Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သို့ ဖေဖေ……………………..

$
0
0

                             မှတ်မိနေပါသေးသည် ဖေဖေ ပြောခဲ့ဖူးတဲ့ စကားလေး တစ်ခွန်းလေ။ နားထဲမှာ ဒီအချိန်ရောက်တိုင်း ကြားနေဆဲပါ။ ကလေး မဟုတ်တော့လို့ ခုအတွေးလေးက တခြားလူးတွေအတွက် ရယ်စရာလေးတော့ ဖြစ်နေမှာပါ။ ဒါပေမယ့်ရှင် သင်ဇာ့အတွက်ကတော့ အားဆေးပါ။ ဒီအချိန်ဆိုတာကတော့ အခြားအချိန် ဟုတ်ပါဘူး။ နေမကောင်းဖြစ်လို့ ဆေးခန်းကို သင်ဇာသွားရတဲ့ အခါတိုင်း ကြုံတွေ့ရတဲ့ အကြောင်းလေးကတော့ ဆေးထိုးရမှာ ကြောက်တဲ့ သင်ဇာ့အတွက် သင်ဇာ့ရှေ့မှာ ကလေးလေးတွေ ဆေးထိုးတာကြုံရမှာကိုပေါ့။ ဘာလို့လဲ သိလား။ သူတို့ကိုဆေးထိုးလိုက်လို့နာလို့အော်ပြီးငိုလိုက်ရင်ပဲ သတ္တိခဲ မိသင်ဇာကတော့ တုန်နေပါပြီ။ ဘာလို့မှန်းတော့ မသိပါဘူး။ကြောက်ကိုကြောက်တာပါ။ အဲလိုဆိုရင် ဖေဖေပြောတဲ့ "ဖေဖေ့သမီးက သတ္တိကောင်းပါတယ်တဲ့" ဒီစကားလေးက ငယ်ငယ်တုန်းကဆေးခန်းကို ဖေဖေနဲ့သွားတုန်းက အမှတ်မထင် ဖေဖေပြောခဲ့တဲ့ စကားလေးတစ်ခွန်းပါ။ အရင်တုန်းကတော့ ဖေဖေပြောတဲ့ ဒီစကားလေးကို ဆေးခန်းသွားမှ ကြားယောင်နေခဲ့တာပါ။                              

                              ဒါပေမယ့် ဖေဖေ့သမီး ခုချိန်ခါမှာတော့ စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါတိုင်း နားထဲမှာ အလိုလိုကြားယောင်နေတဲ့ စကားလေး ဖြစ်နေပါပြီ။ ကျောင်းမှာ၊ အပြင်လောကမှာ အခက်အခဲတွေ ကြုံလာတဲ့အခါ အိမ်နဲ့ဝေးနေတဲ့ သမီးအတွက်တော့ ဒီိစကားလေးက အားဆေးပါပဲ။ ဘာပဲကြုံကြုံ "ဟုတ်ပါတယ် သင်ဇာသတ္တိကောင်းပါတယ်" ဆိုတဲ့အတွေးနဲ့ အရာအားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဖေဖေသိပါတယ်နော် လူတွေအားလုံးက ၀ိုင်းပြီး အပြစ်ဖို့ကြရင် သင်ဇာ ဘယ်တုန်းကမှ ပြန်လည်ချေပမပြောတတ်တာကိုလေ။ ဘာလို့လဲတော့ မသိပါဘူး အရာအားလုံးကို လက်မြှောက် အရှုံးပေးချင်လာချင်တဲ့အခါ၊ ဘယ်သူမှသင်ဇာ့ဘက်ကမရှိတော့တဲ့အခါ အလိုလိုကြားယောင်လာနေတဲ့ ဒီစကားလုံးတွေ နားထဲမှာ ရိုက်ခတ်သွားရင်တော့ ဘယ်လောက်ပဲ အရှုံးပေးချင်ပါစေ၊ ထွက်ပေါက်မရှိတဲ့ နောက်ဆုံးနေရာကို ရောက်နေပါစေ။ မျက်ရည်တွေဝိုင်းနေရင်လဲ မျက်ရည်တွေကြားကပဲပြန်ပြီး စိတ်တင်းနိုင်ပါတယ်။

                              သင်ဇာမျက်ရည်ကျတာ မျက်ရည်လွယ်တဲ့ မိန်းကလေးတစ်ယောက်၊ စိတ်ဓါတ်ကြံ့ခိုင်မှုမရှိတဲ့ ပျော့ညံ့နေသေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတာ၊ ဖေဖေ ဖြစ်စေချင်တဲ့ ထက်မြက်ပြီးထူးချွန်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်မလာသေးတဲ့အတွက် ဒီတစ်ခုတော့ တောင်းပန်ချင်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ဖေဖေမြင်ချင်တဲ့ မိန်းမငယ်လေးတစ်ယောက် မကြာခင်ကာလမှာ ဖြစ်လာတော့မှာပါ။ သင်ဇာ ထင်ပါတယ် အဲလိုဖြစ်လာတဲ့အခါ ဖေဖေမြင်ချင်တဲ့ လုပ်ငန်းခွင်ဝတ်စုံလေးကို ၀တ်လို့ "ဖေဖေ့သမီးလေးကျက်သရေရှိလိုက်တာ" လို့တွေးရင်း ပြုံးနေမယ့်ဖေဖေကို မြင်ယောင်ရင်း…………………………………………………………


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>