Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“ငါကဗျာဆရာမ…မဟုတ်ပေမယ့် အနုပညာကိုချစ်တယ်”

$
0
0


“ငါကဗျာဆရာမ…မဟုတ်ပေမယ့် အနုပညာကိုချစ်တယ်”

ကျွန်မတို့လူသားတွေဟာ အမေ့ဝမ်းတွင်းက အူဝဲဆိုကတည်းက ကိုယ်ကြီးတုံးကလေးနဲ့ပေါ့ ရက်သားလေးအရွယ်ကစပြီး လသားလေးအရွယ်ထိအောင် အမေ့ရဲ့နို့ချိုရည်ကို သောက်စို့ခဲ့ကြသည်သာ အမေ့ရဲ့ နိုချိုရည်ဟာ ချိုသလား…ခါးသလား…ဆိမ့်သလားဆိုတာရယ်မသိဘဲ မိခင်တိုက်ကျွေးလို့သာ သောက်စို့ခဲ့ကြရပါတယ်…။

လသားအရွယ်မှစလို့ တီတီတာတာနဲ့ တစ်ခွန်းစနှစ်ခွန်းစဆိုသလို စကားပြောတတ်လာပြီဆိုရင်တော့ မိခင်ရဲ့နို့ရည်ဟာ ချိုမြိန်လာပြီဆိုတဲ့အရသာကို ကျွန်မတို့တွေ သိခဲ့ကြပါတယ် ဒီအချိန်မှာ ကောင်းမှန်းသိတယ်ဆိုတဲ့အရသာကို ကျွန်မတို့သိခဲ့ကြလို့သာပေါ့ …။

ဒီလိုနဲ့ လူ့ဘ၀ရဲ့တာဝန်ဝတ္တရားတွေ ဖြစ်လာတော့မယ့် အသိပညာတွေ၊ အတတ်ပညာတွေပေးမယ့် မူကြိုဆိုတဲ့စာသင်ကျောင်းလေးကို စတင်ခဲ့ကြပါပြီ အမေ၀ါးကျွေးတဲ့ ထမင်းလုတ်ကို မြိန်ရှက်စွာ စားသုံးခဲ့သူက ကျွန်မတို့ပေါ့ အသားလေးများစားရင် အရိုးလေးတွေ ဆူးမှာစိုးရိမ်ကြတဲ့ အမေက နွှင်ကျွေးခဲ့ဘူးသူ တဖြည်းဖြည်းနဲ့ဆိုသလို ကျွန်မတို့အရွယ်ရောက်လာချိန်မှာတော့ အတန်းဖော်အတန်းဖက် သူငယ်ချင်းအဖော်တွေရယ်ဆိုတာ ရှိလာခဲ့ကြပါပြီ….။

လူ့ဘ၀ရဲ့ ပထမဆုံးခြေလှမ်းကို စတင်နေကြရပါပြီ ငယ်ငယ်က ကျွန်မတို့တို့ကို ထမင်းဝါးကျွေးခဲ့တဲ့ အမေက အရွယ်ရောက်လာတော့ အပေါင်းအသင်းမှားလိမ့်မယ်၊ ကြည့်ပေါင်းဟဲ့ဆိုပြီး တတွတ်တွတ်နဲ့ပေါ့၊ ဘယ်သူနဲ့ကစားရင် မကြိုက်ဘူး၊ ဘယ်သူနဲ့မသွားရဘူး၊ ဘယ်သူနဲ့တော့ လည်ရင်မကြိုက်ဘူးပေါ့…. အဲဒီတုန်းကတော့ ကျွန်မတို့တွေက လူမှန်းသိတတ်တယ်ဆိုရုံလောက်အရွယ်တွေမို့ အမေပြောသမျှစကားကို တသွေမတိမ်း လိုက်နာခဲ့ကြပါတယ်…။

နှစ်ပေါင်းတွေကြာလာတာနဲ့အမျှ တက္ကသိုလ်ဆိုတဲ့နယ်မြေကို အခြေချလို့လာခဲ့ပြန်ပါပြီ အသိအမြင်လေးတွေ ပွင့်လန်းလာခဲ့သလို ဗဟုသုတလေးတွေလည်း အတော်အသင့်လောက်တော့ ပြည့်ဝခဲ့ကြပြီပေါ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဆိုသလို ခင်တွယ်စရာတွေ ပိုလာခဲ့ကြပါတယ် ကျောင်းကြီးကနေတဆင့် ကျွန်မတို့လုပ်ငန်းခွင်ကို ရောက်ရှိလာချိန်မှာတော့ ကျွန်မတို့ တတ်ကျွမ်းရာ အတတ်ပညာတွေနဲ့ ဘ၀ကို ရုန်းကန်လှုပ်ရှားခဲ့ကြပါတယ် ဒီလိုနဲ့ ရုန်းကန်ရှာဖွေရင်းကြားမှသည် အခက်အခဲတွေ၊ စိတ်ဖိစီးမှုဒဏ်တွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကြားထဲမှာ အနေကျုံ့လာခဲ့ကြပါပြီ ဒီအချိန်မှာ ကျွန်မတို့အားလုံးရဲ့စိတ်တွေဟာ မထင်မှတ်လောက်အောင်ကို ပြောင်းလဲမှုတွေကြားက
ပြောင်းလဲခြင်းတရားတွေ ဖြစ်ခဲ့ရပါပြီ….။

