ပန်ဒိုရာရဲ့သေတ္တာပွင့်ဟသွားချိန်မှာ
ဘေးဒုက္ခကပ်ဆိုးတွေ ၊သောကတွေ အပြင်ကိုလွင့်ထွက်ခဲ့တယ်......
ပန်ဒိုရာရဲ့သေတ္တာထဲမှာ ကြွင်းကျန်နေတဲ့ အရာက မျှော်လင့်ခြင်းတဲ့....
ငါ့နှလုံးသား ပွင့်ဟသွားချိန်မှာ
အလွမ်းတွေ ၊ ခါးသီးတဲ့ ဝေဒနာတွေ ငါ့ကိုယ်ခန္ဓာကိုဝန်းရံလို့ ....
ငါ့နှလုံးသား မှာကြွင်းကျန်ရစ်တဲ့ အရာက တော့ မျှော်လင့်ခြင်းပါ........
ဟုတ်တယ်ချစ်သူ ။ ။
ငါ့ဆီမှာ မျှော်လင့်ခြင်းတစုံကိုသာ အသည်းအသန်နဲ့ ပွေ့ဖက်ထားခွင့်ရှိခဲ့တာပါ။
မင်းကို တမ်းတနေမိတဲ့ စက္ကန့် အချိန်တိုင်းမှာ
ခါးသီးတဲ့လွမ်းမောခြင်းဆိုတဲ့ ဝေဒနာ ကို ၀ိုင်ချိုတခွက်လို တရှိုက်မတ်မတ်
ငါယစ်မူးစွာ သောက်သုံးလို့ပေါ့........
ပျက်နေတဲ့နာရီ က တနေ့ကို အချိန်မှန် နှစ်ခါပဲပြတယ်တဲ့...
သူ့ရဲ့လက်တံ က တနေရာထဲကို ပဲ အချိန်ပြည့်ထိုးပြနေလို့ပေါ့ .......
ချစ်သူ ...
ငါ့နှလုံးသားကလဲ အချိန်ပြည့် မင်းကိုပဲညွှန်ပြနေတယ် ...
တခြားသော မိန်းကလေး အတွက်တော့ ငါ့နှလုံးသားက အိုမင်းရင့်ရော်ပျက်ယွင်းနေပြီ...
သီချင်းတပုဒ်ကြားဖူးတယ် ..
အချစ်ဆိုတာ ကြင်နာနူးညံ့ခြင်းဆိုတဲ့ ကျူရိုးလေးတွေကိုနစ်မြှပ်စေမယ့်
မြစ်တဆင်းတဲ့....
အချစ်ဆိုတာ နှလုံးသားကို ထိရှစေမယ့် သင်တုန်းဓါးတချောင်းတဲ့...
ငါအတွက်တော့ အချစ်ဆိုတာ နှင်းဆီတပွင့်ပါတဲ့..........
ဟုတ်တယ် ကောင်မလေး.........
ငါ့အတွက်တော့ ခံစားချက်ခြင်းထပ်တူကျတဲ့သံစဉ်တခုပေါ့....
ငါ့ကိုဘယ်လောက်ပဲ ထိရှနာကျဉ်နေပါစေ။
ငါ့အတွက်တော့ အချစ်ဆိုတာ
လေပြေတချက်နဲ့ သံစဉ်တချို့ကြားက
နှင်းဆီ တပွင့်ရဲ့ စည်းချက်အလှတရားလိုပဲ....
ငြင်သာစွာရိုက်ခတ်တဲ့ အချစ်ငှက်ရဲ့တောင်ပံခတ်သံကို
မင်းကြားနိုင်ပါစေချစ်သူ.........။။။။။။။။။။။
+**!♣★♫♥(ပြည့်စုံ(နတ်ဆိုးလေး)) ♣★♫♥