အချစ်အကြောင်း ပြောရအောင်
မသိပါဘူးဆိုနေ.... ဒီအချစ်အကြောင်း..။ သိများသိရင် လင်းဆေးလိုဟန်ကို ရည်းစားစာ လိုက်ပေးဖြစ်တာ ကြာပေါ့။ ချစ်သုဝေလေးရော အနားမှာ ခေါ်ထားဖြစ်တာ ကြာပေါ့..လို့..။ ဟော..ကြည့်.. အကြောင်းသိတစ်ချို့က ကျွန်တော်နဲ့ ကျွန်တော့်စာတွေကို နဝေတိမ်တောင်နဲ့ လုံးထွေးပစ်ဖို့ ကြိုးစားနေပြီ..။ အဲဒီလိုကြီးတော့ မလုပ်ကြပါနဲ့ ဗျာ..တို့..။
အချစ်အကြောင်း ပြောရအောင်တဲ့… ကြောက်တော့ကြောက်တယ်..။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရပါတယ်ဆိုပြီး စွန့်စားပြောပြရတော့မှာပါပဲ.. ဒီလိုပဲပေါ့..။ ဘ၀သံသရာ သီချင်းကို မျိုးကျော့မြိုင်ရဲ့ အချစ်သီချင်းနဲ့ တစ်ချိန်ထဲ မှာ တွဲစပ်နားထောင်ဖူးပါသလား..။ တစ်ယောက်တက် တစ်ယောက်ဆင်းနဲ့ ရာသီမလပ် ခုတ်မောင်းနေတဲ့ ဘ၀ရထားကြီးစီးရင်း အချစ်ရဲ့အဝေးကို အကြိမ်ကြိမ် ထွက်ပြေးဖူးသူဟာ ကျွန်တော်ပေါ့..။ ဇလီဖာတုံးတွေက တောင် ကျွန်တော့်ကို ကောင်းကောင်းကြီး မှတ်မိနေကြပြီရယ်..လေ။
ဥသြမဆွဲတတ်တဲ့ ရထားပျို တစ်စင်းရဲ့ ရင်ဘတ်ကို ဆက်ကနဲ့ ဆွဲဖွင့် ကြည့်လိုက်ပါ မိတ်ဆွေ..။
ပလက်ဖောင်း ဟောင်းလောင်းနဲ့ ဘူတာရုံလေးထဲမှာ...
ကျွန်တော်က ချစ်ပြီး ကျွန်တော့်ကို မချစ်တဲ့ ကလီယိုပါထရာ ရှိတယ်..
ကျွန်တော့်ကို ချစ်ပြီး ကျွန်တော်က မချစ်တဲ့ ပေါင်တံသွယ်သွယ် တစ်ချို့ရှိတယ်..
ကျွန်တော့်ကို မချစ်လို့ ကျွန်တော်က မချစ်တဲ့ ဂျစ်ကန်ကန်ဂျက်မ တစ်ယောက်ရှိတယ်...
ကျွန်တော့်ကို ချစ်ပြီး ကျွန်တော်က ချစ်တဲ့ အပြာရောင် ရက်စွက်ထဲက ကောင်မလေးရှိတယ်..။ ရှိတယ် ရှိခဲ့ဖူးတယ်..လို့ အနာဂတ်မပါတဲ့ ၀ါကျတွေနဲ့ ပြောပြရင် သင် နားမရှုပ်သွားလောက်ပါဘူးနော်..။
အချစ်အတွက် လမ်းမတစ်လျှောက် လျှောက်ရင်း လျှောက်ရင်း ပျောက်ဆုံးခဲ့ရသော.. ညများစွာ.။ ကျွီ..ကနဲ ထိုးဆိုက်လာတဲ့ (၅၁) ကားကြီးပေါ် စွေ့ကနဲ တက်လိုက်ရင်း ချစ်သူဆီမှာ ဂိတ်ဆုံးခဲ့ဖူးတဲ့ ..ညများစွာ..။ လရောင်မဲ့တဲ့ ပင်လယ်ကြီးက ခုန်ဆင်းလှည့်ပါတော့လို့ ညာသံတဝေါဝေါပေးရင်း အားပေးဖူးတဲ့... ည များစွာ…. အသိတစ်ချို့ကို လောင်းကြေးထပ် ဆန္ဒတစ်ချို့တစ်ဝက် ပုံအပ်ခဲ့မိတဲ့ …ညများစွာ…။ မှတ်ဉာဏ်မှာ ခုထိ မမေ့ပျောက်သေး..။ အချစ်ကတော့ ပင်လယ်သစ်တစ်ခုဆီ စိတ်လိုလက်ရ စီးဆင်းသွားကြောင်း နှလုံးသားရေးရာ မိုးလေ၀သ ဌာနတစ်ခုက ကြေငြာသွားသံ ကြားလိုက်ရရဲ့..။
“အချစ်ဆိုတာ ကိုယ့်အချိန်တွေ ပိုနေလို့ သူများကို တရားစွဲခြင်း တစ်မျိုးပဲ”လို့ ကျွန်တော်အဆိုတင်သွင်းရင် ခင်ဗျားတို့ ငြင်းပယ်ကြလိမ့်မယ်.။အချစ်လား…. ခရီးသွားနေတယ်ဆိုတဲ့ ကြော်ငြာတွေ့ရင် ကျော်ဖတ်လိုက်ပါ..၊ ပစ်စလက်ခတ်မုန်တိုင်းတစ်ခု သင့်ကို ဗဟိုပြု၍ လာနေသောကြောင့်ဖြစ်သည် ။ တကယ်ဆို အချစ်အကြောင်း ပြောတဲ့အခါ ( ဒီ့ထက်ပိုပြီး ) ရယ်သွမ်းသွေးဖို့ လိုမှာပေါ့..။
Loading..... LOVE ♥ ♥
██████████████] 99%
(●̮̮̃•̃(•●̮̮̃̃)
/█\/█\ ♂♥♀
.Π. .Π.
....(¯`v´¯)♡
..... ·.¸.·´♥
...¸.·´♡
.. (♥
(●̮̮̃•̃)
/█\
./\. ℓ ٥ﻻ ﻉ√٥ υ
█║B@B@K@
မင်းသားခေါင်းဆောင်းပြီးတော့ဘီလူးလိုမကချင်ဘူး
ဘီလူးခေါင်းဆောင်းပြီးတော့မင်းသားလိုပဲနေမယ်