ကျွန်မတို့အားလုံးဟာ လုပ်ငန်းခွင်စတင်ဝင်ချိန်မှာတော့ အတွေ့အကြုံ လိုချင်မှုတွေ၊ ၀ါသနာတွေ၊ ကိုယ်တတ်ထားတဲ့ အတတ်ပညာတွေကြောင့်ရယ်၊ လုပ်အားခအများအပြားလိုချင်မှုတွေရယ် စသဖြင့်ပေါ့ အတွေးကိုယ်စီ ရည်ရွယ်ချက်ကိုယ်စီတွေနဲ့ ဘ၀လမ်းတွေကို ကိုယ်စီကိုယ်စီ လျှောက်လှမ်းလာခဲ့ကြပါတယ် လျှောက်လာရင်းနဲ့ပဲ လမ်းတစ်ဝက်မှာ ပင်ပန်းနွမ်းနယ်မှုတွေဖြစ်လာတဲ့အခါမှာ ကျွန်မတို့အားလုံးဟာ စိတ်ရဲ့ထွက်ပေါက်တစ်ခုကို ရှာဖွေဖို့ကြိုးစားမိကြပါတော့တယ်….

ဤအချိန်မှာ ကြောက်စရာအကောင်းဆုံးဖြစ်တဲ့ ကျွန်မတို့လူသားတွေရဲ့ စိတ်ကတော့ ငါဟာ ကောင်းတဲ့ထွက်ပေါက်ကို ရှာမလား၊ ဒါမှမဟုတ် မကောင်းတဲ့စိတ်ဖြေရာထွက်ပေါက်ကိုရှာမလားပေါ့….။

အဲဒီမှာ ကျွန်မကတော့ ဘ၀မှာဖြတ်ကျော်ခဲ့တဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ အရာအားလုံးမှန်သမျှကို ကောင်းသောစိတ်ဖြေရာ ရှာဖွေခြင်းနဲ့သာ အစပြုခဲ့ပါတော့တယ် အဲ့ဒီအရာတွေမှန်သမျှကို စာသားတွေ၊ စကားလုံးတွေအဖြစ် ပြောင်းလဲဖန်တီးယူခဲ့ပါတယ် အချိန်တွေကြာလာတာနဲ့အမျှ စာသားလေးတွေကတဆင့် ကဗျာရယ်ဆိုတာဖြစ်လာခဲ့ရပါတော့တယ်

ကျွန်မ လူမှန်းသိတတ်စအရွယ်တည်းက ကဗျာဆိုတာ ဘာမှန်းမသိခဲ့ပါဘူး ငယ်စဉ်ကျောင်းသူဘ၀အစတည်းက အခြားသူငါတွေ ကဗျာတွေများ ပေးဖတ်ခဲ့ရင်ဖြင့် ဆုံးခန်းတိုင်အောင်ထိ ဖတ်လေ့မရှိခဲ့ပါဘူး ကျွန်မသိခဲ့တာတစ်ခုတော့ရှိခဲ့ပါတယ် ကဗျာဆိုတာ ကာရံတွေ၊ နဘေတွေ၊ အစီအရီတပုံတပင်နဲ့လို့ပါ ဒါပေမယ့်လည်း ကျွန်မစပ်ဆိုသီကုံးသမျှကဗျာတွေထဲမှာတော့ တစ်ခုဆိုတစ်ခုမှ ဆီလျော်ခြင်းမရှိခဲ့တာ ကျွန်မကိုယ်တိုင်အသိပါ ကျွန်မကိုယ်ကျွန်မ ဆန်းစစ်ကြည့်မိခဲ့တယ် ငါက ကဗျာဆရာမတစ်ယောက်လား….၊ ဒါမှမဟုတ် စာရေးဆရာမလား…၊ ဒီလိုလည်း မဟုတ်သေးပါလို့ ခံစားမိပြန်ပါတယ်…။

အချိန်တွေကြာလာတာနဲ့အမျှ ကျွန်မရဲ့စိတ်တွေကို ဆန်းစစ်မိသွားတယ် တကယ်တော့ ကျွန်မရဲ့မသိစိတ်တွေထဲမှာ အနုပညာပိုးတစ်ခုတော့ ၀င်နေမိပြီဆိုတာပါပဲ ….။

