Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရွှေမြို့တော်သို့ ၀န်ခံခြင်း

$
0
0

                         သင်ဇာမြို့တော်လေးကို စရောက်လာတာက အထူးအဆန်းရယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောက်လာပုံလေးက သူများတွေနဲ့တော့ နည်းနည်းကွဲနေမှာပါ။ သင်ဇာလက်ရှိတက်နေတဲ့ ကျောင်းမှာ တစ်နေ့တော့ သူငယ်ချင်းတွေကို အကျိုးပြုတဲ့ website လေးတွေရှာခဲ့ရမယ်တဲ့ရှင်။ အင်း ခက်ပြီကော ခက်ပြီလေ မိသင်ဇာ Qတုန်းလေးက Qတာကလွဲရင် သင်ဇာချစ်တဲ့ပန်းပုံလေးတွေ ရှာတာကလွဲရင် ကျန်တာ ဘာမှမလုပ်တတ်ဘူးလေ။

 

                         ခက်နေပြီ တောင်းတာကလဲ သုံးခုတောင် နောက်တော့ရှင်းလဲပြရအုံးမှာ။  ဘယ်လိုလုပ်ရပါ့ရှင် ဒီတော့ ဘာရမလဲ အကောင့်ထဲက သူငယ်ချင်းတွေကို ဂျီကျတော့မှာပေါ့။ သိတယ်ဟုတ် မိသင်ဇာ အဆိုးမလေးအကြောင်း။ တော်ပါတယ်လေ သင်ဇာ့သူငယ်ချင်းတွေကလဲ ၀ိုင်းပြီးရှာပေးကြတယ။် အဟိပြာနေကြတာပဲ၊ သူတို့ဖြစ်နေတဲ့အတိုင်းကို။ နောက် အသုံးဝင်ပုံလေးတွေလဲ ပြောပြကြတယ။် ဒီထဲမှာမှ အကိုတစ်ယောက်က ဒီwebsiteလေးကို ယူတဲ့ ငါလဲ သေချာတော့ မသိသေးဘူး။ နင်ကလျှောက်ကလိတာ ၀ါသနာပါတော့ အတော်ပဲပေါ့တ။ဲ့ အင်းလေ ဘာဖြစ်လဲ ရရင်ပြီးတာပဲဟာ…………………….

 

                                 ဒီလိုနဲ့ ပုံစံကိုဖြည့်လို့ အမှတ်မထင် သင်ဇာ ရွှေမြို့သူလေး ဖြစ်လာခဲ့ပါတယ်ရှင်။ဒီအချိန်အထိ မြို့တော်လေး အကြောင်းသင်ဇာ ဘာဆိုဘာမှရေရေရာရာ မသိသလို သူငယ်ချင်းလဲ မသိ အသုံးပြုပုံတွေကိုလဲ မသိလေ။ ဒီလိုနေလာရင်းနဲ့ တစ်လလောက်ကြာလို့ မြို့တော်ထဲကို ရောက်ခဲ့တဲ့အခါ မြို့တော်လေးရဲ့စကားဝိုင်းကို အမှတ်မထင် တွေ့လာခဲ့ပါတယ်။ ဒီမှာပဲ သင်ဇာတစ်ယောက် ၀င်ပြီးစကားပြောတာကအစ အဲဒီနေ့မှာ အော် ဒီအထဲမှာလဲ သူငယ်ချင်းတွေ အများကြီးရှိတာကိုး ဆိုတဲ့ အသိလေးဝင်လာခဲ့ပါတယ်။ သူငယ်ချင်းတွေရလာတော့ သူငယ်ချင်းတွေကလဲ သင်ဇာ့အိမ်ကို လာလည်လို့ အိမ်လည်လို့ရမှန်းလဲ သိခဲ့ပြန်ပါတယ်။

 

                           တကယ်ကိုပါ မြေဈေးကောင်းနေတဲ့ဒီအချိန် သင်ဇာတစ်ယောက် ငွေကြေးတွေ တစ်ပါးတစ်ချပ်မှမကုန်ဘဲ မြို့တော်လေးထဲမှာ လှပပြီးခမ်းနားတဲ့ သင်ဇာ့ကိုယ်ပိုင် ချစ်စရာကောင်းတဲ့ အိမ်ကလေးတစ်လုံးကို ပိုင်ဆိုင်နိုင်လာခဲ့ပါလားဆိုတဲ့ အတွေးလေးတစ်ခုဝင်လာခဲ့ပါတော့တယ်။ သင်ဇာ့အိမ်လေးမှာ လွတ်လွတ်လပ်လပ် သင်ဇာ နေချင်သလို၊ အိမ်လေးကို ပြင်ချင်သလို ပြင်ပိုင်ခွင့်ရှိသလို ဆိုးချင်သလိုဆိုး သင်ဇာ့ဖေဖေနဲ့မေမေလဲ မသိနိုင်ဘူးလေ။ အဟဲ လူကြီးတွေမသိအောင် အလွဲသုံးစားလုပ်တာ ကြောက်စရာကောင်းလိုက်တဲ့ သမီးနော။် မွေးရကျိုးနပ်လိုက်တာ။အင်း ရင်လေးစရာ သင်ဇာစိတ်ကြိုက် ကဗျာတွေ စာတွေရေးလို့ မျက်ကွယ်ကိုယ်ပိုင်အိမ်လေးမှာ အလွဲသုံးစားလုပ်နေတာ။ ဒါသင့်ဇာ့ကိုယ်ပိုင်အိမ်ကလေးပါနော်။

