ့တာ..

လို့လေ....။

                              အခုတော့ မေလေးရယ်..... ပါးကွက်လေးနဲ့ ကိုယ့်ရဲ့ကြားမှာ.....  လောက ကျင့်ဝတ်တွေက  ခြားထားခဲ့ပြီနော်...

ကိုယ်လေ... ပါးကွက်လေးကို နမ်းရှိုက်ခွင့်မရတော့ပေမဲ့ မေလေး ချန်ထားရစ်ခဲ့တဲ့ သနပ်ခါးနံ့လေးကိုတော့ ရှူရှိုက်ခွင့်ရခဲ့တယ်.... ဘဝ

တစ်ခုလုံးအတွက် ကျေနပ်နေတော့မှာပါကွယ်...... ကိုယ်လေ... ဒီပါးကွက်လေးနဲ့ တစ်သက်လုံးဝေးပြီလို့ ထင်ခဲ့မိလို့ပါ....။

                              မေလေးနဲ့ လမ်းခွဲခဲ့ပြီးတော့ ကျွန်တော် တစ်ယောက်ထဲ ပြုံးဖြစ်ခဲ့တယ်..... ၀တ်ရည်စုပ်တဲ့ ငှက်ကလေး ဖြစ်ခဲ့တဲ့

ကျွန်တော်က ပန်းပွင့်လေးရဲ့ ပွင့်ဖတ်တွေကို မနင်းဖြစ်ခဲ့ဘူး.... ပန်းပွင့်လေး အလှမပျက်ခဲ့ဘူးလေ..... နောက်ပြီး ပါးကွက်လေးကိုလဲပြန်

တွေ့ခွင့်ရခဲ့လို့ပါ.....။

                              မေလေးရေ...... တကယ်လို့ ရင်နဲ့ မမျှတဲ့ ကြေကွဲမှုကို ထွေးပွေ့ခဲ့ရတဲ့ အချိန်တွေ အတွက်တော့ ကိုယ့်ကို.. ဘယ်

တော့မှ ခွင့်မလွှတ်ပါနဲ့.... ပြီးတော့လေ..... ပါးကွက်လေးကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့.... မေလေးရဲ့ ပါးပြင်မှာ.. ပါးကွက်လေး ထာဝရ

ရှင်သန်နေပါစေ..... လို့။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>