သံသရာတစ်ဆစ်ချိုးမှာလဲ ကံကြမ္မာအသစ်တစ်မျိုးနဲ့ တိုးအုံးမယ်လို့ မထင်ခဲ့မိတာအမှန်ပါ။
တကယ်တော့ ဒို့ဘ၀က သစ်ပင်အိုပေါ်က ရော်ရွတ်ဝါလို ဘ၀မျိုးရယ်ပါမွန်။
ရတက်မပြေ အခက်ပွေသမျှ အရှက်ပြေ ရယ်မောရတဲ့ ဘ၀ပါ။ ဒို့ဘ၀က အကြည်းတန်
ဘ၀မို့အထီးကျန်လမ်းကိုသာ လျှောက်လှမ်းရမှာပါလိုမွန့်ကိုပြောပါရစေနော်..။သောကနဲ့မောရမဲ့
သူဆိုတာ ဒို့သိပါတယ်။ှု
ရှိပါစေတော့ ......အရှုံးသမားဒဏ်အသဲနဲ့ နှစ်လုံးသားဟန်မ၀ံ့ရဲတဲ့ မောင့်အဖြစ်တွေဟာ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ အိပ်ရာဝင်ပုံပြင်လေးအဖြစ်နဲ့ ကျန်ရစ်ခဲ့ရင် မောင်ဖြေသာပါတယ်မွန်..။
နောက်ဆုံးတော့ အသစ်ဆန်းစကားတွေနဲ့ ချစ်တမ်းကစားသွားတဲ့ မွန်ရဲ့ပြုချက်ကြောင့် ချစ်
ကမ္ဘာလေး ပျက်စီးခဲ့ရပေမဲ့ သံသရာအဆက်ဆက်မှာ ပြုံးပန်းမသွေတဲ့ မမုန်းတမ်းလေ ချစ်နေဆဲ
ပါလို့ အရှုံးသမားရဲ့ နှစ်လုံးသားက ရင်ဖွင့်လိုက်ပါရစေမွန် ... ရင်ဖွင့်လိုက်ပါရစေ ....