                               နောက်ရက် မြို့တော်လေးထဲ ၀င်တော့ သိတယ်ဟုတ် စကားပြောလို့ရတာလဲ သိနေပြီ။အိမ်လဲလည်တတ်နေသလို မြို့တော်ထဲမှာ သင်ဇာ့ သူငယ်ချင်းစာရေးဆရာတွေရဲ့စာတွေလဲ ဖတ်တတ်နေပါပြ။ီ အဲလိုပဲ ၀င်ပြီးလျှာရှည်တတ်သေးတယ။် ဒီလိုနဲ့ သင်ဇာ့သူငယ်ချင်းတွေကိုလဲ မြို့တော်ထဲကို ဖိတ်ခေါ်တတ်ခဲ့ပါပြီ။ သင်ဇာပျော်နေပါပြီ။ စာတွေလဲဝိုင်းဖတ်ရုံမကလို့ လက်ကလဲ ကလိတတ်နေပါပြီ။ သင်ဇာ့အိမ်လေးမှာလေ ကြွားရအုံးမယ် သူငယ်ချင်းတွေ အလည်လာတဲ့ပုံလေးတွေကို ရင်ထဲကစကားလေးတွေနဲ့အတူ တွေ့ရမှာပါ။ လက်ဆောင်လှလှလေးတွေကလဲ အများအားကျစရာ ပြည့်လို့ပေါ့။

 

 

                                    နောက် အသင်းအဖွဲ့တွေလဲ အများကြီး ရှင့်။ သင်ဇာ့စိတ်ကြိုက် အဖွဲ့တွေကိုဝင်ခဲ့ပြီ။  သင်ဇာ သဘောအကျဆုံး မြို့တော်လေးရဲ့ ပရဟိတအသင်းကိုဝင်ရောက်ပြီးမကြာခင်မှာပဲ  တစ်ခါမှမမြင်ဖူးတဲ့ သူငယ်ချင်းတွေနဲ့အတူ ကြည်နူးစရာ  မြို့သူမြိ့သားတွေရဲ့ စုပေါင်းဒါနအဖြစ်နဲ့   သွားရောက်လှူဒါန်ြး ဖစ်ခဲ့ကြသေးတယ်။ သူငယ်ချင်းတို့လဲ နောက်များအခါအခွင့်သင့်ရင် ဒီလိုမျိုးလိုက်ပါလို့ ကြည်နူးမှုတွေကို မျှဝေပိုင်ဆိုင်နိုင်ပါစေရှင်။

 

                       ဒါပေမယ့်လေ လှပနေတဲ့ သင်ဇာ့အိမ်လေးမှာ ဘယ်လောက်ပဲပျော်နေပျော်နေ ကျောင်းပြီးရင် အိမ်ပြန်ရတော့မှာမို့ သင်ဇာ့ကိုယ်ပိုင် သင်ဇာ့အိမ်လှလှလေးကို ခွဲရတော့မှာ သင်ဇာကြောက်လာပါပြီ။ စာတွေရေးရင်း စာတွေဖတ်လို့ အိမ်တွေလျှောက်လည်ရင်း စကားပြောခဲ့ရာ စကားဝိုင်းလေးကို လွမ်းနေရမှာ ဖြစ်သလို သင်ဇာ့သူငယ်ချင်းတွေကကော သင်ဇာမရှိတဲ့အခါ ခုလိုမျိုးလာလည်ကြအုံးမှာတဲ့လား။ ခုလိုကောခ င်မင်နိုင်ကြပါအုံးမလားရှင်။  တစ်ခုတော့ဝန်ခံလိုက်ပါရစေနော် သင်ဇာလေ အေးချမ်းပြီးနွေးထွေးမှုရှိတဲ့ သင်ဇာ့မြို့တော်လေးကို အမှတ်မထင် ၀င်ရောက်လာခဲ့ပေမယ့် သိပ်ချစ်ပါတယ်။ သင်ဇာ့အတွက် သူငယ်ချင်းကောင်းတွေ မောင်နှမတွေ ရှာဖွေပေးခဲ့တဲ့ ဒီနေရာလေးကို သင်ဇာမခွဲချင်ပါဘူး။ သင်ဇာ သိပ်ချစ်သလို သင်ဇာ့သူငယ်ချင်းတွေလဲ သိပ်ချစ်ကြမယ်လို့ ယုံကြည်ပါတယ်။

 

                            နောက်ဆုံးတော့လဲ လှပတဲ့သင်ဇာ့စိတ်ကြိုက်ဖန်တီးထားတဲ့ သင်ဇာ့အိမ်လေးနဲ့ မောင်နှမသူငယ်ချင်းတွေရှိရာ သင်ဇာတို့မြို့တော်လေးကို ဝေးဝေးကနေလွမ်းလို့တမ်းတနေရတော့မှာပါရှင်။ ဘာပဲဖြစ်ဖြစ် ပျော်ရာမှာ မနေ တော်ရာမှာနေ မဟုတ်လား။ ဘ၀ဆိုတာဖြစ်ချင်ဖြစ်တတ်တဲ့ အရာမှ မဟုတ်တာလေ………………….အတွေးတွေသာ လက်တွေ့ အကောင်အထည်ပေါ်လာမယ်ဆိုရင်တော့ဖြင့်………………………………………………….


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>