Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လမ်းဖြောင့်ဖြောင့်

$
0
0

မေတ္တတရားကိုပဲ အားကိုးအားကို ကံကိုပဲအားကိုးကိုး..အချစ်စစ်တွေ လမ်းဖြောင့်ဖြောင့်လာဖို့ဆိုတာ မလွယ်ပါဘူးချစ်သူ…………နင်တစ်ခါတလေပြောတယ်လေ.”ငါလောကကြီးကို အရမ်းစိတ်ကုန်တာပဲဟာ”တဲ့…နင်စိတ်ကုန်လို့ မဖြစ်ဘူး..ငါတို့ ကိုယ်ပိုင်ဘ၀တစ်ခုတည်ထောင်ဖို့အတွက်.ငါလုံးဝ လုပ်ဖို့ မတတ်နိုင်တဲ့ ဘ၀ တစ်ခြမ်းကို နင်တာဝန်ယူတည်ဆောင်ရမှာလေ..ငါတို့ ပြိုင်တူလျှောက်ကြမယ်..
ငါ နင့်ကိုဆွဲမခေါ်ရက်ဘူး ..အားလည်းအားနာတယ် ..သနားလည်းသနားတယ်…
ငါနင့်ကို ခွန်အားတွေပဲပေးချင်တယ် ချစ်သူရယ်.. သာယာချမ်းမြေ့တဲ့မိသားစု ဘ၀ကလေးတစ်ခုထူထောင်နိုင်ဖို့အတွက် ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရဦးမယ် မသိသေးဘူး…….အားတင်းထားပါချစ်သူ….နင်ပြိုလဲလို့မဖြစ်ဘူး ..နင်ပြိုလဲရင် အဲဒီနေရာမှာတင် ငါပျောက်ကွယ်သွားလိမ့်မယ်.လက်တွေခိုင်မြဲနေရုံနဲ့ ဘ၀တွေ မခိုင်မြဲဘူး..အနည်းဆုံးအချိန်တွေထဲက ရက်တွေ လတွေနဲ့ပဲတည်ဆောက်ကြရမှာ..
ရွေးချယ်စရာ လမ်းအနည်းငယ်ထဲမှာ ငါတို့ကျယ်ကျယ်ပြန့်ပြန့်လျှောက်လှမ်းကြရမှာ..
နှလုံးသားရဲ့ အတည်ငြိမ်ဆုံး အခိုင်ခန့်ဆုံး နူးညံ့နွေးထွေးရာ ပန်းတိုင်ကိုရောက်ဖို့ မျက်ရည်တွေ ချွေးတွေ သွေးတွေကိုလည်းစတေးရင် စတေးရလိမ့်ဦးမယ်…အဲဒီလမ်းကြမ်းကို နှလုံးသားနဲ့ လျှောက်ရမှာဆိုတော့ မင်းနှလုံးသားနုနု သွေးခြည်လည်း ဥရင်ဥလိမ့်ဦးမယ်..ငါပြောတာတွေကြားလို့ နင်စိတ်
ဓါတ်ကျသွားပြီလား..ရင်လောက်မှန်းမှ ဒူလောက်ကျတာလေ..ငါပြောသလိုဖြစ်ချင်မှလည်းဖြစ်ပါလိမ့်မယ်…တစ်ကယ်လို့ ဖြစ်လာခဲ့ရင်ကော… ငါထပ်ပြောမယ်ဟာ.. နင်ပြိုလဲလို့ လုံးဝမဖြစ်ဘူး..အမှန်တစ်ကယ်ဆိုရင် အခုအချိန်မှာ စိတ်ညစ်စရာ စကားတွေ မပြောသင့်ပါဘူး..ငါလည်း နင့်ကို ဘယ်လောက်ထိချစ်တဲ့ အကြောင်းအမြဲတမ်းပြောနေချင်ပါတယ်……ဟုတ်တယ် ငါ့စိတ်ကူးထဲက နင့်ရဲ့ ချစ်စရာ အပြုအမှုလေးတွေအကြောင်း နင့်ရဲ့ ချစ်စရာစကားလုံးလေးတွေအကြောင်း ပြောပြချင်ပါတယ်….ငါပျော်ပျော်ရွှင်ရွှင် လန်းလန်းဆန်းဆန်း နိုးထမယ့် အာရုံဦး အိမ်မက်တိုင်းမှာ နင်အမြဲရှိတယ်..အဲဒီလို မနက်မျိုးဆိုရင် မျက်ဝန်းထဲက နင့်ပုံရိပ်တွေ ပျောက်ပျက်သွားမှာစိုးလို့ မျက်နှာသစ်ပစ်ရမှာတောင် နှမြောမိတယ်..အေးစက်စက်ညတွေမှာ ငါအားကိုးတကြီးဖက်တွယ်ထားမိတဲ့ အိမ်မက်တစ်ခုက နင့်လက်တစ်စုံလို နှလုံးသားကို နွေးထွေးစေတယ်..ဒါတွေလဲ နင်သိခွင့်ရခဲ့တာမှ မဟုတ်တာ…ဘာပဲဖြစ်ဖြစ် ငါတို့ နှစ်ဦးရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ပြီးတော့ အချစ်စစ်တွေ လမ်းဖြောင့်ဖြောင့်လာဖို့အတွုက်တော့ ငါနင့်ကိုပဲ အားကိုးတယ်….ထွက်ပေါက်မရှိအောင် ဆို့နင့်ဝမ်းနည်းတဲ့ အခါ မျက်ရည်နဲ့ ဆေးကြောပြီး အချစ်တွေနဲ့ အစားထိုးဖြေသိမ့်ရမယ်…တစ်ကယ်လို့များ ဆုံဆည်းခွင့်တွေ ဝေးကွာခဲ့ရင် အချိန်တွေကို လိုသလို သုံးစွဲပါ ..ဒါမှလည်း အချိန်တွေက ကုစားပေးနိုင်မှာပေါ့…ရင်ခွင်ထဲမှာမှေးစက်နားခိုနေတဲ့ချစ်သူရဲ့ ပါးပြင်နုနုပေါ် ရင်နံ့ မစင်သေးတဲ့ အနမ်းများ နူးညံ့ညင်သာစွာကြွေဆင်းတဲ့ အခါမှာ
ချစ်သူက ပါးချိုင့်လေးပေါ်အောင်ပြုံးတယ်.အော်..ရင်နဲ့ရင်းပြီးပြောတဲ့ စကားများ
ချစ်သူနှလုံးသားထဲကို တစ်ဝက်တစ်ပျက်ရောက်ရှိရုံနဲ့ တင်ကျေနပ်လှပါပြီ…..
ပန်းရနံ့ပေါင်းမြောက်များစွာ သယ်ဆောင်လာတဲ့လေညှင်းလေးရေ…မင်းမျက်ဝန်းတွေနဲ့ဝေးရာကို ငါထွက်ပြေးလွတ်မြောက်နိုင်မယ် မထင်တော့ပါဘူး…ငါ့ဘ၀တစ်ခုလုံးကို ချစ်သူ အမြဲတမ်းပြုံးပျော်နိုင်ဖို့ရာသာ ရည်ရွယ်ပါတော့တယ်…..


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>