အနုပညာဆိုတာ တကယ်တော့ ပြောသလောက်မလွယ်ကူပါဘူး ခံစားမှု၊ အတွေ့အကြုံ၊ နှလုံးသား စတာတွေနဲ့ ရင်းနှီးပေါင်းစပ်ပြီးမှ ရရှိခဲ့ကြတဲ့အရာလေးတစ်ခုရယ်ပါ လက်ရှိအချိန်မှာ ငယ်ဘ၀က ကဗျာတွေ ဘာလို့မဖတ်ခဲ့ရတာပါလိမ့်ဆိုတဲ့ အတွေးမျိုးလေးတစ်ခု ကျွန်မစိတ်ထဲမှာ တွေးတတ်လာခဲ့မိတယ် ကဗျာတစ်ပုဒ်ဖြစ်လာဖို့အရေး စာရေးသူတွေမှာ တော်တော်လေးကို ရေးကြရမှာဘဲ ဆိုတဲ့ ခံစားချက်တွေ ထပ်တူကျလာတယ် ငယ်ဘ၀ကတော့ ကြီးလာရင် ဘာဖြစ်ချင်တယ်ပေါ့ အရွယ်ရောက်လာပြန်တော့ ရည်ရွယ်ချက်တွေက ပြောင်းလဲသွားပြန်ပါတယ် တဖြည်းဖြည်းနဲ့ဆိုသလို အရွယ်တွေ အိုမင်းရင့်ရော်လာတာနဲ့အမျှ ကျွန်မတို့ရဲ့ စိတ်တွေကို ပိုင်ပိုင်နိုင်နိုင် ပုံဖော်စိတ်ကူးလာတတ်ကြသည်သာ…. ခုလို မျက်မှောက်ခေတ်ဆိုတဲ့ Globallizationဆိုတဲ့ ခေတ်ကြီးထဲမှာ အရာအားလုံးဟာ ပွင့်လန်းနေကြသည်သာ ယနေ့ ဒီလိုအချိန်မှာ အမေက တားပေမယ့်လည်း ကျွန်မတို့ရဲ့ ရင်တွင်းစိတ်ထားလေးတွေအတိုင်း လုပ်တတ်ခဲ့ကြသည်သာ ပတ်ဝန်းကျင်ဆိုတဲ့ အသိုင်းအ၀ိုင်းကလည်း မေ့ငေါ့ငေါ့ထိုးကြပေမယ့် ကျွန်မတို့ယုံကြည်ရာ ကျွန်မတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ကြသည်သာမဟုတ်ပါလား ကျွန်မတို့လူသားတွေရဲ့စိတ်တွေမှာ ဘ၀ကပေးတဲ့မွန်းကျပ်မှုများရှိနေချိန်မှာတော့ တချို့ကတော့ စာအုတ်ဖတ်မယ်၊ တချို့ကတော့ သီချင်းနားဆင်ကြမယ် စသဖြင့်ပေါ့… အဲဒီအထဲမှာ ကျွန်မတို့ရဲ့ အနုပညာဆိုတဲ့အရာလေးက ထိပ်ဆုံးက ပါဝင်နေပြီးသာပါ…။

ဒါကြောင့် အနုပညာဆိုတာဟာ လူသားတွေအတွက် နွေးထွေးစေတယ်၊ ဘ၀ကပေးတဲ့ အမောတွေ၊ စိတ်အမောတွေ၊ သောကတွေကို ဖြေဖျောက်ပေးစေနိုင်ပါတယ်…။

ဒါကြောင့် ကျွန်မကလည်း လောကသစ်ကို အလှဆင်ဖို့အတွက် အမေက မွေးထုတ်ပေးခဲ့တဲ့ မျိုးဆက်သစ်လေးတစ်ဦးဖြစ်လာခဲ့ပြန်ပြီပေါ့ရှင်…..ဒါပေမယ့် ကျွန်မကို

“ငါကဗျာဆရာမ...ဟုတ်သလားလို့….မေးခဲ့ရင်တော့”

“ငါကဗျာဆရာမ ….မဟုတ်ပါဘူး…ဒါပေမယ့် အနုပညာကိုချစ်တယ်”ဆိုတဲ့ အကြောင်းလေးကို တစေ့တစောင်းလေး ရေးသားတင်ပြလိုက်ရပါတယ်ရှင်…။

စာဖတ်သူပရိသတ်များလည်း မိမိကိုယ်ကို မိမိရဲ့နှလုံးသားထဲမှာ ငါဘာဖြစ်ချင်လဲ ဘာဖြစ်နေတာလဲဆိုတာလေးတွေ၊ မသိစိတ်နဲ့၊ သိစိတ်တွေရဲ့ ဒွန်တွဲနေတဲ့အရာလေးတွေကို ခွဲခြားသိရှိနိုင်ပြီး မိမိတို့မြတ်နိုးနှစ်သက်တဲ့အရာတွေကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိသလို ဘ၀နဲ့အလှကိုလည်း ခွဲခြားတတ်ပါစေလို့ ဒီဆောင်းပါးလေးရေးသားရင်းနဲ့ ဆန္ဒပြု ပြောကြားခဲ့ချင်ပါတယ်ရှင်…။


“ကြိုးစားပါအုံးမည်”
နေခြည်သစ်နွယ်(ပြည်)

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>