Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

"...ဆောက်တည်ရာမဲ့နှလုံသားးသံစဉ်"....

$
0
0

ကာင်မလေးရေ တမ်းတရပြီးစိတ္တဇ ညတွေမှာ အပြင်မှာမိုးမရွာပေမယ့်ရင်မှာ တော့ အလွမ်းရဲ့မိုးရေတွေ ရွဲရွဲစိုလို့ ။ အိမ်မက်ကလန့်အနိုး ဖြတ်ခနဲလင်းလက်တဲ့ လျှပ်စီး
အလင်းတချက်ရဲ့အောက်မှာ ငါ့နှလုံးသားထဲက မင်းကိုထင်ထင်ရှားရှားခဏတော့တွေ့
လိုက်ရရဲ့။

တကယ်က ငါဟာ အလွမ်းသင့်တဲ့ဖီးနစ်ငှက်တကောင်ပါ။ငါ့တကိုယ်လုံး အလွမ်းဆိုတဲ့
မီးတောက်တွေနဲ့ လောင်ကျွမ်းပြီး မင်းအတွက် ငါ့ဘ၀ ကမီးခိုးငွေ့အဖြစ်လွင့်မြောလို့ပေါ့။

မဟောင်းသေးတဲ့ အတိတ်က မှတ်ညဏ်အပိုင်းအစ တချို့ ကလဲ ငါ့စိတ်ဓါတ်တွေကိုရိုက်ချိုး
နေတယ်။အမှတ်တရတချို့ကကျတော့ငါ့ စိတ်ဓါတ်တွေကို တက်ကြွစေတယ်။

မှတ်မှတ်ရရတော့ မနက်ခင်းနေခြည်အောက်က လေပြေမှာလူးလွန့်နေတဲ့ နှင်းဆီတပွင့်ရဲ့
ကကြိုးနဲ့အပြိုင်လှနေတဲ့ မင်းရဲ့ပီးမြောက်ပြည့်စုံတဲ့အလှ ငါ့ရင်ခွင်အစုံကိုမီးတောက်စေခဲ့ပြီ။

အခုတော့ မင်းကိုမချစ်အောင်တင်းထားတဲ့ ငါ့ရဲ့ မာနနဲ့စိတ်ဓါတ်တွေလဲ အကုန်ယိမ်းယိုင်
ပြီးမင်းရှေ့လဲပြိုကျလို့ နှလုံးသွေးတွေ အရှိန်ပြင်းပြင်းဖေါက်ခွဲစီးဆင်းကုန်ပြီ။


တကယ်လို့ ငါဟာဥယာဉ်မှူးဆိုရင် ကိုယ့်ကိုနာကျဉ်စေမယ့် ဆူးပင်တပင်ကို များရေလောင်း
ပေါင်းသင်ပြုစု ယုယနေမိတာလား။

အဆိပ်ရှိတဲ့သတ္တ၀ါက အဆိပ်ကို အားကိုးတယ်တဲ့။ အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်ကိုအားကိုးတယ်။
ငါ့မှာတော့ အချစ်ပဲရှိတဲ့ သူပါ။ကိုးကွယ်ရာဟာ အချစ်နဲ့သစ္စာတရားပါ။


ပိုးစုန်းကြူးလို မိန်ဖျော့တဲ့မျှော်လင့်ချက် အလင်းရောင်တချို့ ကို အားကိုးတကြိး ပွေ့ပိုက်လို့
အလှမ်းဝေးတဲ့ နေရာက ကြယ်စင်တပွင့်ကို ခူးစွတ်ဖို့ ရူးသွပ်သူပေါ့။

ပြင်းထန်တဲ့ ခံစားချက်တချို့က သန်းခေါင်ယံညနက်တွေမှာ သံစဉ်တပုဒ်အဖြစ်နဲ့ ငါ့ရဲ့လက်နှစ်ဖက်နဲ့
အတူ ကီးဘုတ်တစုံနဲ့ စည်းချက်သံစဉ်တွေ ကိုဖန်ဆင်းစေပေမယ့် ခံစားချက်မဲ့
ပါတ်ဝန်းကျင်ကတော့ ကဲ့ရဲ့ရှုတ်ချလို့နားလည်မှု့မဲ့ကျလွန်းတယ်။                                                                                
အချိန်တန်လို့ရွာသွန်းတဲ့ မိုးကို ဘယ်သူမှတားမရနိုင်ပါဘူး။အခုတော့လဲ ငါ့ရင်ထဲမှာရွာတဲ့မိုးကို ဘာနဲ့တားဆီးကျမှာလဲ....................
...................................

သွန်း
မတ်ခ်ျလ ၃ ရက် ၇နာရီ၂၀မိနစ်။
၂၀၁၂ ခုနှစ်။

နှုတ်ဆက်စကား။ ။ ဒီဆိုက်ဒ်လေးမှာ သွန်းအနေနဲ့ အချစ်အကြောင်းပို့တခါမှ မတင်ဖြစ်သေးပါဘူး။
ဒါက သွန်းရဲ့ ပထမဆုံး ပို့စ်ပါ။ အမှားအယွင်းများပါသွားခဲ့ရင် ခွင့်လွှတ်စေချင်ပါတယ်။ပို့စ်ကောင်းတခု
ဖြစ်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်။ ပို့စ်ကောင်းတခု ဖြစ်ဖို့အတွက် မုဒ်(Mood)မရှိ
ရင်ရေး မရနိုင်ပါဘူး။ ခံစားချက်တချို့ ပေါ်လာတုန်းကို လက်တမ်းပဲချရေးလိုက်မိလိုက်ပါတယ်။
ဒါပေမယ့် လောလောလောလောနဲ့ ရေးမိလို့ ပေါ့ပျက်သွားရင် ခွင့်လွှတ်ပေးပါ။.....

                                                                                               !♣★♫ပြည့်စုံ(နတ်ဆိုးလေး)!♣★♫


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>